လက်တွဲစမော်ဒယ် ဂီဂီဟာဒစ်နဲ့အတူ ဆင်နွှဲခဲ့တဲ့ ဇေအင်မယ်လစ်ရဲ့ (၂၃)နှစ်မြောက်မွေးနေ့
One Direction အဖွဲ့ဝင်ဟောင်း ဇေအင်မယ်လစ်၏ (၂၃)နှစ်မြောက် မွေးနေ့ကို အတူဆင်နွှဲခဲ့ကြောင်း အမေရိကန်မော်ဒယ် ဂီဂီဟာဒစ်က နှစ်ဦးသားဆုံခဲ့ကြသော ရက်စွဲနှင့်အချိန်ပါဝင်သော ဓာတ်ပုံတစ်ပုံကို လူမှုကွန်ရက်ပေါ်တွင် ဖော်ပြလိုက်သည်။
အဆိုတော် ကိုဒီဆင်လမ် ဆွင်နှင့် ၂၀၁၅ မေလတွင် တရား ဝင်လမ်းခွဲခဲ့သည့် ဟာဒစ်သည် နောက်ထပ် အဆိုတော်တစ်ဦး ဖြစ်သည့် ဂျိုးယောနပ်စ်နှင့် ဆက် တွဲကာ ၂၀၁၅ နိုဝင်ဘာအတွင်း က လမ်းခွဲခဲ့သည်။
ဇေအင်မာလစ်နှင့် တွဲနေသည်မှာ တစ်လကျော်ကျော်မျှသာရှိသေးသည့် ဂီဂီဟာဒစ်သည်ဇေအင်မယ်လစ်အတွက် ၎င်းသဘောကျသည့် မွေးနေ့လက် ဆောင်အချို့ဝယ်ပေးခဲ့သည်။
ဇေအင်မာလစ်သည် အမှန် တကယ်စိုးရိမ်တတ်ပြီး ဆွဲဆောင် မှုရှိသည်ဟု ဂီဂီက ထင်မှတ်ထား ကာ ၎င်း၏ စတိုင်လ်ကို သဘော ကျနေသည်ဟု သတင်းရင်းမြစ် တစ်ခုက ပြောကြားသည်။
သို့သော် ၎င်းတို့နှစ်ဦးသည် ပုဂ္ဂိုလ်ရေးကိစ္စများကို သီးသန့်ရှိနေနိုင်သရွေ့ သီးသန့်ရှိနေစေ လိုကြပြီး တရားဝင်ချစ်သူများ အဖြစ် ကြေညာရန် အဆင်သင့် မဖြစ်ကြသေးဟု သတင်းရင်းမြစ် များက ပြောသည်။
ဇေအင်မယ်လစ်၏ မွေးနေ့ကို ဂီဂီဟာဒစ်က 'ZDAY' ဟု ကြေညာကာ လူမှုကွန်ရက်တွင် နှစ်ဦးသား ဆက်ဆံရေးအခြေအနေ ပိုခိုင်မာလာကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
No comments