Selfieရိုက်ရင်းသေဆုံးခဲ့သူ(၆)ဦးအကြောင်း
Selfieဆိုတာ လူသေနိုင်လောက်တဲ့ အကြောင်းအရာလို့ လူတွေဘယ်တုန်းကမှ မထင်ခဲ့ကြပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့
၂နှစ်အတွင်းမှာ Selfieကြောင့် သေတဲ့သူတွေ တဖြည်းဖြည်းများပြားလာပါတယ်။ ၂၀၁၄ထဲကနေ အခုအချိန်အထိ
Selfieကြောင့် သေခဲ့တဲ့သူ ၄၉ ဦးခန့်ရှိတယ်လို့ စစ်တမ်းကောက်ယူမှုတစ်ခုကဆိုပါတယ်။ သင်ကတော့ ဒီလိုသေခဲ့တဲ့
သူတွေဟာ ငတုံးတွေလို့ထင်ချင်ထင်ပါလိမ့်မယ်။ ငါတော့ မဖြစ်လောက်ဘူးလို့ထင်ကောင်းထင်နေပါလိမ့်မယ်။ ဒါပေ
မယ့် အရမ်းတော့ အသေချာကြီး ကောက်ချမချပါနဲ့ဦး။ အောက်ပါသေဆုံးမှု(၆)ခုကိုဖတ်ကြည့်ပါဦး။
Lebanon
ပထမဆုံးအမှုက လက်ဘနွန်မှာဖြစ်ခဲ့တာပါ။ Mohammad Chaarလို့ခေါ်တဲ့ လူငယ်လေးဟာ Selfieရိုက်ဖို့နေရာ
ကောင်းရှိပြီး ပို့စ်ပေးနေတုန်းသူ့အနားမှာ ကားဗုံးဖောက်ခွဲမှုဖြစ်ပွားခဲ့ပြီး အသက်သေဆုံးခဲ့ရပါတယ်။ သူဟာ Selfie
ရိုက်ဖို့ကြိုးစားနေခဲ့တာသာဖြစ်ပြီး ဒီလိုသေဆုံးရလိမ့်မယ်လို့ဘယ်တုန်းကမှ တွေးမိမှာ မဟုတ်ပါဘူး။
India
ဒီအမှုကတော့ အိန္ဒိယမှာဖြစ်ခဲ့တာပါ။ ၂၀၁၅ခုနှစ်ဇန်နဝါရီလမှာ ကောလိပ်ကျောင်းသူ၊ကျောင်းသာတွေ စုပြီး ခရီးထွက်
လာခဲ့ပါတယ်။ အားလက်ရက်ဖြစ်တာကြောင့် Taj Mahalကိုလည်ဖို့ကားနဲ့ထွက်လာကြတာပါ။လမ်းတစ်ဝက်အရောက်
မှာ ရထားလမ်းပေါ်မှာ Selfieရိုက်ဖို့အကြံရခဲ့ကြပါတယ်။ Social Mediaပေါ်မှာ သူများတွေအထင်ကြီးအောင် ရထား
နဲ့ သူတို့နီးနိုင်သမျှနီးဖို့ စောင့်ခဲ့ကြပါတယ်။ ဒါပေမယ့်ရထားဟာ အရှိန်ပြင်းလွန်းတာကြောင့် ၃ယောက်လုံးကို ကျိတ်သွား
ခဲ့ပါတယ်။ သူတို့အားလုံးဟာ အသက်၂၀နဲ့၂၂ကြားမှာရှိပြီး ဒီလိုနည်းနဲ့သေမယ်လို့ ဘယ်တုန်းကမှတွေးခဲ့မှာမဟုတ်ပါ
ဘူး။
Russia
ဒီအမှုကတော့ ရုရှားမှာဖြစ်ခဲ့တာပါ။ အချို့သူတွေက သူတို့စွန့်စားတာကို ပြချင်လို့ Selfieရိုက်ကြပေမယ့် အချို့သူတွေ
ကကျတော့ သူတို့မှာရှိတဲ့ ပစ္စည်းတွေကို ပြချင်လို့ရိုက်တာလည်းရှိကြပါတယ်။ 2015ခုနှစ် ဇန်နဝါရီလမှာ ဖြစ်ပျက်ခဲ့
တဲ့ အဖြစ်အပျက်ပါ။ ရုရှားစစ်သား၂ယောက်ဟာ လက်ပစ်ဗုံးကိုကိုင်ပြီး Selfieရိုက်ခဲ့ရာကနေ ဗုံးဟာမတော်တဆ
ပေါက်ကွဲခဲ့ပါတယ်။
Drewsssik
Drewssik ဆိုတာကတော့ လူနာမည်ဖြစ်ပါတယ်။ သူက အန္တရာယ်၇ှိတဲ့ Selfieတွေကို စတန့်ထွင်ရိုက်ကူးရတာ
ဝါဿနာပါသူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ စိတ်လှုပ်ရှားဖွယ်ရာ Selfieပုံတွေနဲ့ပြည့်
နှက်နေလေ့ရှိပါတယ်။ ဒါပေမယ့် ၂၀၁၅ခုနှစ် စက်တင်ဘာလမှာတော့ အဆောက်အဦးတစ်ခုပေါ်ကနေ ပြုတ်ကျ
တော့မယ့် Selfieပုံကိုရိုက်ရင်း တကယ်ပြုတ်ကျသွားပြီး သေဆုံးသွားခဲ့ပါတယ်။
Spain
Pamplonaမြို့က နွားရိုင်းသတ်ပွဲမှာ အသက်၃၂နှစ်အရွယ်လူတစ်ယောက်သေဆုံးခဲ့ပါတယ်။ သူ့နာမည်ကတော့
David Lopezဖြစ်ပြီး နွားရိုင်း၂ကောင်နဲ့အတူ Selfieရိုက်ရင်း တတိယမြောက်နွားရိုင်းက ရုတ်တရက်ထွက်လာ
ပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
Washington State
သိပ်မကြာသေးခင်ကဖြစ်ခဲ့တဲ့ဒီအမှုကတော့ ဝါရှင်တန်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီလူကတော့ သူ့မျက်နှာ
ကို သေနတ်နဲ့ ပြန်ပြီးပစ်ခဲ့မိတာပါ။ အဲ့ဒိအချိန်တုန်းက သူမရဲ့ရည်းစားလည်း ဘေးမှာရှိနေခဲ့ပါတယ်။ သူမရဲ့ရည်းစား
အဆိုအရာ ထိုလူဟာ သေနတ်ထဲမှာ ကျည်မရှိဘူးထင်ပြီး ထိုသေနတ်နဲ့ပြန်ပစ်ခဲ့မိတာဖြစ်ပါတယ်။ အရင်တုန်းကလည်း
ထိုလူဟာ ဒီလိုSelfieမျိုးရိုက်လေ့ရှိပြီး အမြဲတမ်းဓာတ်ပုံမရိုက်ခင် ကျည်ဆံရှိမရှိစစ်ဆေးခဲ့ပါတယ်။ ဒီတစ်ခါပဲ မစစ်ဆေး
ခဲ့ပေမယ့် ဒီတစ်ခါကပဲ အသက်ကိုသေစေခဲ့ပါတယ်။
No comments