မုံရွာတွင် လူမှုကူညီရေးအသင်းများ စုပေါင်း၍ အခြေခံအသက်ကယ်နည်း သရုပ်ပြလေ့ကျင့်
သဘာဝဘေးအန္တရာယ် ကျရောက်ချိန်နှင့် ယာဉ်မတော်တ ဆမှုများတွင် ကယ်ဆယ်မှုပြု လုပ်နိုင်မည့် အခြေခံအသက် ကယ်နည်း လက်တွေ့သရုပ်ပြ ခြင်းကို မုံရွာမြို့ပေါ်ရှိ လူမှုကူညီ ရေးအသင်း ၅၅ သင်းစုပေါင်း ဖွဲ့ စည်းထားသည့် ချင်းတွင်းအား မာန်ကွန်ရက်က မေလ ၈ရက်၌ ဆောင်ရွက်ခဲ့သည်။
မန္တလေး၊ မြ၀တီ၊ ကျောက် ဆည်၊ စစ်ကိုင်း၊ မြင်းမူစသည့် မြို့ကြီးများတွင် ဖွဲ့စည်းထားသည့် Myanmar Rescue အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့မှ သင် တန်းနည်းပြ ၅၁ ဦးက မုံရွာမြို့ ပေါ်ရှိ ချင်းတွင်းအားမာန်ကွန် ရက် သင်တန်းသား ၁၇၀ ကျော် အား အခြေခံအသက်ကယ်သင် တန်းကို မေလ ၃ ရက်မှ ၈ ရက် အထိ ခြောက်ရက်ကြာ သင်ကြား ပို့ချခဲ့ခြင်းဖြစ်သည်။
သဘာဝဘေးအန္တရာယ်ကျ ရောက်ချိန်နှင့် ယာဉ်မတော်တ ဆမှုများတွင် လူမှုကူညီရေး အသင်းများက ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ ရှေးဦးသူနာပြုစုခြင်း နှင့် အသက်ကယ်နည်းပညာ ရပ်များအဖြစ် Level-1 အခြေခံ အသက်ကယ်သင်တန်း၊ Level- 2 ရေပြင်အသက်ကယ်သင်တန်း၊ Level-3 ဝေဟင်အသက်ကယ် သင်တန်းနှင့် Level-4 တောင် တက်အသက်ကယ်သင်တန်းများ ကို Myanmar Rescue အဖွဲ့က ပို့ချလျက်ရှိကြောင်း ၎င်းက ပြော သည်။
‘‘အရင်တုန်းက ယာဉ် မတော်တဆမှုတွေ သဘာဝဘေး ကြုံတွေ့ရတဲ့အချိန်တွေမှာ လူ နာတွေကို သွားရောက်ကယ်တင် ခဲ့တဲ့အချိန်မှာ တတ်သိနားလည် သလောက်နဲ့ လူနာယာဉ်ပေါ် မ,တင်လာတဲ့ အခြေအနေပဲရှိ တာ။ အခုအသက်ကယ်သင် တန်းမှာ လူနာကို ဘယ်လိုသယ် ယူရမယ်။ ရှေးဦးသူနာပြုစုနည်းနဲ့ လူနာကို သက်သာအောင် ပြုလုပ် ပြီးမှ သယ်ဆောင်ရမယ်ဆိုတာ တွေပါ သိလာရပြီ။ ဒီသင်တန်း မှာ တက်ရောက်တဲ့ သူတွေက နောက်ထပ်မြို့နယ်အတွင်းက လူ မှုကူညီရေးအသင်းတွေနဲ့ ချိတ်ဆက်ပြီး ဆင့်ပွားသင်တန်းတွေ ပို့ချနိုင်အောင် စီစဉ်ထားတယ်’’ ဟု မုံရွာမြို့နယ် ချင်းတွင်းအား မာန်ကွန်ရက်ဥက္ကဋ္ဌ ဦးသန်းဌေး က ပြောသည်။
No comments