သာဓုကန်အနီးတွင် ဓာတ်ငွေ့ပိုက်လိုင်းပေါက်ရာမှ မီးလောင်ကျွ မ်း
ရွှေပြည်သာမြို့နယ် သာဓုကန်အနီးတွင် ဓာတ်ငွေ့ပိုက်လိုင်းပေါက်ရာမှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ တစ်နာရီဝန်းကျင် ငြှိမ်းသတ်ခဲ့ရသည်။ (ဓာတ်ပုံ − ဇွဲရန်နိုင်(ERSSDO))
ရွှေပြည်သာမြို့နယ် သာဓုကန်အနီးရှိ ဓာတ်ငွေ့ပိုက်လိုင်းပေါက်ရာမှ မီးလောင်ကျွမ်းမှုတစ်ခုဖေဖော်ဝါရီ ၂၇ရက် ညနေက ဖြစ်ပွားခဲ့သည်။
ပိုက်လိုင်းဆွေးနေသည့်နေရာမှ ပေါက်ထွက်၍ ဓာတ်ငွေ့များ
ပန်းထွက်ကာအပေါ်ရှိ လျှပ်စစ်ဓာတ်ကြိုးကို ရိုက်ခတ်ပြီး ဓာတ်ကြိုးများ ထိခတ်မိ၍ မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးမှူးဦးသော်ဒါက ပြောသည်။
မီးလောင်မှုကြောင့် အနီးရှိလက်ဖက်ရည်ဆိုင်ရှိ ပစ္စည်းများကူးစက်လောင်ကျွမ်းခဲ့သဖြင့် ကျပ်သိန်း ၃၀ ဖိုးခန့် ဆုံးရှုံးကြောင်း လက်ဖက်ရည်ဆိုင်ပိုင်ရှင်က ခန့်မှန်းထားသည်ဟု ၎င်းကဆိုသည်။
မီးလောင်ကျွမ်းမှုသည် ညနေ ၅နာရီခွဲခန့်က ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က မီးလောင်မှု အဆင့် ၃အဖြစ်သတ်မှတ်ကာ တစ်နာရီခန့်ကြာ ငြှိမ်းသတ်ခဲ့ရကြောင်းသိရသည်။မီးငြှိမ်းသတ်ပြီးနောက်ဓာတ်ငွေ့ပိုက်လိုင်းကို ပိတ်လိုက်ပြီဖြစ် သော်လည်း ည ၉နာရီအထိ ပိုက် လိုင်းတွင် ကျန်နေသည့် ဂက်စ်အကြွင်းအကျန်များစိမ့်နေသဖြင့်ရေများဖြည့်ကာ မီးသတ်ဌာနက စောင့်ကြည့်နေဆဲဖြစ်ကြောင်း ဦးသော်ဒါက ဆိုသည်။မီးလောင်ကျွမ်းမှုတွင် မီးတောက်များပြားခဲ့သည့် အတွက် အနီးဝန်းကျင်၌ နေထိုင်သူများအထိတ်တလန့်ဖြစ်ခဲ့ကြပြီး ရွှေပြည်သာ စက်မှုဇုန်ရှိ စက်ရုံများ အလုပ်စောစောသိမ်းလိုက်ကြရသည်ဟု စက်ရုံလုပ်သားများက ပြောသည်။‘‘မီးတောက်ကလည်း ကြီး တယ်။ စက်ရုံနဲ့ကလည်းနီးတော့ ရုံထဲက လူတွေ ထွက်ပြေးကြ တယ်။ အကုန်ပြန်သွားကြတာ၊ ပြန်မလာကြတော့ဘူး။ တချို့စက်ရုံတွေလည်း စောစောပြန်လွှတ် လိုက်ကြတယ်’’ ဟု ရွှေပြည်သာ စက်မှုဇုန်မှ အထည်ချုပ်စက်ရုံ လုပ်သား ကိုလင်းလင်းက ပြော သည်။
No comments