Breaking News

မြန်မာနိုင်ငံ၏ ကဏ္ဍကြီး ခြောက်ခုအတွက် ကူညီရန် ဂျပန် ကတိပြု






မန်မာအစိုးရက အလေးထားသည့် အလုပ်အကိုင် ဖန်တီးရေး၊ ကျန်းမာရေး၊ ပညာ ရေး၊ စိုက်ပျိုးရေး၊ အခြေခံအ ဆောက်အအုံတည်ဆောက်ရေး၊ ဘဏ္ဍာရေး ငွေရေးကြေးရေး ကဏ္ဍတို့တွင် ဂျပန်အစိုးရက ကူညီဆောင်ရွက်ပေးမည်ဟု နေ ပြည်တော်၌ ရောက်ရှိနေသော ဂျပန်နိုင်ငံခြားရေးဝန်ကြီးက  မေ လ ၃ ရက်တွင် ကတိပေးပြော ကြားခဲ့သည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမိအိုခိရှိဒါသည် မြန်မာနိုင်ငံခြား ရေးဝန်ကြီး ဒေါ်အောင်ဆန်းစု ကြည်နှင့် သမ္မတဦးထင်ကျော်တို့ ကို သီးခြားစီတွေ့ဆုံပြီးနောက် ဖွံ့ဖြိုးရေးအကူအညီများ ပေးအပ် မည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
‘‘ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာအစိုးရနဲ့ သေသေချာချာ ဆွေးနွေးပြီး တကယ်လိုအပ်ချက် ကို အသေးစိတ်သေသေချာချာ စဉ်းစားပြီးတော့မှ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ချိတ်ဆက်ပူးပေါင်းဆွေးနွေးပြီး လိုအပ်ချက်ရှိတဲ့နေရာကို ဖြည့်ဆည်းနိုင်ဖို့အတွက် ကျွန်တော်တို့ အစွမ်းကုန်ကူညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ ပြောကြားလိုပါတယ်ခင်ဗျ’’ဟု မစ္စတာ ဖူမိအိုခိရှိဒါက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံအပြီး နိုင်ငံခြားရေးဝန်ကြီးဌာန တွင် ပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
ဂျပန်ဝန်ကြီး ရှင်ဇိုအာဘေး ၏ အထူးအကြံပေး မစ္စတာ ဟီရို တိုအိဇုမိက ပြီးခဲ့သည့် ဖေဖော်ဝါ ရီက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ စဉ်အတွင်း ဂျပန်အနေဖြင့် မြန် မာဖွံ့ဖြိုးရေးအစီအစဉ်များအ တွက် ကူညီရန် အိဇုမိထံ ဒေါ် အောင်ဆန်းစုကြည်က တောင်း ဆိုခဲ့ဖူးသည်။ ယင်းနောက် ဂျပန် ၏ တရားဝင်ဖွံ့ဖြိုးတိုးတက်မှုအ ကူအညီ (ODA) ခေါင်းစဉ်အောက် မှနေ၍ ချေးငွေ၊ ထောက်ပံ့ငွေ ယန်း ၁၀၀ ဘီလီယံကျော်ကူညီရန် ဂျပန်အစိုးရက စီစဉ်နေသည်။ အသေးစိတ်အစီအစဉ်များကို ဇွန် လခန့်တွင် ဆွေးနွေးပြုစု၍ အခြားနိုင်ငံများထက် ဦးစွာလက်ဆုပ် လက်ကိုင်ပြနိုင်သော အကူအညီ အစီအစဉ်များ ရှိထားချင်နေ ကြောင်း ဂျပန်တိုင်းမ်က သတင်း ဖော်ပြခဲ့သည်။
တစ်ချိန်တည်းမှာပင် ဂျပန် အစိုးရသည် မြန်မာအပါအ၀င် မဲခေါင်မြစ်ဝှမ်းအောက်ဘက်ခြမ်း ဒေသနိုင်ငံများနှင့် ပူးတွဲလုပ် ဆောင်ရန်နှင့် ယင်းနိုင်ငံတို့၏ အခြေခံအဆောက်အအုံနှင့် ဖွံ့ဖြိုးရေးကူညီနိုင်ရန် သုံးနှစ်တာကာလအတွင်း ယန်း ၇၅၀ ဘီလီယံ(ဒေါ်လာ ခုနစ်ဘီလီယံ) ခန့်ထောက်ပံ့သွားမည့် အစီအစဉ်ရှိသည်။
 ဦးသိန်းစိန်အစိုးရလက် ထက်တွင် ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ အခြေခံအဆောက်အအုံနှင့် ငွေရေးကြေးရေးအကူအညီများပေးခဲ့သော ဂျပန်အနေဖြင့် ဒီချုပ်အစိုးရလက်ထက်တွင် အဘက်ဘက်က ကူညီသွားမည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးက မေလ ၃ ရက်တွင် ပြောကြားသည်။
မစ္စတာ ဖူမိအိုခိရှိဒါသည် သမ္မတဦးထင်ကျော်နှင့် တွေ့ဆုံ၍မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊တရားဥပဒေစိုးမိုးရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ အကူအညီပေးရေး၊ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တွင် ဂျပန်နိုင်ငံမှ ဖွံ့ဖြိုးမှုမိတ်ဖက်အဖြစ် ဆက်လက်ဆောင်ရွက်သွားရေး၊ ငွေကြေးဈေးကွက်၊ ဘဏ္ဍာရေးဈေးကွက်နှင့် အလုပ်အကိုင်အခွင့်အလမ်းများဖြစ်ထွန်းလာစေရေး၊ သီလ၀ါအထူးစီးပွားရေးဇုန်တွင် ဂျပန်လုပ်ငန်းရှင်များ ဆက်လက်ရင်းနှီးမြှုပ်နှံရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များတွင် အကူအညီပေးရေး၊ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် ဂျပန်စစ်သည်များ၏ အရိုးရှာဖွေ ကောက်ယူခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံပြည်သူများအကြား အကျိုးစီးပွား မြှင့်တင်နိုင်ရေးအတွက် Japan-Myanmar Joint Initiative ဖွဲ့စည်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့သည်။
ဂျပန်အစိုးရသည် မြန်မာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး လမ်းညွှန်ချက်ကို ၂၀၁၂ တွင် ပြန်လည်ဆန်းစစ်ခဲ့သည်။ ၂၀၁၃ တွင် ယန်း ၃၀၀ ဘီလီယံခန့် အ ကြွေးများကို လျှော်ပေးခဲ့ပြီး အ သက်မွေးဝမ်းကျောင်းလုပ်ငန်း များ တိုးတက်ရေး၊ လူသားရင်း မြစ်တိုးတက်ရေးနှင့် အခြေခံအ ဆောက်အအုံဖွံ့ဖြိုးရေးတို့အ တွက် အကူအညီယန်း ၃၇၇ ဘီ လီယံထောက်ပံ့ပေးခဲ့သည်။
ယခုခရီးစဉ်မှာ မစ္စတာ ဖူမိ အိုခိရှိဒါ၏ တတိယမြောက် မြန် မာခရီးစဉ်ဖြစ်ပြီး မြန်မာနိုင်ငံမှ တစ်ဆင့် လာအိုနှင့် ဗီယက်နမ် နိုင်ငံများသို့ ဆက်လက်သွား ရောက်မည်ဖြစ်သည်။ အစိုးရသစ်လက်ထက် နိုင်ငံတကာမှ နိုင်ငံ ခြားရေး ၀န်ကြီးများအနက် တရုတ်၊ အီတလီ၊ ကနေဒါနိုင်ငံ ခြားရေးဝန်ကြီးများ လာရောက်တွေ့ဆုံပြီးနောက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးသည် လေးဦးမြောက် ရောက်ရှိလာသူဖြစ်သည်။

No comments