မိန်းကလေးတွေကို အမျိုးသားလိင်အတု လက်ဆောင်ပေးခဲ့တဲ့ ဟက်ပီးဝေါလ်ကို အရေးမယူခဲ့မှု လွှတ်တော်တွင် မေးမြန်း
ဟက်ပီးဝေါလ်ကစားကွင်းမှာ လာရောက်ဂိမ်းကစားကြတဲ့ မိန်းကလေးတွေနဲ့ ဂိမ်းကစားကြတဲ့သူတွေကို
လက်ဆောင်အဖြစ် အမျိုးသားလိင်အင်္ဂါအတုတွေ ပေးခဲ့တာ ဘာကြောင့်အရေးမယူခဲ့တာလဲလို့ ယနေ့အမျိုးသားလွှတ်တော်မှာ မေးမြန်းတာဖြစ်ပါတယ်။
ဂိမ်းအောင်မြင်တဲ့သူတွေ ပေးတဲ့ ဒီလက်ဆောင်ပေးခြင်းဟာ
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၂၊ ပုဒ်မ ၂၉၃နဲ့ ပုဒ်မ ၃၅၄ တို့အရ အရေးယူလို့ရပေမယ့် အရေးမယူခဲ့တာကြောင့် လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက ဒီလိုမေးမြန်းတာပါ။
ဒီလိုလိင်အတုတွေပေးတာနဲ့ပတ်သက်ပြီး ဟက်ပီးဝေါလ်မန်နေဂျာကလည်း ၀န်ခံခဲ့ပါတယ်လို့ ဇန်န၀ါရီလ ၁ နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာဖော်ပြထားပါတယ်။
No comments