၂၀၁၆ခုနစ်နွေဦးတွင် ရွေးချယ်ဆင်မြန်းရမည့်အရောင်(၅)မျိုး
စတိုင်ကျလှပစေဖို့ရာ အရောင်ရွေးချယ်မှုမှန်ကန်ဖို့လိုပါတယ်။ အမှန်တကယ်စတိုင်ကျလှပနေသူများသည်
ရာသီအလိုက်အရောင်ရွေးချယ်ပြီး ဝတ်ဆင်ကျလေ့ရှိပါတယ်။ယခုအောက်ဖော်ပြပါ အရောင်(၅) မျိုးကတော့
New York ရှိ နာမည်ကြီး Fashion Designer များမှ ၂၀၁၆ခုနစ် နွေဦးရာသီနှင့် လိုက်ဖက်ညီစွာ ဝတ်ဆင်
ရမည့် အရောင်များဟု ဖော်ပြထားပြီး အရောင်များ၏ အဓိပ္ပါယ်များကိုလည်း ဖော်ပြထားပါတယ်။
၁။ BUTTERCUP ( နို့ထော်ပတ် အဝါ)
နို့ထော်ပတ်အဝါရောင်သည် ဝတ်ဆင်သူကို ပျော်ရွင်သော သဏာန်ပေါ်စေပြီး တောင်ပနေသော နေမင်းကြီး
လို ထင်ပေါ်စေပါတယ်။
၂။ FIESTA ( ထယ်ဝါသော အနီ )
ယခု အနီရောင်သည် ရဲရင့်ခြင်း ကိုကိုယ်စားမပြုပါဘူး။ ပွဲတော်အရောင်ဖြစ်ပြီး ဝတ်ဆင်သူကို ထယ်ထယ်
ဝါဝါအဖြစ်ပေါ်လွင်စေ သော အနီရောင်ဖြစ်ပါတယ်။ ယခုအရောင်ကိုဝတ်ဆင်သောအားဖြင့်-
က။ မြင်သူကို စိတ်လှုပ်ရှားစေပါတယ်။
ခ။ လွတ်လပ်ပေါ့ပါးသော အသွင်အပြင်ကိုဖြစ်ပေါ်စေပါတယ်။
၃။ GREEN FLASH ( သစ်စိမ်းရောင် )
သစ်စိမ်းရောင်ကိုဝတ်ဆင်ခြင်းအားဖြင့် ပြိုင်ဘက်ကင်းသော အလှအပကိုရရှိမှာ ဖြစ်ပါတယ်။ပြီးနောက် ပွင့်လင်းမှု
ကိုဖော်ပြပါတယ်။
၎။ ICED COFFEE (ကော်ဖီအေးရောင်)
ကော်ဖီအေးရောင်ကို ဝတ်ဆင်ခြင်းအားဖြင့် မြင်လိုက်သောသူများ၏ရင်ကိုအေးစေပါတယ်။ နူးညံပြီး တည်ငြိမ်မှု
အသွင်အပြင်ကို ရစေပါတယ်
၅။ PEACH ECHO (မက်မွန်သီးရောင်)
မက်မွန်သီးရောင် သည်ရှားပါးသောအရောင်မဟုတ်ပင်မည့် လို့သိရှိသောသူများပင်ရှားပါးလှပါတယ်။မက်မွန်သီး
အရောင်ကို ဝတ်ဆင်သောသူများသည် ဖော်ရွေမှုရှိသော နွေးထွေးသော အသွင်အပြင်ကိုပေါ်လွင်စေပါသည်။
အထက်ပါဖော်ပြသွားသော အရောင်များသည် ၂၀၁၆ခုနစ်၏နွေဦးအရောင်များဖြစ်သောကြောင့် အဝတ်အစား
ဝတ်ဆင်ရာမှာ ရွေးချယ်ရုံသာမက အိမ်၊ဆိုင်၊အရောင်ပြခန်းနှင် မိမိ ကြိုက်နှစ်သက်သော မည့်သည့်နေရာများ
တွင်မှာမဆို စိတ်ကြိုက်အလှဆင်နိုင်ပါသည်။
No comments