မောင်းသူမဲ့ယာဉ်တွေကကားပေါ်မှာ ချစ်တင်းနှောမှုများကိုပိုမိုဖြစ်ပွားစေနိုင်
မောင်းသူမဲ့ကားတွေတီထွင်ခြင်းက ကားထဲမှာ ချစ်တင်းနှောမှုတွေပိုမိုဖြစ်လာဖို့ အားပေးသကဲ့သို့ဖြစ်နေကြောင်း ကျွမ်းကျင်သူအချို့ကဆိုလိုက်ပါတယ်။ ကားတွေနဲ့ပက်သက်ပြီးကျွမ်းကျင်တဲ့ Barrie Kirk က” မောင်းသူမဲ့စနစ်ဟာ လူတွေ
ကို ကားထဲမှာ ချစ်တင်းနှောဖို့အခွင့်အရေးပေးလိုက်သလိုပါပဲ။ ကွန်ပျူတာက အစစအရာရာ တာဝန်ယူထားပေမယ့်
လူရဲ့အကူအညီအရေးတကြီးလိုအပ်လို့ ထိန်းချုပ်ဖို့ ရုတ်တရက်လွှဲအပ်တဲ့အခါမျိုးမှာ လူက အဆင်သင့်ရှိမနေရင် ကား
တိုက်မှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။
တကယ်တော့ မောင်းသူမဲ့ကားများဟာ ၁၀၀%မောင်းသူမဲ့တာမဟုတ်ပါဘူး။ တစ်ခါတစ်လေ ကွန်ပျူတာကနေ လူသား
ကိုပြန်လည် လွှဲပြောင်းပြီး မောင်းခိုင်းတာတွေရှိတတ်ပါတယ်။ ဒါ့ကြောင့် သတင်းစာဖတ်နေတာမျိုး၊ သွားတိုက်နေတာ
မျိုး၊တစ်ယောက်နဲ့တစ်ယောက်နောက်ခန်းထဲမှာ ကျီစယ်နေတာမျိုးတွေအတွက် ဘယ်လိုတာဝန်ယူမလဲလို့ မောင်းသူမဲ့
ယာဉ်ထုတ်လုပ်သူတွေကို မေးခွန်းထုတ်ခဲ့ပါတယ်။
ကားပေါ်မှာ ချစ်တင်းနှောမှုတွေဟာ အနောက်နိုင်ငံတွေမှာ မကြာခဏဆိုသလိုဖြစ်ပွားနေတာကြောင့် အကယ်၍ မောင်း
သူမလိုတဲ့ကားတွေသာ ထွက်ပေါ်လာခဲ့ရင် ဒီပြဿနာကို ဖြေရှင်းရခက်နိုင်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် မောင်း
သူမဲ့ကားတွေကနေ မတော်တဆမှုတွေပိုမိုများပြားလာနိုင်ပါတယ်။
No comments