စန္ဒီမြင့်လွင်၏ ပထမဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲ ဖေဖော်ဝါရီတွင် ပြုလုပ်မည်

ဓာတ်ပုံ-စိုင်းဇော်
အမျိုးသမီးဟစ်ဟော့ပ် အဆိုရှင်တစ်ဦးအနေဖြင့် ပရိ သတ်အသိအမှတ်ပြုမှုရရှိထား သော စန္ဒီမြင့်လွင်၏ ပထမအကြိမ် တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ဖေဖော်ဝါရီနောက်ဆုံးပတ်၌ ပြုလုပ်မည်ဟု သိရသည်။
‘‘ဖေဖော်ဝါရီ ၂၇ ရက် မျှော် စင်ကျွန်းမှာလုပ်မှာပါ။ ပထမဆုံး One Lady Show ဆိုတော့ ရင်ခုန်ပါတယ်’’ဟု စန္ဒီမြင့်လွင်က ပြော သည်။
ဖျော်ဖြေပွဲတွင် သီချင်းအပုဒ် ၃၀ ခန့်သီဆိုရန် ပြင်ဆင်ထားပြီး အကောင်းဆုံးဖြစ်အောင် စီစဉ်မည်ဟု ဆိုသည်။
‘‘ဒီးဒီဟိုးအရင်ကတည်းက Underground မှာ ပေါက်ခဲ့တဲ့ ဟာတွေရော၊    ငါ့သမီးလေးတော် လိုက်တာကစလို့ Queen အထိ ဆိုခဲ့သမျှ သီချင်းတွေအကုန်လုံးထဲ က ဆိုသွားမှာပါ’’ဟု စန္ဒီမြင့်လွင် က ပြောသည်။
ယင်းဖျော်ဖြေပွဲတွင် Fea-turing အနေဖြင့် အောင်ကိုလတ်၊ ရန်ရန်ချင်း၊ ဟဲလေး၊ ဂျေမီ၊ အား တီ၊ ကျော်ထွဋ်ဆွေ၊ Snare ၊ ဖြူဖြူကျော်သိန်း၊ သီရိဆွေ၊ အိမ့် ချစ်၊ ဂျဲန်နီ၊ Bobby Soxer တို့ ပါ ၀င်သီဆိုသွားမည်ဟု သိရသည်။
တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကို ဟစ်ဟော့ပ်ခေါင်းစဉ်အောက် က ပြုလုပ်မည်ဖြစ်ပြီး ရက်ပ် သီချင်းများအများဆုံးသီဆိုပေး မည်ဟု ၎င်းက ဆိုသည်။
ဒီဇင်ဘာက ထွက်ရှိထားသော စတုတ္ထတစ်ကိုယ်တော်အ ခွေ Queen မှ ပရိသတ်အပြော များနေသည့်   နှိုက်မှာပဲ   သီချင်းနှင့် ပတ်သက်၍ စန္ဒီမြင့်လွင်က ‘‘ပရိသတ်ကြိုက်တယ်ဆိုတဲ့အတွက် ၀မ်းသာပါတယ်။ ဒီးဒီတို့က ဘယ်သူ့ဘယ်သူကိုမှ ရည် ရွယ်ပြီး တစ်ဦးတစ်ယောက်ချင်းစီ ကို ရည်ရွယ်ပြီးဆိုတဲ့ သီချင်းမ ဟုတ်ပါဘူး။ ခေတ်ပေါ်ဖြစ်နေတဲ့ အနေအထားကို တေးရေးဆရာ ကလည်း ဒီခေတ်မှာ ဖြစ်နေတဲ့အ ကြောင်းအရာလေးကို ရေးတယ်။  ဒီးဒီကလည်း ကိုယ်ဆိုချင်တဲ့ ပုံစံ လေးဆိုတယ်။ အဲဒါကို ပရိသတ် က လက်ခံသွားတာ’’ဟု ပြော သည်။

No comments