မန္တလေးခရိုင် ဗကသအတွင်းရေးမှူး ကိုရဲရင့်ပိုင်မှူး တရားရုံးကို ဆန္ဒပြသော်လည်း တရားသူကြီး အမှုဆက်လက်စစ်ဆေး


ကိုရဲရင့်ပိုင်မှူးနှင့်ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-ချမ်းဇော်အောင်)
မန္တလေးခရိုင် ဗကသအ တွင်းရေးမှူးကိုရဲရင့်ပိုင်မှူးအား ဧပြီ ၇ ရက်က ချမ်းအေးသာစံမြို့နယ် တရားရုံး၌ ရုံးထုတ်စစ်ဆေးစဉ် တရားစီရင်မှုကို အသိအမှတ်မပြုကြောင်း   နားပိတ်၍   ဆန့်ကျင် ဆန္ဒပြခဲ့သော်လည်း တရားသူ ကြီးက အမှုကိုဆက်လက်စစ်ဆေး ခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၄ ရက်မှ စ၍ ရုံးထုတ်ရာတွင် တရားရုံး စစ်ဆေးခံခြင်းကို     ငြင်းဆန်ခဲ့ပြီး တရားရုံးအပေါက်ဝ ပိတ်ထိုင်ကာ တရားစီရင်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့သော်လည်း တရားသူကြီးက တရားရုံးပရိဝုဏ်အတွင်း၌ရှိသည် ဟု ယူဆပြီး အမှုကို ဆက်လက် စစ်ဆေးခဲ့သည်။
ထို့ကြောင့် ဧပြီ ၇ ရက် ရုံး ထုတ်စစ်ဆေးရာတွင် တရားရုံးစီ ရင်မှုများကို နားထောင်လိုခြင်း မရှိသဖြင့် နားအုပ်ဖြင့်နားကိုပိတ်၍ ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့သည်။
‘‘တရားရုံးစစ်ဆေးတာတွေ ကို နားမထောင်လိုတော့လို့ အခု လိုမျိုးလုပ်တာပါ’’ဟု ကိုရဲရင့်ပိုင် မှူးက ဆိုသည်။
သို့သော် တရားသူကြီးက အမှုကိုဆက်လက်စစ်ဆေးခဲ့ပြီး တရားလိုသက်သေများဖြစ်သော အမှတ်(၈)မြို့မစခန်းမှူး  ဒုရဲမှူးကျော်သာဦးနှင့် သီရိဟေမာအနောက်ရပ်ကွက် ကွက်စိတ်မှူးဦးစိုးလင်းတို့ တရားရုံး၌ လာရောက်ထွက်ဆိုခဲ့ကြသည်။
ချမ်းအေးသာစံမြို့နယ် တရားရုံး၌ ပြီးခဲ့သည့် မတ်လ ၄ ရက်က ရုံးထုတ်စစ်ဆေးစဉ် ကိုရဲ ရင့်ပိုင်မှူးသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ကို တရားရုံး ရှေ့၌ ဆုတ်ဖြဲဖျက်ဆီးခဲ့ပြီး တရား စီရင်ရေးကို စတင်သပိတ်မှောက် ခဲ့သည်။
ထို့ပြင် မမျှတသည့် ဖွဲ့စည်း ပုံအခြေခံဥပဒေအတိုင်း ကျင့်သုံး သော တရားဥပဒေကို ဆန့်ကျင် သည့်အနေဖြင့် တရားရုံး၌ ဆက်လက်စစ်ဆေးခံတော့မည်မဟုတ် ကြောင်း ပြောကြားကာ ယင်းနေ့ရုံး ထုတ်ရာတွင် ကျောင်းသားများ အ ကျိုးဆောင်ရှေ့နေ၏ အမှုကိုယ် စားလှယ်လွှဲစာကို ပြန်လည်ရုပ် သိမ်းခဲ့သည်။
၂၀၁၅ ဇွန်လ ၁၅ ရက်က လက်ပံတန်း ဖမ်းဆီးခံကျောင်း သားများ အမြန်ဆုံးလွှတ်ပေးရန် နှင့် အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုဖြင့် မန္တ လေးခရိုင် ဗမာပြည်ကျောင်းသား များ သမဂ္ဂအဖွဲ့ချုပ်အတွင်းရေး မှူး ကိုရဲရင့်ပိုင်မှူး၊ ကိုကောင်း ဇော်ဟိန်းနှင့် ကိုရှိုင်းမင်းထက်ဇော် တို့ သုံးဦးကို ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့က ငြိမ်းစုစီပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့သည်။
ကိုရဲရင့်ပိုင်မှူးကို ၂၀၁၅ ဇွန်လကလည်း ရတနာပုံတက္က သိုလ်အုတ်နံရံ၌ မှုတ်ဆေးဖြင့် ရေးသား ဆန္ဒထုတ်ဖော်မှုကြောင့် အမရပူရမြို့နယ် တရားရုံးက ဇန်န၀ါရီ ၂၉ ရက်တွင် ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့သည်။ ထို့ပြင်ဖေဖော်ဝါရီနောက်ဆုံးပတ်က လည်း ၂၀၁၅ ဖေဖော်ဝါရီတွင် ကျောင်းသားသပိတ်ကို ထောက်ခံ ကြောင်း ကျောက်ဆည်၌ ဆန္ဒထုတ်ဖော်မှုပုဒ်မ ၁၈ ဖြင့် ကျောက်ဆည်မြို့နယ် တရားရုံး၌ ထပ်မံတရားစွဲဆိုထားသည်။
credit 7 day daily

No comments