Breaking News

စစ်ပွဲများရပ်တန့်ရေးအတွက် မြောက်ဦးတွင် ဆန္ဒထုတ်ဖော်

 
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် စစ်ပွဲများရပ်တန့်ရေးအတွက် ဒုတိယအကြိမ် လူထုဆန္ဒထုတ်ဖော်ပွဲကို မြောက်ဦးမြို့တွင် ယနေ့(မေလ ၈ရက်)တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ မွန်းလွဲ တစ်နာရီခန့်တွင် ပြုလုပ်ခဲ့သည့် မြောက်ဦးမြို့ လူထုဆန္ဒထုတ်ဖော်ပွဲတွင် ဒေသခံ နှစ်ထောင်ကျော် ပူးပေါင်းပါဝင်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူတစ်ဦးက ပြောသည်။
ဆန္ဒထုတ်ဖော်ပွဲတွင် ပြည်တွင်းစစ်များချက်ချင်း ရပ်တန့်ပေးရေး၊ ပုဒ်မ ၁၇/၁၊ ၁၇/၂ ဖြင့် ဖမ်းဆီးထားသူများ ချက်ချင်းလွှတ်ပေးရေးနှင့် မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်နေမှုရပ်တန့်ပေးရေးတို့ကို တောင်းဆိုခဲ့ကြသည်။
မြောက်ဦးမြို့တွင် စစ်ပွဲများရပ်တန့်ရေးအတွက် ပထမအကြိမ် လူထုဆန္ဒထုတ်ဖော်ပွဲကို မေလ ၁ ရက်က ပြုလုပ်ခဲ့ပြီး ဒေသခံခြောက်ထောင်ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။
credit 7 Day Daily

No comments