Breaking News

လူချစ်လူခင်များစေတဲ့ အပြုအမူများ

လူ့ဘ၀မှာ အပေါင်းအသင်းကဏ္ဍဟာ အရေးပါပါတယ်။ ချစ်ခင်သူမိတ်ဆွေ ပေါများသူများဟာ ဘ၀သက်တမ်းတစ်
လျှောက် အေးချမ်းစွာနေထိုင်ရပြီး၊ ရန်သူမုန်းသူ ပေါများသူများကတော့ ဘ၀မှာ ကျီးလန့်စာစား နေရတတ်ပါတယ်။
ဒါကြောင့် ပရိသတ်ကြီးအတွက် လူချစ်လူခင်များစေတဲ့ အပြုအမူတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကူညီတတ်ခြင်း

သူတစ်ပါးကို ကူညီစရာရှိတာ ကူညီတတ်သူဟာ လူချစ်လူခင် ပေါများဖို့ မခက်ပါဘူး။ ကိုယ်အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့
အခါမှာလည်း ကိုယ်ကူညီဖူးတဲ့သူတွေဆီကနေ အကူအညီတွေ ပြန်ရဖို့ မခက်ပါဘူး။

(၂) အပြောချိုသာခြင်း

 

နှုတ်ချို လျှိုတစ်ပါး-လို့ ဆိုရလောက်အောင်အထိ စကားချိုချိုပြောတတ်သူတွေမှာ ချစ်ခင်သူ မိတ်ဆွေတွေ များတတ်ပါ
တယ်။ စကားကြမ်းကြမ်းပြောတဲ့သူတွေ၊ စကားကို ပိဿလေးနဲ့ နံဘေးပစ် ပြောတတ်သူတွေမှာလည်း ချစ်ခင်သူ မိတ်
ဆွေတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကွာခြားချက်ကတော့ စကားပြောယဉ်ကျေးသူမှာ ယဉ်ကျေးတဲ့ အပေါင်းအသင်း ရှိပြီး၊ စကားပြော ရိုင်းသူမှာလည်း ရိုင်းတဲ့အပေါင်းအသင်းသာလျှင် ရှိပါတယ်။

(၃) အာဃာတမထားတတ်ခြင်း

ခွင့်လွှတ်သည်းခံစိတ် ကြီးမားသူတွေမှာ ချစ်ခင်သူ မိတ်ဆွေတွေ ပေါများတတ်ပါတယ်။ အဲဒီလိုပုဂ္ဂိုလ်တွေဟာ တစ်စုံတစ်
ယောက်ရဲ့ အပြစ်အပေါ် မကျေနိုင်မခဲနိုင် အာဃာတထားတတ်သူများ မဟုတ်ကြပဲ အပေါင်းအသင်း မိတ်ဆွေတွေအပေါ်
မှာ စိတ်နာစရာတွေလည်း လုပ်လေ့လုပ်ထ မရှိပါဘူး။

(၄) စိတ်ရှည်သည်းခံခြင်း

 

လူအချင်းချင်း ဆက်ဆံရာမှာ အတ္တတွေကို ရှေ့တန်းတင်မိတဲ့အခါ တစ်ယောက်ကိုတစ်ယောက် အသာရလိုဇောနဲ့ သည်း
ခံနိုင်မှု ပျောက်ဆုံးကာ ပဋိပက္ခတွေ ဖြစ်တတ်ပါတယ်။ သည်းခံတတ်သူများအဖို့တော့ ဒီလို ပဋိပက္ခတွေနဲ့ ကင်းဝေးပြီး
စိတ်အေးချမ်းတဲ့ သူငယ်ချင်းတွေနဲ့သာ ပေါင်းသင်းရတတ်ပါတယ်။

(၅) ချီးမွမ်းမြောက့်ပင်တတ်ခြင်း

တစ်စုံတစ်ယောက်ကို ချီးမွှမ်းစရာ ရှိတဲ့အခါ လှိုက်လှိုက်လှဲလှဲ ချီးမွှမ်းတတ်သလို၊ ပြစ်တင်စရာကိစ္စရပ်မျိုးရှိတဲ့အခါ ဝေဖန်
ထောက်ပြတဲ့နည်းနဲ့ သူငယ်ချင်းတွေကို နည်းပေးလမ်းပြလုပ်တတ်သူတွေမှာ ချစ်ခင်လေးစားတဲ့ သူငယ်ချင်းတွေ ရှိတတ်
ပါတယ်။

(၆) လူ့အကြိုက်ကို သိခြင်း

 

လူ့သဘော လူ့မနောကို သိရှိခြင်းဟာလည်း မိတ်ဆွေ ပေါများစေကြောင်းပါဘဲ။ ဒီလိုလူကိုတော့ ဒီစကားပြောရမယ်၊ ဒီလိုလူကိုတော့ ဒီအတိုင်း ဆက်ဆံရမယ် စတဲ့ အထာတွေကို ကောင်းမွန်စွာ ကြေညက်သူတွေမှာ မိတ်ဆွေ မရှားပါဘူး။

(၇) ဖြောင့်မက်မှန်ကန်စွာ နေထိုင်ခြင်း

ဖြောင့်မက်မှန်ကန်မှုဟာ လူတစ်ယောက်ရဲ့ ကိုယ်ကျင့်သိက္ခာနဲ့ ဂုဏ်ကိုပါ ဖော်ကျူးနိုင်တဲ့ အရည်အချင်း ဖြစ်ပါတယ်။
လောကရေး ဓမ္မရေးတို့နဲ့ယှဉ်လာတဲ့အခါ အဂတိတရားကို မလိုက်စားဘဲ မှန်သည့်ဘက်က ရဲရဲရပ်တည်ဝံ့သူဟာ ဖြောင့်
မက်မှန်ကန်သူပါဘဲ။ အဲဒီလူတွေမှာလည်း မိတ်ဆွေ ပေါများတတ်ပါတယ်။

No comments