အွန်လိုင်းမှ ကောလာဟလဖြန့်သူများကို ဆူဇီတရားစွဲ
အွန်လိုင်းပေါ်တွင် မဟုတ် မဟတ်ကောလာဟလများဖြင့် ဂုဏ်သိက္ခာထိခိုက်စေသော မှတ် ချက်များ ရေးသားခဲ့သည့် ၃၈ ဦး ကို ကေပေါ့ပ်မိန်းကလေးအဖွဲ့ Miss A မှ ဆူဇီက တရားစွဲဆိုခဲ့ သည်။
‘‘မကြာသေးခင်က အွန်လိုင်းက လူပုဂ္ဂိုလ် ၃၈ ဦးကို ပုံရိပ် ထိ ခိုက်စေတဲ့ မှတ်ချက်တွေအတွက်တရားစွဲထားပါတယ်။ နောက်ပိုင်း မှာလည်း အခြေအနေကို စောင့် ကြည့်နေပါတယ်’’ဟု JYP Ent-ertainment ကုမ္ပဏီ ကိုယ်စား လှယ်က ပြောသည်။
Miss A မှ ဆူဇီနှင့် ၎င်း၏ အလွန်ကျော်ကြားသော ရည်းစား လီမင်ဟိုတို့အကြောင်း ကောလာ ဟလများကို အွန်လိုင်းတွင် ဖြန့် ချိကြခြင်းဖြစ်သည်။
၂၀၁၅ မတ်လတွင် ၎င်းတို့ နှစ်ဦးတွဲခုတ်နေသည်ဟု အတည် ပြုခဲ့ပြီးနောက်ပိုင်း တုံ့ပြန်မှုအမျိုး မျိုးရှိခဲ့ကာ အားလုံးမှာ အပြု သဘောမဆောင်ခဲ့ပေ။ ဆူဇီသည်ဆိုးဆိုးရွားရွားမှတ်ချက်ပေး ကောလာဟလဖြန့်ချိသူများနှင့် ၂၀၁၄ နိုဝင်ဘာတွင် တိုက်ပွဲဝင် နေခဲ့သည်။
No comments