Breaking News

ကျေားသား​တွေ နားမှာ စာမရှိ​တော့ဟု ​ဒေါ်​အောင်​ဆန်းစုကြည်​​ပြော



စာအုပ် စာပေတွေဟာ ကျောင်းသားတွေ ပတ်ဝန်းကျင်မှာ မရှိတော့ဘဲ ကျောင်းတွေ မှာလည်း ကျောင်းစာ ကြည့်တိုက် ဆိုတာ မရှိသလောက် ဖြစ်နေပြီလို့ ဒေါ်အောင်ဆန်း စုကြည်က ပြောကြား လိုက်ပါတယ်။

မနေ့က စတင် ကျင်းပတဲ့ နိုဘယ် - မြန်မာ စာပေ ပွဲတော်ကို ပေးပို့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌရဲ့ အမှာ စကားမှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့ခေတ် ကလေးငယ်များဟာ ကွန်ပျူတာဂိမ်းများ၊ အင် တာနက်ဂိမ်းများနဲ့ လူမှုကွန်ရက်များမှာ အချိန်အများစုကို အသုံးချနေကြတယ်။ နည်းပညာအသုံးပြုမှု မြင့်တက် လာတာကြောင့် ကလေးတွေစာဖတ်တဲ့အချိန် နည်းလာတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့ပါတယ်။

မြို့ရွာရပ်ကွက်တွေမှာ စာကြည့်တိုက်တွေ ရှားပါးလာပြီး စာအုပ်စာပေ အလွယ်တကူမရနိုင်လို့ လူငယ်တွေ စာဖတ်တာ အားနည်းသွားတယ်လို့လဲ ဒေါ်စုက သူ့ရဲ့ နိုဘယ်စာပေပွဲတော် အမှာစကားမှာ ပြောခဲ့ပါတယ်။

ဇန်န၀ါရီ ၁၆ ရက်က စတင်ကျင်းပတဲ့ နိုဘယ်-မြန်မာ စာပေပွဲတော် ၂၀၁၆ မှာ ဒေါ်အောင်ဆန်းစုကြည်ပေးပို့တဲ့ အမှာစကားကို မုံရွာအောင်ရှင်က ဖတ်ကြားခဲ့တာ ဖြစ်ပါတယ်။

No comments