ရန်ကုန်မြို့တွင် လျှပ်စစ်ရထား ပြန်လည်ပြေးဆွဲ
ရန်ကုန်မြို့တွင် ဇန်န၀ါရီ ၁၀ ရက်က လျှပ်စစ်ရထား ပြန်လည်ပြေးဆွဲနေစဉ် (ဓာတ်ပုံ - စိုင်းဇော်)
မြန်မာနိုင်ငံတွင် ပြန် လည် ပြေးဆွဲပေးသည့် လျှပ်စစ် ရထားကို ဇန်န၀ါရီ ၁၀ ရက်မှစ၍ ရန်ကုန်မြို့ ကမ်းနားလမ်း၌စတင် ပြေးဆွဲနေပြီး ခရီးသည်တစ်ဦး လျှင် ကျပ်တစ်ရာဖြင့် စီးနင်းနိုင် ကြောင်း သတင်းရရှိသည်။
ရထားပို့ဆောင်ရေးဝန်ကြီး ဌာန မြန်မာ့မီးရထား၏ ရန်ကုန် မြို့ ကမ်းနားလမ်းတစ်လျှောက် ပြေးဆွဲသည့် လျှပ်စစ်ရထားသည် ၀ါးတန်းဘူတာမှ လင်းစဒေါင်းဘူ တာအထိ ပြေးဆွဲမည်ဖြစ်သည်။
‘‘ရန်ကုန်မြို့တွင်းခြောက်မြို့ နယ်သို့ သွားလာလှုပ်ရှားနေတဲ့ ခရီးသွား လုပ်သားပြည်သူ ၀န် ထမ်းတွေအားလုံး ယာဉ်ကြော ကျပ်တည်းမှုကို ဖြေလျှော့တဲ့အ နေနဲ့ ဆောင်ရွက်ပေးတာဖြစ် တယ်။ လျှပ်စစ်ရထားက အကုန် အကျသက်သာတယ်။ လုံခြုံ စိတ်ချရမှုမှာ ကောင်းတယ်။ အခု က သုံးမိုင်ကျော်ပဲ ဖွင့်နိုင်သေးတာ ကြောင့် ထိထိရောက်ရောက် မ ဟုတ်သေးပေမယ့် ထိရောက်ဖို့အ တွက် ခြေလှမ်းစတင်ရတာပါပဲ’’ ဟု မြန်မာ့မီးရထား (အောက်မြန် မာပြည်)မှ အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းကပြောသည်။
အဆိုပါလျှပ်စစ်ရထားတွင် ခရီးသည်ပေါင်း ၁၈၀ ဦး စီးနင်း နိုင်သည့်တွဲဆိုင်းနှစ်ဆိုင်းနှင့် ခရီး သည် ၉၄ ဦးစီးနင်းနိုင်သည့်တွဲ ဆိုင်းတစ်ဆိုင်းပါဝင်ကာ နေ့စဉ် နံနက် ၈ နာရီတွင် ၀ါးတန်းဘူတာ မှ လင်းစဒေါင်းဘူတာသို့ စတင် ထွက်ခွာမည်ဖြစ်သည်။
လျှပ်စစ်ရထားပြေးဆွဲခြင်း ကို ၁၉၀၄ က ဆူးလေ-ရွှေတိဂုံ- ဗားကရာလမ်းပိုင်းတွင် စတင်ပြေးဆွဲခဲ့ပြီး ၁၉၀၆ ဒီဇင်ဘာ ၁၅ ရက် တွင် ထရန်းထော်လီကားများ အသုံးပြုခဲ့ကာ ၁၉၂၁ ၌ ထရန်းထော်လီကား ၇၇ စီး ပြေးဆွဲခဲ့ပြီးနောက် ဒုတိယကမ္ဘာစစ်တွင် စစ်ဒဏ်ကြောင့် ရပ်ဆိုင်းသွားခဲ့သည်။
လျှပ်စစ်ရထား ပြေးဆွဲချိန်တွင် ကားနှင့်ရထားထိခိုက်မှုမရှိစေရန်၊ ရထားပြေးဆွဲချိန်၊လျှပ်စစ်ဓာတ်အား လွှတ်ထားချိန်တို့၌ ခရီးသွားပြည်သူများ ဘေးအန္တရာယ်မဖြစ်စေရန် ပညာပေးလုပ်ငန်းများဖြင့် ရင်းနှီးနားလည်မှု၊ ထိရောက်သည့် ကာကွယ်မှုများ ဖြစ်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလျှပ်စစ်ရထားပြေး ဆွဲရာတွင် လျှပ်စစ်ဓာတ်တိုင် ပေါင်း ၁၃၉ တိုင်၊ DC 600 V လျှပ်စစ်ဓာတ်အားဖြင့်DC Motor များကို အသုံးပြု၍ ပြေးဆွဲရာ၌ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ YESB တို့နှင့် ညှိနှိုင်း ဆောင်ရွက်ကြောင်း မြန်မာ့မီးရ ထားမှ သိရသည်။
ခရီးစဉ်တစ်ပိုင်းလျှင် ကြာ မြင့်ချိန် နာရီဝက်သတ်မှတ်ထား ပြီး နေ့စဉ်နံနက် ၈ နာရီမှ နေ့ လယ် ၁ နာရီအထိသာ အခေါက် ရေ ခြောက်ခေါက်ဖြင့်ပြေးဆွဲမည် ဖြစ်ပြီး စတင်ပြေးဆွဲပေးသည့် ဇန်န၀ါရီ ၁၀ ရက်တွင် ခရီးသွား ပြည်သူများအား အခမဲ့စီးနင်းခွင့်ပြုခဲ့သည်။
‘‘လျှပ်စစ်ရထား ပြေးဆွဲရာ မှာ ကုန်ကျစရိတ်တွေ ပြန်တွက် တဲ့အခါ တစ်နေရာမှာ ရှုံးပေမယ့် တစ်နေရာက အမြတ်နဲ့ ပြန်ချိန်ရ ပါတယ်။ ကျွန်တော်တို့က ၀န် ဆောင်မှုကို အဓိကထားတာဖြစ် တဲ့အတွက် အရှုံးအမြတ်ကို အဓိ ကထားခြင်းမဟုတ်ပါဘူး။ မျှော် မှန်းချက်က ခရီးသည်တွေကို လို ရာခရီးကို သက်သောင့်သက်သာ နဲ့၊ ကုန်ကျစရိတ်အနည်းငယ်နဲ့ သွားနိုင်အောင် ဆောင်ရွက်ပေး ခြင်းပါပဲ’’ဟု ဦးထွန်းအောင်သင်း ကပြောသည်။
အဆိုပါလျှပ်စစ်ရထားကို ရထားပို့ဆောင်ရေးဝန်ကြီးဌာန နှင့် ဂျပန်နိုင်ငံမှ West Corpora tion တို့ပူးပေါင်း၍ ဂျပန်နိုင်ငံ ဂျိုက်ကာနည်းပညာဖြင့် စီမံ ဆောင်ရွက်ထားခြင်းဖြစ်ပြီး ဂျပန် နိုင်ငံ ဟီရိုရှီးမားကုမ္ပဏီမှ ဂျပန် ယန်း ၄၅၄ သန်းဖြင့် မှာယူထား ခြင်းဖြစ်သည်။
ကျန်ရှိသည့် လျှပ်စစ်ရထား အဆင့်ကို ဆက်လက်အကောင် အထည်ဖော်နေပြိး ၀ါးတန်းလမ်း မှ ကြည့်မြင်တိုင်နှင့် စလင်းဒေါင်း မှ ပုဇွန်တောင်ဘူတာအထိ တိုး ချဲ့၍ ပြေးဆွဲပေးမည်ဖြစ်ရာ လာ မည့်မတ်လအတွင်းပြေးဆွဲနိုင်ရန် စီစဉ်နေသည်ဟုသိရသည်။
No comments