ချစ်သူကိုကောင်မလေးကိုမေးသင့်တဲ့ ပျော်စရာမေးခွန်းတွေ
အရမ်းချစ်ရတဲ့ ချစ်သူချင်း မေးသင့်တဲ့ မေးခွန်းတွေပါ … တစ်ချို့မေးခွန်းတွေက နည်းနည်း နှိုက်နှိုက်ချွတ်ချွတ် ရှိတယ်
ထင်ရင် ကိုယ့်ဘာသာ ဉာဏ်သုံးပြီး ရှောင်ပါလေ။ နောက် မိတ်ဆွေအဆင့်လောက်နဲ့ သွားမေးရင် ပြဿနာတက်နိုင်တာ
လေးတွေ ပါပါတယ်။ ဒီတော့ အရမ်း(အရမ်း)ကို ချစ်ရတဲ့ ချစ်သူချင်းသာ မေးဖို့ အကြံပေးချင်ပါတယ်။
မေးခွန်းတွေပဲ သီးသန့်ဖော်ပြထားတာ ဖြစ်ပါတယ်။ အဖြေကတော့ သင့်ကောင်မလေးဆီမှာ ရှိပါလိမ့်မယ်။

(၁) မင်းက ဆိုးသလား၊ လိမ္မာသလား … ?
(၂) ကိုယ်ပျောက်နိုင်တဲ့အစွမ်းရှိရင် ဘာလုပ်မယ်စိတ်ကူးလဲ … ?
(၃) ဘယ်အချိန် အရှက်ဆုံးလဲ … ?
(၄) ဘယ်အချိန် အပျော်ဆုံးလဲ … ?
(၅) အူကြောင်ကြောင် ဘဲတွေရဲ့ လိုက်ပြောခြင်းကို ခံရဖူးလား … ?
(၆) အမျိုးသမီးတစ်ယောက်အတွက် အဆိုးဆုံးနဲ့ အကောင်းဆုံးက ဘာလဲ … ?
(၇) အကြိုက်ဆုံးဟာသ ရှိသလား … ?

(၈) ကိုယ့်ကိုယ်ကို ဘယ်အချိန်လှဆုံး/ရုပ်အဆိုးဆုံးလို့ ခံစားရလဲ … ?
(၉) ရုတ်တရက် အမျိုးသားဖြစ်ချင်စိတ် (ယောက်ျားလေးဖြစ်ချင်စိတ်) ပေါက်ဖူးလား … အဲဒီလိုဖြစ်ခဲ့ရင် အရင်ဆုံး ဘာ
လုပ်မလဲ … ?
(၁၀) ကောင်လေးတွေက အမျိုးသမီးတွေရဲ့ ဘာကို စိတ်ဝင်စားမှု အရှိဆုံးလို့ ထင်လဲ … ?
(၁၁) နာမည်ပြောင်ထဲမှာ သဘောအကျဆုံးနာမည်ပြောင်က ဘာလဲ … ?
(၁၂) တကယ်လို့ မင်းကို ၀တ်လှစ်စားလှစ်နဲ့ ငါက ရုတ်တရက်တွေ့ခဲ့ရင် တစ်ခုခုနဲ့ ပစ်ပေါက်မှာလား … သဘက်ကို အ
ရင်ပြေးခြုံမလား … ဆောက်တည်ရာမဲ့ အော်မလား … ?

(၁၃) ကိုယ့်ကို ၀တ်လှစ်စားလှစ်နဲ့ ရုတ်တရက်တွေ့တဲ့အခါ ဘာကို အရင်ဆုံးမြင်ရမယ်လို့ ထင်သလဲ … ?
(၁၄) အိပ်တဲ့အခါ ပိုးစိုးပတ်စက် အိပ်တာလား … ?
(၁၅) ဘ၀မှာ အခက်အခဲဆုံး အချိန်က ဘာလဲ … ?

No comments