ရည်းစားဟောင်းရဲ့ စေ့စပ်လက်စွပ်ကို ပြန်လည်ဝတ်ဆင်ထားတဲ့ မိုင်လေဆိုင်းရပ်စ်
မင်းသားလီ ယန်ဟမ်းစ်ဝတ်ထံမှ ၂၀၁၂ က လက်ခံရရှိခဲ့သည့် စေ့စပ်လက်စွပ် ကို အဆိုတော် မိုင်လေဆိုင်းရပ်စ် ပြန်လည်ဝတ်ဆင်ထားသဖြင့် လူ အများက သတိထားမိကြသည်။
Hunger Games ရုပ်ရှင် ဇာတ်ကား ကြယ်ပွင့် ဟမ်းစ်ဝတ် နှင့် ဩစတြေးလျနိုင်ငံတွင် ပြန်ပေါင်းထုတ်ပြီးနောက် မိုင်လေဆိုင်းရပ်စ်က စေ့စပ်လက်စွပ် ဝတ်ဆင်ပြီး ဆယ်လ်ဖီဓာတ်ပုံရိုက်ကာ Instagram ဝက်ဘ်ဆိုက်၌ ဖော်ပြခဲ့သည်။
ယင်းလက်စွပ်ကို ပလက်တီနမ်ဖြင့် မပြုလုပ်လိုဘဲ ရွှေဖြင့်သာ ပြုလုပ်လိုကြောင်း မိုင်လေဆိုင်း ရပ်စ်က ပြောကြားကြောင်း သတင်းရင်းမြစ်တစ်ခုက ဆို သည်။၎င်းတို့နှစ်ဦးကို ဇန်နဝါရီ လဆန်းက ဩစတြေးလျနိုင်ငံ တွင် ပြန်တွဲနေကြောင်း ပထမဆုံး သတိပြုမိကြပြီး Fall Music ပွဲ တော်သို့ အတူတက်ရောက်ခဲ့ကြ ခြင်းကို မြင်တွေ့ခဲ့ရသည်။
လီယန်ဟမ်းစ်ဝတ်နှင့် အား လပ်ရက်အတူ ခရီးထွက်ပြီး နောက် မိုင်လေသည် တနင်္လာနေ့ က လော့စ်အန်ဂျလိစ်မြို့သို့ ပြန် လည်ရောက်လာခဲ့သည်။ မိုင်လေသည် ဟမ်းစ်ဝတ်နှင့် ၎င်း၏ မိသား စုတို့နှင့်အတူ နေထိုင်ခဲ့ကြောင်း မိတ်ဆွေတစ်ဦးက တွစ်တာအ ကောင့်တွင် ဖော်ပြသည်။
မိုင်လေသည် ဟမ်းစ်ဝတ်နှင့် ပြန်ပေါင်းထုတ်မည်ဟု အမြဲမျှော် လင့်ထားပြီး မည်သည့်အတိုင်းအတာအထိ ခရီးရောက်မည်မသိ သော်လည်း ဟမ်းစ်ဝတ်ကို အကြွင်းမဲ့ချစ်နေဆဲဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောသည်။
No comments