Breaking News

ကိုယ့်ထက်အသက်ကြီးတဲ့မမကိုကြိုက်မိရင် ဘယ်လိုချဉ်းကပ်မလဲ

ငယ်တဲ့ကောင်မလေးကို ကြိုက်မိတာနဲ့ကိုယ့်ထက်အသက်ကြီးတဲ့မမကိုကြိုက်မိတာနဲ့ မတူပါဘူး ။ချဉ်းကပ်ပုံလည်း မတူမှ  ရမှာပါ။ ပရိတ်သတ်ကြီးထဲမှာ ကိုယ့်ထက်အသက်ကြီးတဲ့ မမကို ကြိုက်မိနေတဲ့သူတွေရှိရင် အောက်ပါ အတိုင်း ချဉ်းကပ်ကြည့်ပါ။

 

(၁) သူမအထင်ကြီးအောင်ဝတ်ဆင်ပါ။

သူမက အသက်ပိုကြိးပြီဖြစ်တဲ့အတွက် သူမက ကိုးရိုးကားရားတွေ ကြိုက်မှာမဟုတ်တော့ပါဘူး။ သူမကအရမ်းအသက်
မကြီးသေးရင်တော့ ကြိုက်ကောင်းကြိုက်နိုင်ပါတယ်။ ဒါပေမယ့် ဘာပဲဝတ်ဝတ် သပ်သပ်ရပ်ရပ်ဝတ်သင့်ပါတယ်။ သင့်
တော်တဲ့နေရာဒေသအလိုက်ဝတ်ဆင်ပါ။ အပျော်အပါးပွဲတွေမှာတော့ စတိုင်ဘောင်းဘီနဲ့ရှပ်နဲ့နက်ခ်တိုင် ဝတ်ဆင်စရာ
မလိုပါဘူး။ အခြေအနေအချိန်အခါနဲ့ သင့်တော်စွာပဲ ဝတ်ဆင်ပါ။

(၂) ယုံကြည်မှုရှိစွာနေထိုင်ပါ။

ကိုယ်က ငယ်တဲ့သူဆိုတာ မမေ့ပါနဲ့။ အမျိုးသမီးတွေဟာ ငယ်ရွယ်တုန်းမှာ သူတို့ထက်အသက်ကြီးတဲ့သူတွေကို နှစ်
သက် သဘောကျလေ့ရှိပေမယ့် အသက်ကြီးသွားရင် မောင်လေးတွေကို သဘောကျလေ့ရှိပါတယ်။ ဒါပေမယ့် သင်က
မရဲမဝံ့နဲ့ ဆိုရင်တော့ သူအထင်ကြီးမှာမဟုတ်ပါဘူး။ ယောက်ျားတွေရဲ့ Trade Mark တစ်ခုဖြစ်တဲ့ ရဲဝံ့ခြင်းဆိုတာသင့်
ဆီမှာ ရှိဖို့လိုပါတယ်။

(၃) သူမနဲ့သင်အသက်ကွာကြောင်း ခဏခဏထည့်မပြောပါနဲ့။

သူမက သင်နဲ့အသက်ကွာတာသိပါတယ်။ ဒါကို ခဏခဏ သိသိသာသာပဲဖြစ်ဖြစ် မသိမသာပဲဖြစ်ဖြစ် ထည့်မပြောသင့်
ပါဘူး။ သူမရဲ့ အားသာချက်တွေပေါ်မှာပဲ အာရုံစို်က်ပါ။

(၄) သူမကိုချီးကျူးပါ။


သူမကို အခါအားလျော်စွာချီးကျူးပါ။ ဒါပေမယ့် တကယ့်သူရဲ့အားသာချက်မျိုးကိုပဲ ချီးကျူးပါ။ လုပ်ကြံဖန်တီးပြီး ချီးကျူး
တာမျိုးတွေမလုပ်ပါနဲ့။ သူမက အဲ့ဒါမျိုးတွေ ကြုံတွေ့ခဲ့ရပြီးပါပြီ။

(၅) သူမကိုလေးစားပါ။

အသက်ငယ်ငယ်ကောင်မလေးကို ဆက်ဆံသလိုမဆက်ဆံမိပါစေနဲ့ ။ အသက်ကြီးသွားတဲ့ အမျိုးသမီးတော်တော်များများ
ဟာ မလေးမစား ဆက်ဆံခံရတာကို မကြိုက်ကြပါဘူး။

(၆) လက်ဆောင်ပေးရင် သတိထားပါ။

သူမဟာ မိန်းကလေးပဲ ဖြစ်လို့လက်ဆောင်ရတာမျိုးကိုတော့ ကြိုက်တတ်ပါတယ်။ ဒါပေမယ့် သစ်ရွက်လှုပ်ရင် ရင်ခုန်တဲ့
အရွယ်မဟုတ်တော့တဲ့အတွက် ငယ်ငယ်ရွယ်ရွယ်ကောင်မလေးတွေ ကြိုက်တတ်တဲ့ လက်ဆောင်နဲ့တော့ ကွာခြားနိုင်ပါ
တယ်။ အရမ်းကြီးကွာခြားမှာတော့မဟုတ်ပေမယ့် သူ့အသက်အရွယ်နဲ့ကိုက်တဲ့ လက်ဆောင်မျိုးကို ရှာပေးနိုင်ရင်ပိုပြီး
သင့်တော်ပါတယ်။

No comments