လာမည့်ဘဏ္ဍာနှစ် ဘတ်ဂျက်မှ ကျပ်ဘီလီယံ ၆၀၀ ကျော် ဖြတ်တောက်ရန် လွှတ်တော် ပြင်ဆင်
အစိုးရသစ်၏ ပ ထမဆုံးနှစ်ဖြစ်သော လာမည့်ဘ ဏ္ဍာနှစ်တွင် မလိုအပ်သောစီမံ ကိန်းများ ရွှေ့ဆိုင်းနိုင်ရန် ပြည် ထောင်စု အစိုးရက တင်ပြထား သည့် အသုံးစရိတ်များထဲမှ ကျပ် ဘီလီယံ၆၀၀ကျော် ဖြတ်တောက်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ကြောင်း ပြည်ထောင်စုဥပဒေကြမ်း ပူးပေါင်းကော်မတီတွဲဖက်အတွင်းရေးမှူးဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။
၂၀၁၆-၁၇ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့အတွင်း မှ ၀န်ကြီးဌာနများ၊ ဗဟိုအဖွဲ့အ စည်းများက သုံးစွဲရန်တောင်းခံ ထားသည့် အသုံးစရိတ်သည် ကျပ် ငွေဘီလီယံပေါင်း၂၁,၀၀၀ ကျော်ရှိသည်။ ကျပ်ငွေ ၃၇ ဘီလီယံသာဖြတ်တောက်ရန် လျာထားခဲ့သော်လည်း အဆ ၂၀ ခန့်တိုးမြှင့်ကာ ကျပ် ၆၂၉ ဘီလီယံ(ကျပ်သန်းပေါင်း ၆၂၉,၀၀၀ကျော်)ဖြတ်တောက်ရန်ဇန်န၀ါရီ ၁၃ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခြင်းဖြစ်သည်။
ကျပ် ၆၂၉ ဘီလီယံ ဖြတ်တောက်ခြင်းသည် နည်းပါးနေသေးပြီး ပိုမိုဖြတ်တောက်ရန် လိုအပ်ကြောင်းနှင့် ထိုသို့ဖြတ်တောက် ခြင်းသည် အကျိုးအမြတ်မရှိသည့် စီမံကိန်းများ ဆက်မလုပ်ဘဲ ရပ်တန့်သွားအောင်လုပ်ဆောင်ခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမြတ်ဉာဏစိုးကဆက်လက်ပြောကြားသည်။
သို့သော် ဘတ်ဂျက်ဖြတ် တောက်ရာတွင် ပညာရေးနှင့် ကျန်းမာရေးကဲ့သို့ ကဏ္ဍများ ထိ ခိုက်နစ်နာမှု မရှိစေရန် ဆင်ခြင် စဉ်းစားပြီးမှ ဖြတ်တောက်ခြင်း ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးဌာန များက ရငွေကျပ် ၈ဒသမ ၇ထရီ လီယံ(ကျပ်ဘီလီယံပေါင်း ၈,၇၀၀ ကျော်)ရှိရာတွင် ၁၂ဒသမ၄ထရီ လီယံခန့်ပြန်သုံးစွဲကြောင်း၊ နိုင်ငံ တော်ပိုင်စီးပွားရေးအဖွဲ့အစည်း များသည်လည်း ၀င်ငွေကျပ် ခုနစ်ထရီလီယံခန့်ရှိပြီး ရရှိငွေထက် ပိုမို ရင်းနှီးမြှုပ်နှံမှုကများနေသည်။
နေပြည်တော် ကောင်စီ သည် ၀င်ငွေကျပ် ၈ဒသမ၅သန်း ရှိရာ သုံးငွေကျပ်သန်း၁၀,၀၀၀ကျော်(၁၁,၅၉၆ ဒသမ၇၄)ရှိနေ ခြင်းတို့မှာ ဘတ်ဂျက်လိုငွေများ ကို ဆိုးရွားစွာဖြစ်ပေါ်စေသည်ဟု ဒေါက်တာမြတ်ဉာဏစိုးက ဆက် လက်ပြောသည်။
အစိုးရက တောင်းခံထား သည့် သုံးငွေများထဲမှ ဖြတ် တောက်ရန် ပမာဏ တင်ပြထား သောကြောင့် ၀န်ကြီးများက ပြည်ထောင်စု လွှတ်တော်သို့ လာရောက်၍ ၎င်းတို့ တင်ပြထားသည့် ငွေကြေးပမာဏနှင့်လုပ်ဆောင်မည့် လုပ်ငန်းများ ရှင်းလင်းတင်ပြရမည်ဖြစ်ကာ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်မည်ဖြစ်သည်။
No comments