Breaking News

လူအများစုချစ်သူရည်းစားကို Baby, Babe, Baeလို့ခေါ်ရသည့်အကြောင်းအရင်း


မြန်မာနိုင်ငံမှာတော့ ချစ်သူကောင်မလေးကို ဘေဘီ၊ဘေ့်၊လို့ခေါ်လေ့ရှိချင်မှ ရှိပါလိမ့်မယ်။ ရှိချင်လည်းရှိပါလိမ့်မယ်။ ဒါပေမယ့် ချစ်သူယောက်ျားလေးကိုတော့ ဘဲbaeလို့ခေါ်လေ့ရှိကြပါတယ်။  နိုင်ငံခြားမှာတော့ baby, boo, babe, bae စတာတွေအားလုံးက အသုံးများပါတယ်။
ဘာလို့စကားလုံးအားလုံးက Bနဲ့စနေတာပါလဲ။ အကြေင်းရှိပါတယ်။ တကယ်တော့ ကျွန်တော်တို့စတင်မွေးဖွားချိန်က
တည်းက ရင်းနှီးခဲ့တာက “b” အသံပါ။ University of Louisvilleက နာမည်နဲ့ပက်သက်ပြိးကျွမ်းကျင်တဲ့ ပရော်ဖက်
ဆာ Frank Nuesselက “အဲ့ဒါက ဘာသာစကားစတင်ခြင်းရဲ့ သဘာဝပါ။ ပထမဆုံး လူတွေဟာ သရသံကိုစတင်
အသံထွက်ကြပါတယ်။ အကြောင်းအရင်းကတော့ လျှာလှုပ်ရှားခြင်း မလိုအပ်လို့ပါ။ နောက်တော့ဗျည်းတွေနဲ့ပက်သက်
လာရင် “b”သံကိုစထွက်ကြပါတယ်။ သူကလည်း လျှာကိုသုံးစရာမလိုဘူးလေ၊ နှုတ်ခမ်း၂ခုကို သုံးရုံပဲလေ” လို့ဆိုခဲ့ပါတယ်။
 နောက်ထပ် အသံထွက်လွယ်တဲံအသံတွေက m နဲ့ pပါ။ သူတို့ကလည်း နှုတ်ခမ်းလှုပ်ရုံပါပဲ။ ဒါ့ကြောင့် မာမား၊ ပါပါး၊
ဘဘ၊စတာတွေကို အရင်ဆုံးအသံထွက်တတ်ကြတာပါ။ အမေနဲ့အဖေတွေကလည်း ဒီစာလုံးတွေကိုပဲ စသင်လေ့ရှိ
ကြပါတယ်။ ကျွန်တော်တို့ချစ်တဲ့သူတွေကိုဦးနှောက်က ထိုအသံတွေနဲ့အတူတွဲမှတ်ထားလိုက်ပါတယ်။ ဒါ့ကြောင့်
ချစ်သူရည်းစားရလို့အတိုကောက်ခေါ်တဲ့အခါမှာလည်း ဘေဘီ။ ဘေ့ဘ်၊ ဘဲ စတဲ့ ချစ်ခြင်းနဲ့တွဲယှက်ထားတဲ့အသံကို
အလိုလျောက်သုံးဖြစ်သွားကြတာဖြစ်ပါတယ်။
 

No comments