ပထ၀ီအနေအထားကြောင့် ကာကွယ်ရေး အမြဲသတိရှိ ပြင်ဆင်ထားရန် တပ်ချုပ်ပြောကြား


လေ့ကျင့်ပစ်ခတ်မှု ပြုလုပ်နေစဉ် (ဓာတ်ပုံ − Senior General Min Aung Hlaing FB)
 မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံကြား မြေ ပြင်၊ ရေပြင် အနေအထားအရ မဟာဗျူဟာမြောက် အရေးပါ၍ ကာကွယ်ရေးအတွက် အမြဲသတိ ရှိ ပြင်ဆင်ထားရန်လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၇ ရက်က မြန် မာ့ရေပိုင်နက် ပင်လယ်ပြင် (ကိုကိုးကျွန်းဒေသ)တွင် ပြုလုပ်ခဲ့သည့် တပ်မတော်(ရေ) စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင် မှု လေ့ကျင့်ခန်း၌ ပါဝင်ခဲ့သော စစ်ရေယာဉ်မှူးများ၊အရာရှိ၊ စစ် သည်များအား အကဲကြည့်စစ်ရေ ယာဉ် အောင်ဇေယျပေါ်တွင် အ မှာစကား ပြောကြားရာ၌ ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် အာဆီယံ နိုင်ငံများတွင် အနောက်ဘက် အ စွန်ဆုံး၌ တည်ရှိပြီး တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံအကြား တည်ရှိသဖြင့် မြေအနေအထားအရ မဟာဗျူဟာမြောက် အရေးပါ ကြောင်းနှင့် ရေပြင်အနေအထား တွင်လည်း ဘင်္ဂလားပင်လယ် အော်၊ အိန္ဒိယသမုဒ္ဒရာတို့နှင့် ဆက်စပ်နေသည့် ရေပြင်ကို ပိုင် ဆိုင်ထား၍ ရေပြင်မြေပြင် အနေ အထားများအရ အရေးပါသော နိုင်ငံဖြစ်၍ နိုင်ငံကာကွယ်ရေးအ တွက် အမြဲသတိရှိပြင်ဆင်ထား ရန်လိုအပ်ကြောင်း ဗိုလ်ချုပ်မှူး ကြီး  မင်းအောင်လှိုင်ကပြောသည်။
တပ်မတော်(ရေ)မှ စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်နေသည့် သတ်မှတ်ပင်လယ်ပြင် ဧရိယာ တွင် ဖေဖော်ဝါရီ ၂၅ ရက်ညနေ က အမျိုးအစား စိစစ်ဆဲ မြန်နှုန်းမြင့် လေယာဉ်သုံးစီး ၀င်ရောက်ပျံသန်းသွားခဲ့သည်ကို သိရှိရကြောင်း တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ရုံးက သတင်းထုတ်ပြန်ထား သည်။
စစ်ဦးစီးအရာရှိချုပ် (ရေ) ဗိုလ်မှူးချုပ် မိုးအောင်က ‘‘ကျွန် တော်တို့ရဲ့ ဝေဟင်ကိုရောက်လာ တယ်။ မီတာ ခုနစ်ထောင်လောက် မှာရှိတယ်။ ကျွန်တော်တို့ရဲ့ အာ ရုံခံ ကိရိယာတွေနဲ့ ဖမ်းယူရရှိပါ တယ်’’ဟု သတင်းထောက်များနှင့် စစ်ရေးလေ့ကျင့်ခန်း၌ တွေ့ဆုံ စဉ်ပြောကြားသည်။
ဆက်လက်၍ ‘‘သာမန်အား ဖြင့် ဒီ Channel က အပြည်ပြည် ဆိုင်ရာ လေကြောင်းလမ်းနဲ့ နီး စပ်ပါတယ်။ ကိုကိုးကျွန်းချန်နယ် ကနေ အပြည်ပြည်ဆိုင်ရာ လေ ကြောင်းတွေ ပျံသန်းနေတာ တစ် နေ့ကို Airline ခြောက်ခုလောက် က ပျံသန်းနေပါတယ်။ သာမန် အားဖြင့် သာမန် Commercial Flight တွေက Speed က ကြည့် လိုက်ရင်သိပါတယ်။ Speed က ဖိုက်တာနဲ့ မတူပါဘူး’’ ဟု ဗိုလ် မှူးချုပ် မိုးအောင်က ရှင်းပြသည်။ အဆိုပါမြန်နှုန်းမြင့် လေယာဉ်များမှာ ရည်ရွယ်ချက်ဖြင့် မဟုတ်ဘဲ လေ့ကျင့်ခန်းပြုလုပ်ရင်း မတော် တဆကျော်လွန်လာခြင်းဖြစ်နိုင် ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။
‘‘မနေ့က လေယာဉ်တွေဝင် လာတာကလည်း သူတို့လေ့ကျင့် ရင်းနှင့် မတော်တဆဖြတ်ပြီးတော့ ရောက်လာတာလည်း ဖြစ်နိုင်ပါ တယ်။ ဒါပေမဲ့ ကျွန်တော်တို့အ တွက် အကျိုးရှိတာက ကျွန်တော် တို့အတွက် သိရတယ်။ ဝင်လာတဲ့ အချိန်မှာချက်ချင်းသိတယ်။ မိနစ် ပိုင်းအတွင်း၊ စက္ကန့်ပိုင်းအတွင်း သိတယ်။ ဒါ ကျွန်တော်တို့ရဲ့ Sensor တွေနဲ့ ကျွန်တော်တို့အ သင့်ဖြစ်မှုကို ပြောကြားလိုပါ တယ်’’ဟု ဗိုလ်မှူးချုပ်မိုးအောင်က သတင်းထောက်များအား ပြောကြားသည်။
ရေတပ်စစ်ရေးလေ့ကျင့်မှုကိုဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်ခဲ့ရာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးနှင့် လေကြောင်းရန်ကာကွယ်ရေးလက်နက်များကို စစ်သင်္ဘောများက လက်တွေ့ပစ်ခတ်ပြသခဲ့သည်။
စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့် ခန်း(Combined Fleet Exercise -Sea Sheild 2016) ကို ကိုကိုးကျွန်း အရှေ့ဘက်ပင်လယ် ရေပြင်တွင် စစ်ရေယာဉ်အစီး ၂၀ ကျော်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ခြောက်နာရီခန့်အကြာ ပြု လုပ်ခဲ့သော ပင်လယ်ပြင်စစ်ဆင် မှုလေ့ကျင့်ခန်းတွင်ရေတပ်အထူး ရေငုပ်တပ်ဖွဲ့ (NAVY SEALS) ၏ဓားစာခံများအား ကယ်ဆယ် ခြင်းနှင့် ရန်သူ့ရေယာဉ် ဖောက်ခွဲ ဖျက်ဆီးခြင်း သရုပ်ပြလေ့ကျင့် ခန်း၊ ပင်လယ်ပြင် မီးငြှိမ်းသတ် ခြင်း လေ့ကျင့်ခန်းအပြင် ရေငုပ် သင်္ဘောတိုက်ဖျက်ရေးလက်နက် များ၊ လေကြောင်းရန်ကာကွယ် ရေးလက်နက်များ လက်တွေ့ပစ် ခတ်ခြင်း၊ ၁၀၀ မီလီမီတာ အ မြောက်ကြီးများ လက်တွေ့ပစ် ခတ်ခြင်းအပါအ၀င် ပစ်မှတ်တု ရေယာဉ်တစ်စီးကို ပဲ့ထိန်းဒုံးပျံဖြင့်လက်တွေ့ပစ်ခတ်ဖျက်ဆီးနစ်မြှုပ်ခြင်းများ ပါဝင်သည်။

No comments