Breaking News

ဇွန်လကစပြီး ဆရာ ဆရာမလစာတွေကို ATM ကတ်နဲ့ပေးမယ်

 110-0053
ဆရာ ဆရာမတွေရဲ့လစာငွေတွေ အပြည့်အ၀ခံစားစေချင်တာကြောင့် လစာငွေကို
ငွေသားနဲ့မပေးတော့ဘဲ ATM ကတ်နဲ့ထုတ်ဖို့ လုပ်ပေးသွားမယ်လို့ ပညာရေးဝန်ကြီးက ဆိုပါတယ်။
မန္တလေးမြို့က အထက်တန်းကျောင်း ငါးကျောင်းကို စတင်အကောင်အထည်ဖော်သွားမယ်လို့လည်း ဒီနေ့ မေလ ၁၄ ရက်နေ့ မန္တလေးမှာပြုလုပ်တဲ့ ဆရာဆရာမတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်တာပါ။
နောက်ပြီး ဒီလို ATM နဲ့လစာပေးတဲ့စနစ်ကို ခြောက်လလောက်စောင့်ကြည့်သွားပြီး အောင်မြင်ရင်တော့ တခြားကျောင်းတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ၀န်ကြီးက ဆိုပါတယ်။
ဒီလိုလုပ်ရတာဟာ ဆရာ ဆရာမတွေအနေနဲ့ လစာအပြည့်အ၀ခံစားစေချင်ပြီး လစာကို အလွယ်တကူ ထုတ်ယူနိုင်ဖို့ စီစဉ်တာလို့သိရပါတယ်။

No comments