အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲများတွင် ဦးဆောင်သူအဖြစ် တရားစွဲခံရမှုများအား တရားရုံးနှင့် ပူးပေါင်းတော့မည်မဟုတ်ဟု ဗကသများအဖွဲ့ချုပ်ပြော
အမျိုးသားပညာရေးသပိတ်မှောက်ကျောင်းသားများ လက်ပံတန်းမြို့တွင် ထိုင်သပိတ်ဆင်နွှဲနေစဉ် (ဓာတ်ပုံ-စိုင်းဇော်)
အရပ်ဘက်အဖွဲ့အစည်း များ ပူးပေါင်းပြုလုပ်ခဲ့သည့် ဆန္ဒ ထုတ်ဖော်ပွဲများတွင် ဦးဆောင်သူ အဖြစ် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံနေရသော အမှုများအတွက် တရားရုံးနှင့် ပူးပေါင်းဆောင်ရွက် တော့မည်မဟုတ်ကြောင်း ဗကသ များအဖွဲ့ချုပ်၏ ကျောင်းသား ခေါင်းဆောင်များက ပြောသည်။
ရန်ကုန်မြို့တွင် ၂၀၁၅ အ တွင်း အရပ်ဘက်အဖွဲ့အစည်း များ ပူးပေါင်းပြုလုပ်ခဲ့သည့် ဒီမို ကရေစီပညာရေးသပိတ်ထောက် ခံပွဲများ၊ အကြမ်းဖက်မှုရှုတ်ချပွဲ များ အပါအ၀င် ဆန္ဒထုတ်ဖော်ပွဲ များ၌ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် မှ ကိုကျော်ကိုကို၊ ကိုမင်းသွေး သစ်၊ ကိုနန္ဒစစ်အောင်၊ ကိုလင်း ထက်နိုင်နှင့် မဖြိုးဖြိုးအောင်တို့ အပါအ၀င် ကျောင်းသားခေါင်း ဆောင်များအား ဦးဆောင်သူများ အဖြစ် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို နေမှုကို ရင်ဆိုင်တော့မည်မဟုတ် ကြောင်း ကမာရွတ်မြို့နယ်တရား ရုံး၌ မတ်လ ၃ ရက် ရုံးထုတ်သည့် ရုံးချိန်း၌ ၎င်းတို့က ပြောကြား လိုက်သည်။
ဗကသများအဖွဲ့ချုပ်၏ ကျောင်းသားခေါင်းဆောင်များ အား မတ်လ ၃ ရက်တွင် လှိုင်နှင့် ကမာရွတ်မြို့နယ် တရားရုံးများ၌ ရုံးထုတ်စစ်ဆေးခဲ့သည့် ရုံးချိန်း တွင် ၎င်းတို့၏ အကျိုးဆောင်ရှေ့ နေများထံမှ ရှေ့နေပါဝါများကို ရုပ်သိမ်းခဲ့ပြီး တရားခွင်အတွင်း ပူးပေါင်းဆောင်ရွက်မည် မဟုတ် ကြောင်း တရားသူကြီးထံ တင်ပြ ခဲ့သည်ဟု ကျောင်းသားခေါင်း ဆောင် ကိုနန္ဒစစ်အောင်ကပြော သည်။
‘‘တရားမျှတမှု ကင်းမဲ့နေတဲ့ တရားစီရင်ရေးစနစ်ကို မြင်သာ အောင် ကျွန်တော်တို့ တရားရုံး ထွက်ပြီးတော့ ဖော်ထုတ်ခဲ့တယ်။ အခု လူထုပါ ကျွန်တော်တို့လို သိ မြင်ပြီးတော့ ဆန့်ကျင်လာဖို့အ တွက် ရှေ့နေပါဝါထပ်တင်တာ လည်းမလုပ်တော့ဘူး။ ရှိနေတဲ့ ရှေ့နေပါဝါတွေကိုလည်း ရုပ် သိမ်းဖို့ အစီအစဉ်ရှိတယ်။ ဒါက လည်း တရားမျှတမှုကို အမှန်တ ကယ်လိုချင်လို့၊ မှန်ကန်တဲ့ တရား ရေးစနစ်မရှိဘူးဆိုတာ ပြည်သူ လူထုကို သိစေချင်လို့ ဒီနေရာက နေ တိုက်တွန်းတာဖြစ်တယ်’’ဟု ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ကမာရွတ်မြို့ နယ်တရားရုံး ရုံးထုတ်ချိန်တွင် ပြောသည်။
ဗကသများအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်များအား မတ်လ ၃ ရက်တွင် လှိုင်နှင့် ကမာရွတ်မြို့နယ် တရားရုံးများ၌ ရုံးထုတ် စစ်ဆေးခဲ့သည့် ငြိမ်းစုစီပုဒ်မ ၁၈ အမှုကို လှိုင်မြို့နယ် တရားရုံးတွင် မတ်လ ၁၀ ရက်နှင့် ကမာရွတ် မြို့နယ်တရားရုံးတွင် မတ်လ ၁၇ ရက်သို့ ထပ်မံ ချိန်းဆိုထားသည်။
‘‘ကျောင်းသားတွေကတရား စွဲထားတဲ့အထဲမှာ ဗကသများ အဖွဲ့ချုပ်နဲ့ မဆိုင်တာ။ ဒီမိုကရေ စီပညာရေးသပိတ်လှုပ်ရှားမှုနဲ့ မ ဆိုင်တာ။ ဒီမိုကရေစီပညာရေး ဦးဆောင်ကော်မတီနဲ့ မဆိုင်တဲ့ သပိတ်ထောက်ခံပွဲတို့၊ လက်ပံ တောင်းတောင်ဆန္ဒပြပွဲတို့မှာ ဦး ဆောင်သူအဖြစ် တရားစွဲဆိုခံရ တာကို အမှုမရင်ဆိုင်တော့ဘူးလို့ ဆုံးဖြတ်ပြီးတော့ ရှေ့နေပါဝါတွေ ကို ပြန်ရုပ်တာပါ’’ဟု ကျောင်း သားများ အကျိုးဆောင်ရှေ့နေ ဦးဌေးကပြောသည်။
ဗကသများအဖွဲ့ချုပ်၏ ကျောင်းသားခေါင်းဆောင်များကို ရန်ကုန်မြို့ရှိ မြို့နယ်အများစု တွင် ငြိမ်းစုစီပုဒ်မ (၁၈)ဖြင့် တရားစွဲဆိုလျက်ရှိပြီး တစ်ပတ် လျှင် လေးရက်ခန့်ဖြင့် တစ်ရက် လျှင် မြို့နယ်တရားရုံးလေးခုနှုန်း ဖြင့် တရားရင်ဆိုင်နေရကြောင်း သိရသည်။
credit 7 day daily
No comments