လွှတ်တော်ကိုယ်စားလှယ် ၅၀ ခန့်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အုပ်ချုပ်ရေးဆိုင်ရာ သင်တန်းပေး

တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များနှင့် လွှတ်တော်များတွင် ဦးဆောင်ပါ ၀င်မည့်သူများအဖြစ် သတင်း ထွက်နေသူများအပါအ၀င် လွှတ် တော်ကိုယ်စားလှယ် ၅၀ ဦးခန့်ကို ရွေးကောက်ပွဲအနိုင်ရအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အုပ်ချုပ် ရေးပိုင်းဆိုင်ရာ သင်တန်းတစ်ခု ပေးခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော်ရှိလွှတ်တော် အဆောက်အအုံဝင်းအတွင်း ပြု လုပ်ခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ရသည့် အဆိုပါသင် တန်းသည် လေးရက်တာမျှကြာ မြင့်ခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်၌ ပြီး ဆုံးခဲ့ခြင်းဖြစ်သည်။
‘‘အဓိကကတော့ အုပ်ချုပ် ရေးပိုင်းဆိုင်ရာတွေကို လေ့လာရ ပါတယ်။ တိုင်းနဲ့ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တွေ ချည်းပဲ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရမယ့် အ ကြောင်းနဲ့ အစိုးရအဖွဲ့ရဲ့ အုပ် ချုပ်ရေးပိုင်းဆိုင်ရာတွေပါတယ်’’ ဟု သင်တန်းသို့ တက်ရောက်ခဲ့သူ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်တစ်ဦးက ပြောသည်။
သင်တန်းသို့အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစား အရာရှိကြီးများ လာရောက်ကာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများ သင် ကြားပေးခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက် က ပြုလုပ်သော သင်တန်းဆင်းပွဲ ကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နာယက သူရဦးတင်ဦး၊ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်၊ ပါတီဗဟိုအလုပ်အမှု ဆောင် ဦးဝင်းထိန်၊ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေ မန်းတို့ တက်ရောက်ခဲ့ကြသည်။
ယင်းသင်တန်းကို ကရင် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရေ ပန်းစားနေသော ဒေါ်နန်းခင်ထွေး မြင့်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အ ဖြစ် ရေပန်းစားနေသူ ဦးညီပု၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် သတင်းထွက်နေသူ ဦးဖြိုးမင်း သိမ်း၊ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် ခန့်မှန်းခံရသူ ဦးမန်းဂျော်နီ၊ မကွေးတိုင်းဒေသ ကြီးဝန်ကြီးချုပ်အဖြစ် သတင်း ထွက်နေသူ ဒေါက်တာအောင်မိုး ညိုတို့လည်း တက်ရောက်ခဲ့ကြ သည်။ လက်ရှိသမ္မတဦးသိန်းစိန်အစိုးရသက်တမ်းသည် လာမည့် မတ်လ ၃၀ ရက်တွင် ကုန်ဆုံးတော့မည်ဖြစ်ပြီး ယင်းကာလ နောက်ပိုင်းမှစတင်ကာ နိုင်ငံကိုရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ငါးနှစ်တာ အုပ်ချုပ်ရတော့မည်ဖြစ်သည်။

No comments