Breaking News

တကယ့်အချစ်အစစ်ဆိုတာ သိနိုင်တဲ့အချက်များ

တစ်ခါတလေ ကာလရှည်လက်တွဲလာပါရက်နဲ့ စိတ်ထဲမှာ သိပ်ပြီး လှိုက်လှိုက်လှဲလှဲ မခံစားရတာမျိုး ကြုံးဖူးချင် ကြုံဖူးပါ
လိမ့်မယ်။ တကယ်တော့ အချစ်စစ်ဆိုတာ တစ်ယောက်ကိုတစ်ယောက် ကြာရှည်လက်တွဲနေနိုင်ရုံလေးနဲ့ အချစ်စစ် မခေါ်
ထိုက်သေးပါဘူး။ ပရိသတ်ကြီးအနေနဲ့လည်း တကယ့်အချစ်စစ်ဆိုရင် အောက်ပါအချက်ကလေးတွေ
တော့ ခံစားရပါလိမ့်မယ်။

(၁) အတူတူ ရှိနေတယ်လို့ ခံစားရတယ်

မိုင်တစ်ထောင်လား … မိုင် တစ်သောင်းလား … ဝေးချင်သလောက် ဝေးပါစေ … အမြဲတမ်း သတိရလွမ်းစွတ်စိတ်နဲ့အတူ
ချစ်သူက အနီးအနားမှာ ရှိနေသလိုမျိုး အမြဲလိုလို ခံစားဖူးသလား … ခံစားဖုးရင် တကယ့်အချစ်စစ်လို့ ပြောလို့ရပါပြီ။

(၂) သူ့အကြောင်းပြောရရင် အလိုလို ပျော်လို့

သူငယ်ချင်းတွေနဲ့ မိဘတွေနဲ့ စကားစပ်မိတိုင်း သူ့အကြောင်း ပြောလိုက်ရရင် သင့်စိတ်ထဲ တကယ်ကို ကြည်နူးမှု ခံစားရ
သလား … ဂုဏ်ယူမှု အပြည့်ရှိရဲ့လား … သိမ်ငယ်မှုတွေ မရှိတော့ဘူးလား … ဒီလိုဆို သင်တို့ဟာ တကယ့်အချစ်စစ်နဲ့
ချစ်နေပြီဆိုတာ သေချာပါတယ်။

(၃) ပိုကောင်းတဲ့ပုံစံကို ပြချင်တယ်

တစ်ယောက်ကိုတစ်ယောက် ပိုပြီး ပြည့်စုံတဲ့ ပိုပြီး ကောင်းမွန်တဲ့အခြေအနေမှာ ချစ်သူကို လက်တွဲခေါ်ချင်ကြတယ်။ ဖြစ်
နိုင်သမျှတော့ ပြည့်ပြည့်စုံစုံလေး ချစ်သူကို မြင်စေချင်တယ်။

(၄) အပြန်အလှန်ယုံတယ်

ယုံကြည်မှုအတွက် ငါ့ကို ယုံပါကွာဆိုပြီး တည်ဆောက်နေစရာ မလိုပါဘူး။ ချစ်သူတွေကြားမှာ တကယ်ချစ်ရင် အပြန်အ
လှန် ယုံကြည်လေးစားမှုတွေက သူ့အလိုလို ရင်ဘက်က ပေါက်ဖွားလာတာမျိုးပါ။

(၅) အမြင်ချင်းတူညီကြတယ်

တစ်ယောက်နဲ့ သဘောထားကွဲလွဲမှုတွေ ရှိကောင်း ရှိနိုင်ပါတယ်။ လူဆိုတာ ဘယ်တော့မှ သူများစိတ်နဲ့ နေထိုင်ကြသူ
တွေ မဟုတ်ဘူးလေ။ ဒါပေမယ့် တကယ့်ချစ်သူတွေမှာ မတူညီတဲ့ သဘောထားတွေဟာ ကြာရှည် စိတ်ထဲမှာ မရှိပါဘူး။
တစ်ဦးရဲ့ အယူအဆကို တစ်ဦးက လက်ခံဖို့ အချိန် နည်းနည်းလေးသာ လိုပါတယ်။

(၆) အရာရာကို သက်ဆိုင်တယ်

ချစ်သူရဲ့ ကောင်းခြင်းဆိုးခြင်းကို သက်ဆိုင်တယ်၊ ပိုင်တယ်၊ တာဝန်ရှိတယ်လို့ ကိုယ့်စိတ်ထဲမှာရော သူ့စိတ်ထဲမှာပါ အ
မှန်တကယ် ခံစားမိတဲ့အခါမျိုးမှာ သင်တို့ဟာ တကယ့်အချစ်စစ်နဲ့ ချစ်နေမိတယ်ဆိုတာ သေချာပါတယ်။

(၇) မတွေ့ရင် လွမ်းတော့တာပဲ

တစ်ယောက်နဲ့တစ်ယောက် အခုပဲတွေ့ပြီးတယ် … အခုပဲ ဆိုင်ရာလမ်းကို လျှောက်ရတဲ့ ခဏ … လွမ်းစိတ်တွေ စဖြစ်
တယ်ဆိုရင် သင်တို့ဟာ တကယ့်ကို မေတ္တာစစ်မေတ္တာမှန်နဲ့ ချစ်မိနေပြီဆိုတာ သေချာပါတယ်။

No comments