မန္တလေးတွင် တန်ဖိုးမျှတအိမ်ရာများ ထပ်မံတည်ဆောက်မည်
မန္တလေးမြို့တွင်တည်ဆောက်နေသော အငှားအိမ်ရာစီမံကိန်းတစ်ခု (ဓာတ်ပုံ-ညီညီဇော်)
မန္တလေးမြို့တွင် တိုက် ခန်းပေါင်း ၂,၇၀၀ ကျော်ပါဝင် မည့် တန်ဖိုးမျှတအိမ်ရာများ ထပ်မံတည်ဆောက်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီမှ သတင်းရရှိသည်။
တန်ဖိုးမျှတအိမ်ရာများကို မန္တလေးမြို့ ချမ်းမြသာစည်မြို့ နယ် မြရည်နန္ဒာရပ်ကွက်ရှိ တန် ဖိုးနည်းအိမ်ရာအနီး အကွက် အမှတ် (မမ-၁၉)၊ (မမ-၂၅)၊ (မမ-၂၈)၊ (မမ-၂၉) နေရာများ တွင် တည်ဆောက်မည်ဖြစ်သည်။
(မမ-၁၉)အကွက်တွင် အာစီခြောက်ထပ် အခန်းပေါင်း ၃၀၀ ကျော်ပါဝင်မည့် အဆောက် အအုံ ၁၅ လုံး၊ (မမ-၂၅)အကွက် တွင် အခန်းပေါင်း ၄၈၀ ကျော်ပါ ဝင်မည့် အာစီခြောက်ထပ် အဆောက်အအုံ ၂၅လုံး၊ (မမ-၂၈)အကွက်တွင် အခန်းပေါင်း ၉၆၀ ကျော်ပါဝင်မည့် အာစီ ခြောက်ထပ် အလုံး ၅၀၊ (မမ- ၂၉ အကွက်တွင် အခန်းပေါင်း ၉၆၀ ပါဝင်မည့် အာစီခြောက် ထပ် အဆောက်အအုံ အလုံး ၅၀ တည်ဆောက်မည်ဟု မန္တလေးမြို့ တော် စည်ပင်သာယာရေးကော် မတီက သတင်းထုတ်ပြန်သည်။
တန်ဖိုးမျှတအိမ်ရာများကိုယခင်တန်ဖိုးနည်းအိမ်ရာ တည် ဆောက်သကဲ့သို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီပိုင် ငွေဖြင့် တည်ဆောက်ခြင်းမပြု တော့ဘဲ ကုမ္ပဏီများနှင့် အကျိုး တူပူးပေါင်း ဆောင်ရွက်ဆောက် လုပ်မည်ဖြစ်ကြောင်း မန္တလေးမြို့ တော်စည်ပင်သာယာရေး ကော် မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောကြား သည်။
‘‘တို့မှာ ဘတ်ဂျက်မရှိဘူး။ မြေကြီးပဲရှိတာဖြစ်တဲ့အတွက် ပိုက်ဆံမစိုက်ထုတ်တော့ဘူး။ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီးလုပ် မှာပါ။ မင်းတို့အခန်း ၁၀၀ ဆောက်၊ တို့ကို ၃၀ ပေး၊ ၇၀ မင်း တို့ယူ ဒါမျိုးနဲ့ သွားဖို့လုပ်နေတယ် မပြတ်သေးဘူး’’ဟု ဦးသက်နိုင် ထွန်းကပြောသည်။
သို့သော် ဆောက်လုပ်မည့် ကုမ္ပဏီများသည် မန္တလေးမြို့ တော် စည်ပင်သာယာရေးကော် မတီ၏ ညွှန်ကြားချက်အတိုင်း ရောင်းချပေးရမည်ဖြစ်ပြီး ဈေး မြှင့်ရောင်းချခြင်းမျိုး ခွင့်ပြုမည် မဟုတ်ဟု ဆိုသည်။
တန်ဖိုးမျှတအိမ်ရာများကိုတာဝန်ထမ်းဆောင်ဆဲ အစိုးရ ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်း များအတွက် ရည်ရွယ်ဆောက် လုပ်မည်ဖြစ်ပြီး စတင်ဆောက် လုပ်မည့်ကာလနှင့်တန်ဖိုးကိုမူ မပြောနိုင်သေးကြောင်း မန္တလေး မြို့တော် စည်ပင်သာယာမှ တာဝန်ရှိသူများ ကပြောကြား သည်။ တန်ဖိုးမျှတအိမ်ရာ တည် ဆောက်မည့် မြရည်နန္ဒာရပ်ကွက် နေရာသည် ယခင်က မြေ အရောင်းအဝယ် ပြဿနာများစွာ ဖြစ်ပွားခဲ့သည့်နေရာဖြစ်ပြီး ၎င်းတို့အား မြို့တော်စည်ပင်က ဖယ်ရှားကာ တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
credit 7Day Daily
No comments