Breaking News

အရေးပေါ် လူနာတင်ယာဉ် စီးရေ ၁၉၀ ဖေဖော်ဝါရီတွင် ရောက်ရှိမည်

လူမှုကူညီရေးအသင်းတစ်ခု၏ လူနာတင်ယာဉ်များ (ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ))
အရေးပေါ်လူနာတင် ယာဉ်အသစ် အစီးရေ ၁၉၀ ဖေဖော်ဝါရီတွင် ရောက်ရှိမည် ဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ဌာနမှ တာဝန်ခံ ဆရာဝန်ကြီး ဒေါက်တာမင်းဦးက ပြော သည်။
‘‘၂၀၁၅ ဘတ်ဂျက်နဲ့ လူနာ တင်ယာဉ်အသစ် ၁၉၀ ဝယ်ယူ ထားပြီးဖြစ်ပါတယ်။ ပထမအဆင့်အနေနဲ့ နေပြည်တော်နဲ့ ရန်ကုန်-မန္တလေးအဝေးပြေး လမ်းမတစ်လျှောက် အရေးပေါ်ပြုစုကုသမှုပေးနိုင်အောင် လူနာတင်ယာဉ်တွေကို ၂၀၁၆ အတွင်းမှာ ဖြန့်ကြက်ချထားမှာဖြစ်ပါတယ်။ ဒုတိယအဆင့်ကတော့ ရန်ကုန်-မန္တလေးလို မြို့ကြီးတွေမှာ အရေးပေါ် လူနာတင်ယာဉ်စနစ်အ ကောင်အထည် ဖော်ပြီးနောက် တဖြည်းဖြည်း တိုးချဲ့ပြီး တိုင်းနဲ့ပြည်နယ်မြို့ကြီးတွေမှာ စတင်သွားမှာပါ’’ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီအတွင်း ရောက် ရှိလာမည့် အရေးပေါ်လူနာတင် ယာဉ်အစီးရေ ၁၉၀ မှာ အောက် ဆီဂျင်နှင့် ချွဲစုပ်စက်များ ပါဝင် သည့် အခြေခံအရေးပေါ်လူနာ တင်ယာဉ်နှင့် နှလုံးနှိုးစက်၊ အ သက်ရှူစက်၊ ECG စက်များပါဝင် သော အဆင့်မြင့်အရေးပေါ်လူနာ တင်ယာဉ်များဖြစ်သည်။
ထိုသို့ အရေးပေါ်လူနာတင် ယာဉ်များဝယ်ယူခြင်းအပြင် နေ ပြည်တော်နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်ရှိ ဆေးရုံ များမှ သူနာပြုအကူနှင့် လူမှုရေး အသင်းအဖွဲ့များမှ စေတနာ့ဝန် ထမ်း ၅၀၀ ခန့်ကို လူနာတင်ယာဉ် စီမံခန့်ခွဲခြင်းနှင့် အရေးပေါ်အသက်ကယ်နည်း သင်တန်းများ ပေးနိုင်ရန် စီစဉ်နေကြောင်း သိရ သည်။  ‘‘ပြီးတော့ အရေးပေါ်လူနာ တင်ယာဉ်ခေါ်ဆိုမှုဖုန်းနံပါတ်ဖြစ် တဲ့ ၁၉၂ ကို တိုင်းနဲ့ ပြည်နယ်တွေ မှာ အကောင်အထည်ဖော်ပြီး Central Dispatch လို့ခေါ်တဲ့ လူ နာတင်ယာဉ်စီမံခန့်ခွဲစေလွှတ်တဲ့ ဌာနတွေ ထူထောင်သွားဖို့လည်း ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ဆွေး နွေးသဘောတူပြီးပြီ။ ဗဟိုကွပ်ကဲ မှုပုံစံနဲ့ ဒီစနစ်ကြီးဖြစ်ထွန်းလာပြီ ဆိုရင်တော့ လူနာတင်ယာဉ်က လူနာရှိတဲ့နေရာကို အချိန်မီရောက် ပြီး နီးစပ်ရာဆေးရုံမှာ အချိန်မီ ကုသနိုင်မယ်။ အဲဒီလိုဆို အသေ အပျောက်နှုန်းနည်းသွားမယ်လို့ ယူဆပါတယ်’’ဟု ဒေါက်တာမော် ဦးက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင် ပျမ်းမျှအား ဖြင့် တစ်ပတ်လျှင် အရေးပေါ်လူ နာ ၃,၀၀၀ ခန့်အနက် ဆယ်ဦးအ ထက်မှာ အရေးပေါ်ဌာနသို့ အချိန်မီမရောက်ရှိ၍ အသက်ဆုံးရှုံးနေရ ပြီး အကြောင်းရင်းများမှာ လူနာရောဂါအခြေအနေဆိုးရွားခြင်း၊ လူနာသယ်ဆောင်လာစဉ် လမ်း၌လိုအပ်သော ပြုစုကုသမှုမပြုလုပ် နိုင်ခြင်းနှင့် ယာဉ်ကြောပိတ်ဆို့ ခြင်းတို့ကြောင့်ဖြစ်ကြောင်း ဆရာဝန်ကြီးအချို့က သုံးသပ်သည်။
‘‘အရေးပေါ်လူနာတင်ယာဉ် စနစ်ဆိုတာက လူနာကို သယ်ပို့ ပေးတာတင်မကဘဲ ဖြစ်တဲ့နေရာ မှာ ချက်ချင်းပြုစုကုသမှုပေးနိုင်ပြီး တော့ နီးစပ်ရာဆေးရုံကို အမြန်ဆုံးသယ်ယူပို့ဆောင်ပေးနိုင်တာကို ပြောတာပါ။ အခုက ကျွန်တော်တို့ ဆီမှာက အဲဒီလိုမဟုတ်သေးဘူး။ ဒါကြောင့် အရေးပေါ်ကုသမှုဌာန တွေ၊ ပစ္စည်းကိရိယာအစုံအလင် ပါတဲ့ အရေးပေါ်လူနာတင်ယာဉ် တွေအနေနဲ့ ဟော့လိုင်းနံပါတ် တွေ ဒီလိုမျိုး ထောင့်ပေါင်းစုံက အချိန်ယူပြီး ပြုလုပ်နိုင်မှ အောင်မြင်မယ်လို့ထင်တယ်’’ဟု မြောက်ဒဂုံမြို့နယ်မှ ဒေါက်တာအောင် အောင်က ပြောသည်။

No comments