ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး စစ်တက္ကသိုလ်သို့ သွားရောက်လေ့လာ
စစ်တက္ကသိုလ်တွင် လေ့လာနေသော ကေအင်န်ယူဥက္ကဋ္ဌ စောမူတူးစေးဖိုးကို တွေ့ရစဉ် (ဓာတ်ပုံ − ငွေစိုး)
ကရင်အမျိုးသား အစည်းအရုံး (KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးသည် ဇန်န၀ါရီ ၁၃ ရက်က ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်သို့ သွားရောက်လေ့လာခဲ့ကြောင်း သတင်းရရှိသည်။
‘‘ဟုတ်ပါတယ်ဗျ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အစီအစဉ်နဲ့ပေါ့’’ဟု အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်အောင်ရဲဝင်းက 7Day Daily အား အတည်ပြုပြောကြား သည်။
တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင် တစ်ဦးအနေဖြင့် စစ်တက္ကသိုလ်သို့ သွားရောက်လည်ပတ်ခြင်းမှာ သမိုင်းတွင် ပထမဆုံးဖြစ်သည်။
KNU ကဲ့သို့ နှစ်ပေါင်းများစွာ လက်နက်စွဲကိုင်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုမှ ခေါင်းဆောင်တစ်ဦး ယခုကဲ့သို့ စစ်တက္ကသိုလ်သို့ သွားရောက်လည်ပတ်ခဲ့ခြင်းသည် ငြိမ်းချမ်းရေးအတွက် အလားအလာ ကောင်းပင်ဖြစ်ကြောင်း MPC အထူးအကြံပေး ဦးလှမောင်ရွှေက သုံးသပ်သည်။
No comments