မန္တလေးတိုင်းအတွင်း ပြည်ခိုင်ဖြိုးရွာအမည်တပ်ထားသော ကျေးရွာဆိုင်းဘုတ်များ ပြန်လည်ဖြုတ်သိမ်း
ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအပြီး ကာလများတွင် မန္တလေးတိုင်း ဒေသကြီးအတွင်း ‘‘ပြည်ခိုင်ဖြိုးရွာ’’ဟု အမည်တပ်ထားသော ကျေးရွာဆိုင်းဘုတ်များကို ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ဆိုင်းဘုတ်တပ်ထားသည့်ကျေးရွာမှ ဒေသခံများက လိုက်လံဖျက်သိမ်းနေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ သစ်ရုံ၊ ဇီးပင် ကြီး၊ လေးတန်း၊ ကုက္ကဲစသည့် ကျေးရွာများတွင် ပြီးခဲ့သည့် နိုဝင် ဘာလအတွင်းက ဖျက်သိမ်းခဲ့ သည်ဟု ဒေသခံများထံမှ သိရ သည်။
မန္တလေးတိုင်းဒေသကြီးအ တွင်း ပြည်ခိုင်ဖြိုးပါတီအား ကောင်းခဲ့သော တောင်သာ၊ နွားထိုးကြီး၊ မြင်းခြံ၊ မလှိုင်၊ ကျောက်ပန်းတောင်းမြို့နယ်များရှိ ကားလမ်းမဘေးမှကျေးရွာအများစုကို ၂၀၀၀ ပြည့်နှစ်နှင့် ၂၀၁၅ မတိုင်မီကာလများတွင် အုပ်ချုပ်ရေးအာဏာပိုင်များက ‘‘ပြည်ခိုင်ဖြိုးရွာ’’ ဟု အမည်ပြောင်းလဲခဲ့ပြီး ခြင်္သေ့ပုံဖောင်းကြွရုပ် ပါတီအမှတ်တံဆိပ်များဖြင့် ကျေးရွာဆိုင်းဘုတ်များပြုလုပ်ခဲ့ကြသည်။
‘‘ပြီးခဲ့တဲ့ နိုဝင်ဘာလက ဖျက်ပစ်လိုက်တယ်။ ကြံ့ခိုင်ရေးဆိုင်း ဘုတ်က မြို့နယ်ပြည်ခိုင်ဖြိုးအ တွင်းရေးမှူးက ဘုန်းကြီးရယ်၊ ကျွန်တော်ရယ် (အုပ်ချုပ်ရေးမှူး)၊ ရပ်မိရပ်ဖတစ်ဦးရယ်ကို ဒီဆိုင်း ဘုတ်ကြီး ဖျက်လိုက်ပါလို့ ပြောလို့ရွာက ကလေးတွေ ဖျက်လိုက်တာ ပါ’’ဟု သစ်ရုံကျေးရွာအုပ်ချုပ်ရေး မှူး ဦးစိုးနိုင်က ပြောသည်။
မန္တလေးတိုင်းဒေသကြီးအ တွင်း ပြည်ခိုင်ဖြိုးရွာအမည်ဖြင့် စုစုပေါင်းကျေးရွာ ၅၀ ခန့်ရှိပြီး ၂၀၁၅ နိုဝင်ဘာလရွေးကောက်ပွဲ ကာလနှင့် ရွေးကောက်ပွဲအပြီး ဒီချုပ်ပါတီအနိုင်ရရှိပြီးနောက် ပြည်ခိုင်ဖြိုးရွာဟူသော အမည် ဆိုင်းဘုတ်ကို ဖျက်ခဲ့ကြပြီး မိမိတို့၏ ဘိုးစဉ်ဘောင်ဆက်အမည် ကျေးရွာဆိုင်းဘုတ်ကို ပြန်လည် စိုက်ထူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီအမှတ်တံ ဆိပ်ဖြင့် စိုက်ထူထားသော ပြည် ခိုင်ဖြိုးရွာဆိုင်းဘုတ်များနှင့် ပတ် သက်၍ ရွေးကောက်ပွဲကာလအ တွင်း စောင့်ကြည့်လေ့လာရေးအ ဖွဲ့များက ရွေးကောက်ပွဲစည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်ခြင်းရှိ၊ မရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အား မေးခွန်းထုတ်ခဲ့သ ဖြင့် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး က ဆောင်ရွက်ပေးပါမည်ဟု ကတိပြုခဲ့ကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများကွန် ရက် (EON) ၏ တာဝန်ခံ ဦးညီညီကျော်က ပြောသည်။
‘‘ဒီနေ့ဒီလိုဖြစ်လာတဲ့ အ ကြောင်းရင်းက ပြောင်းလဲသွားတဲ့အခြေအနေမှာ ရွာသူရွာသားတွေရဲ့ ဆန္ဒဟာ သူတို့လည်း သူတို့ရွာထိပ်က ဆိုင်းဘုတ်ကို ပြောင်း လဲချင်တဲ့ဆန္ဒပါ။ တချို့လည်း ညပိုင်းမှာ ဆောက်တွေဘာတွေနဲ့ ထိုးခွာသွားတဲ့ အခြေအနေမှာ မလှမပတော့တဲ့ အခြေအနေကြောင့် ရယ်၊ ပြီးတော့ အုပ်ချုပ်ရေးမှူးရွေး ချယ်ခါနီးအခြေအနေမှာ ရွာသူ ရွာသားတွေရဲ့ ထောက်ခံမှုလိုချင် တာနဲ့ အခုလိုမျိုးတွေ လုပ်လာ တာပါ’’ဟု ဦးညီညီကျော်က သုံး သပ်ပြောဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ပြည်ထောင် စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအဖွဲ့ချုပ် မှ တာဝန်ရှိသူများသို့ဆက်သွယ် မေးမြန်းကြည့်ရာ မသိရှိကြောင်း ပြန်လည်ဖြေကြားသည်။
No comments