ပြည်တွင် ကျေးရွာမီးလင်းရေး ကော်မတီကို ဆန္ဒဖော်ထုတ်သူနှစ်ဦးအား ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်
ကျေးရွာလျှပ်စစ်မီးလင်းရေးကော်မတီကို ဆန္ဒပြနေသူနှစ်ဦး (ဓာတ်ပုံ − ဇော်မင်းထိုက်)
ပြည်မြို့နယ် လျှပ်စစ်အင် ဂျင်နီယာရုံးရှေ့တွင် ဆန္ဒဖော် ထုတ်သူနှစ်ဦးကို ခွင့်ပြုချက်မရရှိသောနေရာ၌ ဆန္ဒဖော်ထုတ်ခဲ့မှု ကြောင့် ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်အ ရေးယူထားကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ကျေးရွာမီးလင်းရေးကော် မတီမှ ငွေစာရင်းရှင်းတမ်းများ ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်ပြန် ပေးရေး ဆန္ဒဖော်ထုတ်ခွင့်ကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ရှေ့တွင် ပြုလုပ်ရန် တင်ပြခဲ့သည့် အပေါ် သက်ဆိုင်ရာက ပြည်မြို့ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ကျောက်ရုပ်ရှေ့၌သာ ပြုလုပ်ရန် ခွင့်ပြုခဲ့သည်။
‘‘လျှပ်စစ်ရုံးရှေ့ကလည်း လူ စည်ကားပြီး လမ်းသွားလမ်းလာ ရှုပ်ထွေးတဲ့နေရာမဟုတ်ပါဘူး။ ဒီနေရာမပြလို့ ဘယ်နေရာသွားပြရမလဲ။ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ်ရှေ့မှာ ပြခိုင်းတယ်။ အဲဒီနေရာမှာ ပြရအောင်ဗိုလ်ချုပ် ကျောက်ရုပ်နေရာက မသမာမှုပြုထားတာ မဟုတ်ဘူး’’ ဟု ဆန္ဒဖော်ထုတ်သူ ကိုမျိုးနိုင်က ပြောသည်။
ကိုယ်ထူကိုယ်ထ ကျေးရွာ မီးလင်းရေး ကော်မတီသည် ကောက်ခံရရှိထားသောငွေများ၊ ကျေးရွာဝန်းကျင်ရှိ မြေနုကျွန်း ရောင်းရငွေများ စသည်တို့နှင့် မြို့ နယ်လျှပ်စစ်ဌာန၊ အုပ်ချုပ်ရေး ဌာနတို့သည် မီးလင်းရေးဆောင် ရွက်မှုအခြေအနေငွေစာရင်းရှင်း တမ်းများကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းခြင်း မရှိသည့်အပြင် လျှပ်စစ်မီးရရှိသည့် အခါတွင် လည်း လူအနည်းစုသာရရှိခဲ့ခြင်း အပေါ် ကျေနပ်မှုမရှိ၍ ဆန္ဒဖော် ထုတ်ကြခြင်းဖြစ်ကြောင်း ဆန္ဒ ဖော်ထုတ်သူများက ဆိုသည်။
‘‘ငွေကြေးစာရင်းရှင်းတမ်း ကို ရွာအလယ်မှာ အသံချဲ့စက်နဲ့ ခေါ်ပြီး အောက်တိုဘာ ၁၁ ရက် က ရှင်းပြီးသားပါ။ နိုဝင်ဘာတုန်း ကလည်း နောက်တစ်ကြိမ် ထပ် ရှင်းပြပါသေးတယ်။ ကိုယ်ထူ ကိုယ်ထဖြစ်တဲ့အတွက် တတ်နိုင် တဲ့ အိမ်ထောင်စုကို တတ်နိုင် သလောက်ထည့်ဖို့ သတ်မှတ် တယ်။ တစ်ပြားမှ မထည့်သူတွေ လည်းရှိတယ်။ အခု ဆန္ဒပြသူ ဦးမျိုးနိုင်ဟာ ကိုယ်ထူကိုယ်ထမီး လင်းဖို့ ဆောင်ရွက်စဉ်က အလှူ ငွေကောက်ခံရာမှာ ထည့်ဝင်ခြင်း မရှိပါဘူး။ သတ်မှတ် အလှူငွေ ထည့်သူတွေကတော့ မီတာ လျှောက်ဖို့ မီးလင်းရေးကော်မတီ က ဆောင်ရွက်ပေးပါတယ်။ ကျွန်တော်တို့အနေနဲ့ ကောက်ခံရရှိငွေ တွေအပေါ် အလွဲသုံးစားလုပ်တာ မျိုးမရှိပါဘူး’’ဟု အနောက်လက် ခုပ်ပင်ကျေးရွာ မီးလင်းရေးကော် မတီ ဥက္ကဋ္ဌ ဦးလှဝင်းက ပြော ကြားသည်။
ဇန်နဝါရီ ၁၇ ရက်က ပြည် မြို့နယ် အနောက်လက်ခုပ်ပင် ကျေးရွာ ဒေသခံ ဦးမျိုးနိုင်နှင့် ကိုကျော်မင်းတို့နှစ်ဦးသည် ၎င်း တို့နှစ်ဦးနေထိုင်ရာ အနောက် လက်ခုပ်ပင်ကျေးရွာမီးလင်းရေး ဆောင်ရွက်ရာတွင် မီးလင်းရေး ကော်မတီနှင့် ပြည်မြို့နယ် လျှပ် စစ်အင်ဂျင်နီယာဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့မှ ငွေစာရင်းရှင်းတမ်းများ ပွင့် လင်းမြင်သာစွာ ရှင်းပေးရန်နှင့် အလွဲသုံးစားပြုလုပ်ထားသူများ အား အရေးယူပေးရန် ဆန္ဒဖော် ထုတ်ရာတွင် ခွင့်ပြုထားသည့်နေ ရာ မဟုတ်ဘဲ ဆန္ဒဖော်ထုတ်ခဲ့ ခြင်းကြောင့် အရေးယူခဲ့ခြင်းဖြစ် ကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။
No comments