ချစ်သူချင်းပိုမိုနီးကပ်စေမယ့် အမူအကျင့်လေးတွေ

 
ချစ်သူစုံတွဲတွေ့ရဲ့ ပန်းတိုင်ဟာ အတူတူလက်တွဲပြီး ဘ၀တစ်ခုကို ဖြတ်သန်းကြခြင်းပဲ ဖြစ်ပါလိမ့်မယ်။ တစ်ချို့အတွဲတွေက ချစ်သူဘ၀မှာ လူတွေစံပြုရလောက်ချစ်ကြပြီး အိမ်ထောင်သည်ဘ၀ကြတော့ ကတောက်ကဆနဲ့ လင်ခန်းမယားခန်းပြတ်ကြတဲ့အထိ ဖြစ်တာတွေ ရှိပါတယ်။ ဒါက ဘာဖြစ်လို့လည်းဆိုတော့ မချစ်တတ်သေးလို့-ပါဘဲ။ ဒါကြောင့် ပရိသတ်ကြီးအတွက် ချစ်သူတွေရင်ဘက်ချင်း ပိုနီးစေမယ့်အမူအကျင့်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ပျော်ရွှင်ဖွယ်အစီအစဉ်တွေကို အတူတကွလုပ်ဆောင်ပါ

ပျော်ရွှင်ဖွယ်အစီအစဉ်တွေဟာ ဘ၀မှာ အများကြီးရှိပါတယ်။ ပါတီလုပ်ခြင်း၊ ဘုရားဖူးခြင်း၊ အပန်းဖြေခရီးသွားခြင်း-စတာ
တွေပေါ့။ ဒီတော့ အဲဒီအစီအစဉ်တွေ လုပ်တဲ့အခါတိုင်း ချစ်သူကို ခေါ်သွားပေးပါ။ ပိုပြီး ပိုပြီး နီးစပ်လာမှာပါ။

(၂) တစ်ယောက်နဲ့တစ်ယောက် ဂုဏ်ယူချီးမြှောက်ပါ

တစ်ယောက်ကိုတစ်ယောက် ချီးမြှင့်ထောက်ပံ့မှုတွေ လုပ်ရပါတယ်။ ဥရောပမှာဆိုရင် ချစ်သူက လက်ဆောင်ပေးတဲ့အခါ
မျိုးမှာ ချစ်သူနဲ့ မျက်နှာချင်းရှိမနေရင်တောင် မိနစ်သုံးဆယ်လောက် ကျေးဇူးတင်ကြောင်း၊ ဒီအတွက် အလွန်မြတ်နိုးမိ
ကြောင်း ပြောတာမျိုးလေးတွေ ရှိပါတယ်။ ဘယ်လို အသေးအဖွဲ့ကိစ္စဖြစ်စေပေါ့။

(၃) လွတ်လပ်ခွင့်ရှိပါစေ

တစ်ယောက်ကို တစ်ယောက် ငါပိုင်တယ်၊ ငါဆိုင်တယ်-ဆိုပြီး မချုပ်ချယ်ချင်ပါနဲ့။ လူဆိုတာ ချုပ်ချယ်လေ … လွတ်လပ်မှု
ကို တွေးတောလေပါဘဲ။ ဒီတော့ မချုပ်ချယ်ပါနဲ့။

(၄) အားစိုက်မှု မလျှော့ပါနဲ့

အချစ်ရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး-စတဲ့ကိစ္စရပ်တွေမှာ သာသာယာယာ ရှိဖို့ အမြဲတမ်းတွေးတောနေပါ။ တစ်စုံတစ်ခု
လုပ်မယ်ကြံတိုင်း ဒါကတော့ဖြင့် သူ သဘောကျမယ်မထင်ဘူး … ငါ ရှောင်မှ ဆိုတဲ့အတွေးနဲ့ မျက်ကွယ်ရော မျက်
မှောက်မှာပါ စည်းကမ်းစောင့်ထိန်းခြင်းလည်း လိုအပ်ပါတယ်။

(၅) တစ်ယောက်ရဲ့ပင်ကိုယ်/ဗီဇကို မပြောင်းလဲချင်ပါနဲ့

လူဆိုတာ မွေးကတည်းက ဗီဇ၊ ၀ါသနာ၊ အထုံ-ဆိုတာ သူ့ဘာသာ သူ ပါလာပြီးသား။ ငါနဲ့ပတ်သက်တဲ့အခါ သူ့ကို ငါပိုင်
တယ်။ ငါပဲ ချုပ်ကိုင်မယ်ဆိုပြီး ဘယ်တော့မှ သဘောမထားပါနဲ့။ ကိုယ့်ကိုလည်း အဲဒီလိုလုပ်ရင် အဆင်ပြေနိုင်မလား-
စဉ်းစားပေါ့။ တစ်ချို့က ကိုယ်က ငါးမကြိုက်တာနဲ့ ငါးစားတဲ့သူကို မျက်စောင်းထိုးချင်ကြပါတယ်။ အဲဒီလိုလူမျိုးတွေက
ပြောသေးတယ် … ငါတို့က တစ်သက်လုံး ငါးမစားဘဲ နေနိုင်တယ်-လို့ ဆိုသေးတယ်။ ဒါဟာ အလွန်မှားတဲ့ အတ္တပါဘဲ။

(၆) အပြစ်ကို ပုံကြီးမချဲ့ပါနဲ့

အပြစ်ဆိုတာ ပုံကြီးချဲ့ယုံနဲ့ မပြီးပါဘူး။ ရှင်းရမယ့် အရာဖြစ်ပါတယ်။ တစ်ယောက်အပြစ်လုပ်ရင် တစ်ယောက်က ခွင့်
လွှတ်တယ်ဆိုရင်ကို မျှချေသဘောတရားအရ အဆင်ပြေသွားပြီ။ ဒါပေမယ့် အပြစ်မှာလည်း ခွင့်လွှတ်လို့ရတဲ့အပြစ်
ရှိသလို ခွင့်မလွှတ်သင့်တဲ့ အပြစ်ဆိုတာလည်း ရှိပါတယ် … ကိုယ့်ဉာဏ်နဲ့ ဆင်ခြင်ကြရင် အဆင်ပြေပါတယ်။

(၇) တတ်နိုင်သလောက် မြတ်နိုးတွယ်တာပါ

အချိန်ရရင် ရသလောက် ကိုယ်ချစ်တယ် … မြတ်နိုးတွယ်တာတယ်-ဆိုတာကို သက်ဆိုင်သူ သိပါစေ။ သူ့ရဲ့ အကြင်နာ
မေတ္တာတွေကိုလည်း တစ်ရံမလပ် လက်ခံရရှိကြောင်း တဖွဖွပြောပါလေ … သင်တို့ချင်း … ဘယ်မာရ်နတ်က ခွဲခွဲ မကွဲ
စေရပါဘူးလို့ အာမခံပါတယ်။

No comments