Breaking News

မွန်ပြည်နယ် အနိုင်ရ ကိုယ်စားလှယ်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးမည်

မွန်ပြည်နယ်ရှိ အနိုင်ရကိုယ်စားလှယ်လောင်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း (CSO) ၅၀ ကျော်တို့ ဇန်န၀ါရီ ၂၁ ရက်တွင် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း မွန်ပြည်နယ်ရှိ (CSO) အဖွဲ့မှ သတင်းရရှိသည်။

အရပ်ဘက်လူမှုအဖွဲ့အစည်း ၅၀ ကျော်မှ အဖွဲ့ဝင်များသည် အစိုးရသစ်သက်တမ်းတွင် ပြုလုပ်မည့် စီမံကိန်းအသစ်များကို ပြည်သူများထံ ချပြပေးနိုင်ရန် ပြည်နယ်ရှိ အနိုင်ရ ကိုယ်စားလှယ် လောင်း ၄၅ ဦးနှင့် တွေ့ဆုံခြင်း ဖြစ်သည်။
‘‘ကျွန်တော်တို့ ပြည်နယ်မှာ အခုအစိုးရက သူတို့လုပ်မယ့် စီမံ ကိန်းတွေကို ပြည်သူတွေကို မချ ပြဘူး။ စီမံကိန်းပြီးမှ ပြည်သူတွေ က သိရတယ်။ ဒါပွင့်လင်းမြင်သာ မှု မရှိဘူး။ အစိုးရသစ်လက်ထက် ရောက်ရင် ဒီကိုယ်စားလှယ်တွေ က ဘယ်လိုချပြမှုတွေ လုပ်ပေး မယ်ဆိုတာ ကျွန်တော်တို့နဲ့ ညှိ နှိုင်းသွားမလို့ပါ’’ ဟု မွန်ပြည်နယ် ဖွံ့ဖြိုးရေးမဏ္ဍိုင်မှ ဒေသဆိုင်ရာ ညှိနှိုင်းရေးမှူးဦးမင်းဝင်းဗိုလ်က ပြောသည်။
ယင်းတွေ့ဆုံခြင်းသည် အရပ်ဘက် လူမှုအဖွဲ့အစည်းများ က ဦးဆောင်စီစဉ်ထားခြင်းဖြစ်ပြီး အနိုင်ရ ကိုယ်စားလှယ်လောင်း လေးဆယ်ကျော်လည်း တက် ရောက်နိုင်မည်ဟု မျှော်လင့်ထား ကြောင်း ဦးမင်းဝင်းဗိုလ်က ပြောကြားသည်။
 ‘‘ကိုယ်စားလှယ်လောင်း အားလုံးတက်မယ် ဆိုတာတော့ မသေချာဘူး။ အနိုင်ရထားတဲ့ ပါ တီကြီးတစ်ခုက ကိုယ်စားလှယ် အများစုက တစ်ခုတစ်ခုလုပ်ရင် သူတို့ ပါတီရဲ့ ဗဟိုကိုစာတင်ရ တော့ သူတို့အစီအစဉ်က ဘယ် လိုလဲဆိုတာ မသိဘူး။ ဒီတွေ့ဆုံပွဲက ကျွန်တော်တစ်ယောက်ရဲ့အမြင်အရ ပြောရရင်တော့ ကိုယ် စားလှယ်အားလုံး တက်သင့်တယ် လို့ ထင်တယ်’’ ဟု ယခု ရွေးကောက်ပွဲတွင် အနိုင်ပြန်ရထား သည့် ချောင်းဆုံကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။

No comments