Breaking News

ချစ်သူကို ဘယ်လို ဂရုစိုက်ရမလဲ

ဒီတစ်ခါတော့  အမျိုးသားပရိသတ်ကြီးအတွက် ချစ်သူကို ဘယ်လို ဂရုစိုက်သင့်သလဲဆိုတာ အကြံပြုချက်
တွေ ပေးထားပါတယ်။ လိုအပ်ချက်တွေလည်း ရှိနိုင်ပါတယ်။ ဒီတော့ ကိုယ့်ချစ်သူအတွက် ပျော်စေမယ့်၊ ၀မ်းသာစေမယ့် အကြောင်းအရာလေးတွေကိုလည်း ကိုယ့်ဘာသာ ရှာကြံပြီး ဂရုစိုက်တတ်ဖို့ လိုပါတယ်။
 

(၁) ချစ်တယ်/လှတယ်/မွှေးတယ် ပြောဖို့ မပျင်းပါနဲ့

 

ချစ်တဲ့ချစ်သူကို ချစ်တယ်-လို့ နေ့စဉ်မပြတ် ပြောပေးသင့်ပါတယ်။ ပွေ့ဖက်တဲ့အခါတိုင်း လှလိုက်တာ၊ နမ်းတဲ့အခါတိုင်း
သိပ်မွှေးတာပဲဆိုတဲ့ လက်သုံးစကားလေးတွေကိုလည်း မမေ့ပါနဲ့။

(၂) Special Date တွေကို မှတ်သားထားပါ

ချစ်သူနဲ့ပတ်သက်တဲ့ ချစ်သူဖြစ်တဲ့နေ့၊ မွေးနေ့၊ ချစ်သူများနေ့ စတဲ့ Special Date တွေကို မေ့မေ့ပျောက်ပျောက် မနေပါ
နဲ့။ တစ်ခြား ဘာလက်ဆောင်မှ မပေးနိုင်သည် ထားဦး အဲဒီလို နေ့လေးတွေကို မှတ်မှတ်ရရ ရှိနေကြောင်း သူသိပါစေ။

(၃) ချစ်သူရဲ့သူငယ်ချင်းတွေနဲ့ ခင်ခင်မင်မင်နေပါ

 

ချစ်သူရဲ့ သူငယ်ချင်းတွေနဲ့ ခပ်စိမ်းစိမ်းနေခြင်းဟာ သင့်အတွက် ဘာကောင်းကျိုးမှ မရှိနိုင်ပါဘူး။ သင်သာ သူတို့နဲ့ အ
ဆင်ပြေရင် သင့်ကောင်းကြောင်းတွေဟာ သင့်ကွယ်ရာမှာ ပြောစရာ လက်သုံးစကားတွေ ဖြစ်နေပါလိမ့်မယ်။

(၄) ခံစားချက်တွေ မျှဝေပါ

ကိုယ့်ခံစားချက်တွေကို မျိုသိပ်မထားပါနဲ့။ မသိစေချင်တာတွေကို လျှို့ဝှက်မထားပါနဲ့။ ရိုးသားပွင့်လင်းတဲ့ ဆက်ဆံမှုမျိုးနဲ့ ချစ်သူကို ဆက်ဆံပါ။

(၅) မကြာခဏ တွေ့ပါ

ချစ်သူနဲ့ မကြာခဏတွေ့ဖို့က သင့်ရဲ့ ကြိုးစားအားထုတ်မှုတွေ အများကြီးလိုပါတယ်။ မကြာခဏတွေ့ပေးခြင်းရဲ့ အကျိုး
ကျေးဇူးကလည်း ကြီးမားပါတယ်။ နှစ်ဦးသား သံယောဇဉ်တွေ ပိုမိုခိုင်မာစေတဲ့ ကောင်းကျိုးကို ရစေပါတယ်။

(၆) နားထောင်ပါ

 

အပြန်အလှန်နားထောင်ပါ။ ငြင်းဆန်ခြင်း မပြုနဲ့လို့ မဆိုလိုပါဘူး။ ငြင်းစရာရှိရင်လည်း ကျိုးကြောင်းခိုင်လုံတဲ့ ငြင်းဆန်မှုမျိုးနဲ့ ညင်သာစွာ ငြင်းဆန်တက်ခြင်းဟာလည်း ပညာပါဘဲ။

(၇) ပွေ့ဖက်နမ်းရှိုက်ပါ

ချစ်သူကို ပွေ့ဖက်နမ်းရှိုက်ခြင်းဟာ နှစ်ဦးစလုံးရဲ့ အတွေ့အထိ အာရုံကို နှိုးဆွပေးနိုင်ပါတယ်။ နမ်းရှိုက်ခြင်းကြောင့် အရေ
အတွက်အားဖြင့် ဖော်ပြလို့ မရတဲ့ အချစ်စိတ်တွေကို ဖြစ်စေပါတယ်။ ပွေ့ဖက်ခြင်းကြောင့် သိမ်ငယ်စိတ်တွေ၊ အလိုမကျမှု
တွေ၊ စိတ်ဖိအားတွေကို ပြေပျောက်စေပါတယ်။

No comments