Breaking News

၂၀၁၅−၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲရမှတ်ဖြင့်သာ ဆုံးဖြတ်ဦးမည်


၂၀၁၅−၁၆ ပညာသင်နှစ်တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရာတွင် စာမေးပွဲရမှတ်ဖြင့်သာ ဆုံးဖြတ်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောသည်။
ကမာရွတ်မြို့နယ်ရှိ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် မေလ ၂၈ ရက်က ပြု လုပ်ခဲ့သည့် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲ(အဆင့်မြင့် ပညာကဏ္ဍ) ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘လောလောဆယ်တော့ ဒီ နှစ် တက္ကသိုလ်ဝင်ခွင့်ကို ဆယ် တန်းအမှတ်နဲ့ပဲ ဆက်သွားမှာပါ။ နိုင်ငံတကာမှာ ကြည့်ရင် တခြား နိုင်ငံတွေမှာလည်း နိုင်ငံအဆင့် စာမေးပွဲအမှတ်ကို အဓိကထား တယ်။ ဒုတိယအချက်က တချို့ နိုင်ငံတွေမှာ တက္ကသိုလ်ဝင်ခွင့်ကို တစ်ခါ ထပ်လုပ်တယ်။ ကျွန်တော်တို့နိုင်ငံမှာ ဆယ်တန်းအမှတ်ကိုပဲ ဆက်သွားနေပါတယ်’’ဟု အဆင့် မြင့်ပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောကြားသည်။
တက္ကသိုလ်ဝင်ခွင့်ရွေးချယ် မှုနှင့်ပတ်သက်၍ ၎င်းတို့၏ဆန္ဒ ကို အခြေခံပြီး သက်ဆိုင်ရာ ကျောင်းက သတ်မှတ်ထားသော အရည်အချင်းပြည့်မီမှုအရ သင် ယူလိုသော ပညာရပ်နှင့် ကျောင်း တို့ကို လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိစေရန် စီစဉ်ဆောင်ရွက်ရမည် ဟု အမျိုးသားပညာရေးဥပဒေပြင် ဆင်သည့်ဥပဒေတွင် ဖော်ပြထား သည်။
‘‘အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေ ဝင်ခွင့်လုပ်ပြီးရင်၊ နောက်ပိုင်းကျရင် တဖြည်းဖြည်းနဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက ဆက်လုပ်သွားမှာပါ’’ဟု ဒေါက် တာသိန်းဝင်းက ပြောသည်။
တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေး ချယ်ရာတွင် ဝင်ခွင့်စာမေးပွဲစနစ် ကျင့်သုံးရန် ၂၀၁၄ မှ စတင်၍ နှစ်စဉ်ပြုလုပ်သည့် ပညာရေးမြှင့် တင်မှုအကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲများ၌ ထည့်သွင်း ဆွေးနွေးခဲ့ပြီး စတင် ကျင့်သုံးရန် ဆုံးဖြတ်ခဲ့ကြသော်လည်း အ ကောင်အထည် ဖော်နိုင်ခြင်း မရှိ သေးပေ။
‘‘မနှစ်ကလည်း ဒီလိုပဲ။ ဒီနှစ်မှာ စလုပ်မယ်လို့ ဆုံးဖြတ်ခဲ့ကြ တယ်။ ဒီနှစ်မှာလည်း နောင်ကျမှ လုပ်မယ်ဆိုပြီးတော့ ပြောတယ်။ ဒီစနစ်ကို သုံးမယ်ဆိုရင် Plan ဆွဲပြီး မြန်မြန်လုပ်မှ ဖြစ်ပါမယ်’’ ဟု နှီးနှောဖလှယ်ပွဲတက်ရောက်ခဲ့ သူ ကထိကတစ်ဦးက ပြောသည်။
၂၀၁၅-၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ် နိုင်ငံလုံး ဝင်ရောက်ဖြေဆိုသည့် ကျောင်းသားငါးသိန်းကိုးသောင်း ကျော်ရှိပြီး ဇွန်လအတွင်း အောင်စာရင်းထွက်ရှိမည် ဖြစ်သည်။
ပညာရေး မြှင့်တင်မှု အ ကောင်အထည်ဖော်ရေး နှီးနှော ဖလှယ်ပွဲကို မြန်မာနိုင်ငံ အမျိုး သားအဆင့် အရည်အသွေးသတ် မှတ်မှု မူဘောင်သတ်မှတ်ပြဋ္ဌာန်း နိုင်ရေးနှင့် ပညာရေး အဆင့်အ တန်း အရည်အသွေး အာမခံမှု စနစ်ထူထောင်ရေးအပါအဝင် စာ တမ်း ခြောက်ခုကို မေလ ၂၈  နှင့် ၂၉ ရက်တွင် နှစ်ရက်ကြာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။
 တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နှစ်စဉ် တက္ကသိုလ်တက် ရောက်နေသည့် ကျောင်းသား ငါးသိန်းခန့်ရှိပြီး ၎င်းတို့အနက် သုံးသိန်းခန့်သည် အဝေးသင် တက္ကသိုလ်သို့ တက်ရောက်သင် ကြားလျက်ရှိကြောင်း အဆင့်မြင့် ပညာဦးစီးဌာနမှ သိရသည်

No comments