ဘာကာနိုင်ပွဲဆက်ပြီး ဇယားကို ဆက်လက်ဦးဆောင်၊ အာဆင်နယ် နိုင်ပွဲရကာ တတိယဖြစ်လာ
Daily Mail
လန်ဒန် - လာလီဂါပွဲတွင် ဘာစီလိုနာက ဇယားအောက်ဆုံးမှလီဗန်တေးကို နှစ်ဂိုး၊ ဂိုးမရှိဖြင့်အဝေးကွင်း၌ နိုင်ပွဲရခဲ့ပြီး နည်းပြ လူးဝစ် အင်းနရစ်သည်လည်း ယခင်နည်းပြ ဂွါဒီယိုလာ တင်ခဲ့ သည့် (၂၈) ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို မီသွားသည်။ ပရီးမီးယားလိဂ်တွင် အာဆင်နယ်က ဘုန်းမောက်နှင့်ပွဲ၌ ၂-၀ဂိုးဖြင့် အဝေးကွင်းနိုင်ပွဲရခဲ့ကာ လက်စ တာနှင့် စပါးတို့နောက်တွင် တတိ ယနေရာမှ ကပ်လိုက်နိုင်ခဲ့သည်။
ဘာစီလိုနာသည် လီဗန် တေးကို အဝေးကွင်းသို့ သွားရောက်ကစားခဲ့ရာတွင် အသာစီးဖြင့် ဖိကစားနိုင်ခဲ့ပြီး မက်ဆီ၊ ဆွာရက်ဇ်၊ နေမာတို့ ရှေ့တန်းကဆက်တိုက်တိုက်စစ် ကစားကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။
၂၁ မိနစ်တွင် အယ်လ်ဘာတင်ပေးသော ဘောလုံး လီဗန်တေး နောက်ခံလူ နာဗာရိုနှင့် ထိမိပြီးလမ်းကြောင်းပြောင်း၍ ကိုယ့်ဂိုးကိုယ်သွင်းမိပြီး ဘာစီလိုနာဦး ဆောင်ဂိုးရခဲ့သည်။
ထို့နောက် လီဗန်တေးက တန်ပြန်တိုက်စစ် ကစားခဲ့သော် လည်း ဘာစီလိုနာကပင် ဦး ဆောင်နေပြီး ပွဲချိန်ပြည့်၍ နာကျင်အချိန်ပို ၉၂ မိနစ်တွင် ဆွာ ရက်ဇ်က ဒုတိယဂိုးသွင်းယူခဲ့ပြီး ၂-၀ ဂိုးဖြင့် ပွဲပြီးခဲ့သည်။
ဆွာရက်ဇ်သည် လာလီဂါထိပ်တန်းဂိုးသွင်းရှင်များ စာရင်းတွင် ရော်နယ်ဒိုကို ယာယီကျော် ဖြတ်၍ ၂၀ ဂိုးဖြင့် ဦးဆောင်ခဲ့ သည်။
ပရီးမီးယားလိဂ်ပွဲစဉ် (၂၅)ဘုန်းမောက်-အာဆင်နယ်ပွဲတွင် လည်း အာဆင်နယ်က အိုဇေးလ်နှင့် ချိန်ဘာလိန်တို့၏ ဂိုးများဖြင့် အနိုင်ရသွားခဲ့ကာ လန်ဒန်မြို့ခံစပါးနှင့်အမှတ်တူ တတိယနေရာ တွင် ရပ်တည်နိုင်ခဲ့သည်။
၂၃ မိနစ်တွင် အိုဇေးလ်က ရမ်ဆေး၏ ဖြတ်တင်ဘောမှ ဂျီရော့ဒ်ခေါင်းတိုက် ချပေးချက်ကို အပြင်းကန်သွင်းပြီး အဖွင့်ဂိုးယူခဲ့သည်။ ထို့နောက် တစ်မိနစ်အတွင်း ဘုန်းမောက်ခံစစ်မှ စတိဗ်ကွတ်ဘောလုံးပျက်သည်ကို ရမ်းဆေးကပင်ရယူသွားခဲ့ပြီး ချိန်ဘာလိန်အား ထိုးပေးကာ ဒုတိယဂိုးရခဲ့သည်။ ဒုတိယပိုင်းတွင် ဘုန်းမောက်မှ အာတာကန်သွင်းချက်ကို ပီတာဆက်ခ်ျကာကွယ် နိုင်ခဲ့ပြီး ဆန်းချက်ဇ်ကန်ချက်ကို ဘုန်းမောက်ဂိုးသမား ဘိုရက်ကာကွယ် နိုင်ခဲ့၍ ဂိုးထပ်မသွင်းနိုင်ဘဲ ပြီးဆုံးခဲ့သည်။
စီးရီးအေပွဲစဉ်တွင်မူ အဆင့် (၄) အင်တာမီလန်က ဇယားအောက်ဆုံး ဗီရိုနာကို အဝေးကွင်း ၌ ၃-၃ ဂိုးသရေကျခဲ့ပြီး စတုတ္ထနေရာတွင် ဆက်လက်ရှိခဲ့ကာ ပထမနာပိုလီနှင့် ရှစ်မှတ်ကွာဟ သွားခဲ့သည်။
No comments