ဦးထုပ်ဆောင်းပြီး ကိုယ့်ဆံပင်ကို ဦးထုပ်နှင်လိုက်ဖက်အောင် ပြင်ဆင်တော့မယ်ဆိုရင်

အပြင်ထွက်လို့ ဦးထုပ်ဆောင်းသွားမယ်လို့ စဉ်းစားထားရင် သေချာတာကတော့ ကိုယ့်ဆံပင်ကို အထာကျအောင် နည်းနည်းပြင်ဆင်ဖို့ လိုနေပါပြီ။ ဒီနားဟိုနားသွားဖို့အတွက်ဆို ကိစ္စသိပ်မရှိပေမယ့် သူငယ်ချင်းတွေနဲ့ အပြင်သွားမယ်၊ ချစ်သူနဲ့ အပြင်သွားဖို့ဆိုရင်တော့ ကိုယ့်ဆံပင်က ဦးထုပ်နဲ့ လိုက်ဖက်မှုရှိပြီး အထာကျနေဖို့ လိုပြီပေါ့နော်။ ဒါ့ကြောင့် ဦးထုပ်ဆောင်းတော့မယ်ဆို ကိုယ့်ဆံပင်ကို ဘယ်လိုလေးလုပ်ပေးရမလဲ ဆိုတဲ့အကြောင်း ပြောပြပေးလိုက်ပါတယ်။
၁။ ဆံပင်အရင်းတွေကို နည်းနည်းဖွပေးဖို့ လိုပါတယ်။ ဆံပင်အရင်းတွေက ဦးရေပြားနဲ့ သိပ်ကပ်နေမယ်ဆိုရင် ဦးထုပ်ဆောင်းတဲ့အခါ နည်းနည်း ကြည့်ရဆိုးနေပါလိမ့်မယ်။

၂။ဆံပင်တစ်ခြမ်းကို အားလုံးသိမ်းပြီး တစ်ဘက်မှာပဲ စုချထားတာမျိုးကလည်း မိုက်တာပါပဲ။

၃။ကောက်သားရှိတဲ့ ဆံပင်မျိုးဆိုရင်တော့ သိပ်ခေါင်းစားစရာမလိုပါဘူး။ ဒါပေမယ့် ဦးထုပ်ဆောင်းတဲ့အခါ အတင်းကြီး ဖိဆောင်းထားတာမျိုး မလုပ်ဘဲ ခေါင်းပေါ်မှာ တင်ထားရုံလေးဆို အဆင်ပြေပါတယ်။

၎။ကိုယ့်ဆံပင်က အတိုဆိုရင်တော့ ပုံမှာပြထားသလို ဆံပင်တစ်ချို့ကို နားနောက်ဖက်မှာ သိမ်းပြီး ဆောင်းတာ ပိုအဆင်ပြေပါလိမ့်မယ်။

၅။ဦးထုပ်က သိုးမွှေးဦးထုပ်၊ snow cap hat မျိုးဆိုရင်တော့ ရှေ့ဆံပင်လေးတွေ အနည်းငယ်ထုတ်ပြီး ဦးထုပ်အောက်နားကို ကုတ်နားထိရောက်အောင် ဆွဲချပြီး ဆောင်းတာမျိုး ဖြစ်သင့်ပါတယ်။

၆။ကိုယ့်ဦးထုပ်က ပုံမှာပြထားသလို wide-brim hat မျိုးဖြစ်နေမယ်၊ ကိုယ့်ဆံပင်ပုံစံကလည်း အရှည်ဖြစ်နေမယ်ဆိုရင်တော့ အပေါ်မှာတင်ရုံလေး ဆောင်းတာမျိုးထက် ဦးခေါင်းနဲ့ ကွက်တိကျအောင် ဆောင်းဖို့ လိုပါပြီ။

၇။ကိုယ်က ကျစ်ဆံမြီးကျစ်ရတာမျိုး သဘောကျတဲ့သူ ဆိုပါစို့။ ဒါဆိုရင် ကျစ်ဆံမြီးကို ခုလို ဘေးတစ်ဖက်ကိုယူပြီး ကျစ်ပါ။ အဲ့ဒီနောက်မှာတော့ ကိုယ်ကြိုက်တဲ့ ဦးထုပ်မျိုး ဆောင်းလိုက်ပါ။ သူက ဘယ်လိုဆောင်းရမယ်ဆိုတာမျိုး သိပ်ခေါင်းစားစရာမလိုတဲ့ ဆံပင်ပုံစံမို့လို့ပါ။

၈။ ခုနောက်ဆုံးခေတ်စားနေတဲ့ ဦးထုပ်နောက်ပြန်ဆောင်းနည်းပါပဲ။ ဟိုးအရင်တုန်းက ပုံစံတွေ ပြန်ခေတ်စားလာတယ်လို့ ပြောရမလား။ ခုနောက်ပိုင်း ဦးထုပ်နောက်ပြန်ဆောင်းတဲ့ ဒီဇိုင်းမျိုးလေးတွေ ခေတ်စားလာသလို ဒီလို ဆံပင်ရှေ့အတိတွေထက်စာရင် ဘေးခွဲဆံပင်ပုံစံတွေနဲ့ ပိုလိုက်ဖက်မှုရှိပါတယ်။

No comments