Breaking News

လူတစ်ယောက်မိမိကိုချစ်လာစေနိုင်တဲ့အချက်(၅)ချက်

သိပ္ဗံပညာရှင်တစ်ယောက်က လူတစ်ယောက် မိမိကိုချစ်လာစေနိင်တဲ့ အဓိကအချက်(၅)ချက်ကို ထုတ်ဖော်ခဲ့ပါတယ်။ စိတ်ပညာကျွမ်းကျင်သူလည်းဖြစ်တဲ့ M. Gary Neuman ကအောက်ပါအချက်(၅)ချက်ဟာ လူတစ်ယောက်ကနေအခြား လူတစ်ယောက်ကို ချစ်လာဖို့ အရမ်းအရေးကြီးတယ်လို့ဆိုပါတယ်။ ပရိတ်သတ်ကြီးလည်း တစ်စုံတစ်ယောက်ရဲ့ အချစ်ကိုရယူဖို့ ကြိုး စားနေတယ်ဆိုရင်လက်တွေ့ စမ်းသပ်အသုံးပြုနိုင်ပါတယ်။

(၁) အကြည့်( Eye Contact)

မျက်လုံးဆိုတာ စိတ်ရဲ့တံခါးပေါက်လို့ တင်စားကြပါတယ်။ တကယ်လည်း အကြည့်တစ်ချက်က ရင်ထဲအထိ လှုပ်ရှားသွား
စေနိုင်ပါတယ်။ ပြူးတူးပြဲတဲ မကြည့်ဖို့တော့ လိုတာပေါ့နော်။ မိန်းကလေးတစ်ယောက်ရဲ့အကြည့်ဒဏ်ကို မထိန်းထားနိုင် သူက ထိုမိန်းကလေးရဲ့ အချစ်ကိုလည်း မရနိုင်ဘူးလို့ အချို့ကျွမ်းကျင်သူတွေက ဆိုကြည့်ပါတယ်။ အကြည့်ချင်းပြိုင်တဲ့ပွဲ
မှာ သင်ကသူ့ရဲ့အကြည့်ဒဏ်ကို မခံနိုင်ပဲ သင်ကအရင်မျက်လုံးလွှဲသွားရင် ထိုမိန်းကလေးကို သင်ထိန်းချုပ်နိုင်ဖို့ မလွယ်
ဘူးလို့ပညာရှင်တွေက ဆိုပါတယ်။

(၂) နားထောင်တတ်ခြင်း

နားထောင်ခြင်းက ချစ်ခြင်းကိုဖြစ်ပေါ်စေတဲ့နေရာမှာ အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
လူသားတိုင်းဟာ သူတို့ပြောတဲ့စကားတွေကို အာရုံစိုက်နားထောင်ပေးသူတွေကို သဘောကျလေ့ရှိပါတယ်။ တကယ်နားထောင်တဲ့လူနဲ့ နားမထောင်တဲ့သူဟာလည်း ကွာခြားလေ့ရှိပါတယ်။ တကယ်နားထောင်တဲ့သူတွေဟာ စကား
ပြောနေတဲ့သူ ဆက်လက်ပြီးပြောနေအောင်၊ သူတို့နားထောင်နေကြောင်း ပြသလေ့ရှိပါတယ်။ တစ်ခါတစ်လေ သူတို့သိပ်
ပြီး မရှင်းတဲ့နေရာတွေမှာ မေးခွန်းတွေမေးပါလိမ့်မယ်။

 (၃) အသိအမှတ်ပြုခြင်း

သူရဲ့ အနေအထား၊ ဘဝအခြေအနေ၊ စတာတွေကို အသိအမှတ်ပြုပြိး သူ့ရဲ့ရည်မှန်းချက်တွေကို ကူညီအကောင်အထည် ဖော်ပေးခြင်းကို လူတွေကကြိုက်နှစ်သက်ကြပါတယ်။
လူတွေဟာ သူတို့ရဲ့ရည်မှန်းချက်တွေကို လက်ခံနိုင်ပြိး သူတို့ကို အရှိအတိုင်းအသိအမှတ်ပြုတဲ့ လူတွေကို ချစ်ဖို့ ပိုပြီးအလားအလာရှိတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

(၄) ပြုံးခြင်း

smile

အပြုံးက လူတစ်ယောက်ကို ပိုမိုဆွဲဆောင်မှုရှိစေပါတယ်။ ရုပ်မချောတဲ့သူတွေမှာတောင် ပြုံးလိုက်ရင် အခြားသူတစ်ယောက်ရဲ့ စိတ်ထဲမှာ ခံစားချက်တစ်မျိုး ခံစားမိစေပါတယ်။ ထိုခံစားချက်ကို အတိအကျဖော်ပြဖို့ စကားလုံးမရှိပေမယ့် အစစ် အမှန်အပြုံးတစ်ခုဟာ အခြားလူတစ်ယောက်ကို စိတ်လှုပ်ရှားစေတာတော့ အမှန်ပါပဲ။

(၅) ထိတွေ့ခြင်း

အထိအတွေ့ရဲ့အာရုံဟာလည်း အထင်သေးလို့မရပါဘူး။ လမ်းဖြတ်ကူးတဲ့အချိန်မှာ မသိချင်ယောင်ဆောင်ကာ လက်ကို ဆွဲပြီးကူးတာမျိုး၊ တစ်ခါတစ်လ မသိမသာ လက်ကိုကိုင်တာမျိုး၊ စတာတွေဟာ အချစ်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ လူနှစ်
ယောက်ကြားက သံယောဇဉ်ကို ပိုမိုခိုင်မြဲစေပါတယ်။

No comments