Breaking News

ယောက်ျားလေးအများစုချစ်သူကောင်မလေးကို လမ်းခွဲရခြင်းအကြောင်းရင်းများ

အချို့ Relationshipတွေမှာ ယေက်ျားလေးတွေက စပြီး မိန်းကလေးတစ်ယောက်ကို လမ်းခွဲသွားရင် အဲ့ဒိမိန်းကလေးက ဘာ့ကြောင့်သူ့ကိုလမ်းခွဲသွားတာလည်း မသိတတ်ပါဘူး။ အချို့ယောက်ျားလေးတွေက ဘာ့ကြောင့်လမ်းခွဲသွားတာလဲရှင်း
ပြကြပေမယ့် အချို့ကတော့ ဘာမှမပြောပဲ စွန့်ခွာသွားတတ်ပါတယ်။ အောက်မှာတော့ ယောက်ျားလေးတွေ လမ်းခွဲရခြင်း
အကြောင်းအရင်း အများစုကိုဖော်ပြပေးလိုက်ပါတယ်။
 

(၁) လှည့်စားခြင်း၊ ဖောက်ပြန်ခြင်း

လှည့်စားတယ်၊ဖောက်ပြန်တယ်ဆိုတာ သင်ကဖောက်ပြန်နေလို့သင့်ကိုခွဲသွားတာဖြစ်နိုင်သလို၊ သူကဖောက်ပြန်နေလို့ ခွဲသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ယောက်ျားတိုင်း ဖောက်ပြန်တတ်တာတော့ မဟုတ်ပေမယ့် အချို့က သင့်ထက်ပိုပြီး
ချစ်ရတဲ့ သူတွေ့သွားလို့သင့်ကိုထားသွားတာပါ။ အကယ်၍ သင့်ရည်းစားက ဖောက်ပြန်နေတယ်ထင်ရင် သင့်အနေနဲ့ ပွင့်ပွင့်လင်းလင်းတိုင်ပင်သင့်ပါတယ်။ သင့်ကိုချစ်တဲ့သူဆိုရင် သူဖောက်ပြန်နေတာ မဟုတ်ကြောင်းရှင်းပြမှာပါ။ သင့်အနေနဲ့
ခဏခဏ မဟုတ်တာကို စွပ်စွဲနေတာမျိုးမလုပ်ဖို့တော့လိုပါတယ်။

(၂) မရိုးသားမှု

ယောက်ျားလေးတွေက သူတို့ရဲ့ချစ်သူကို သူတို့အပြည့်အဝယုံချင်ကြပါတယ်။ အကယ်၍ သင်ကြီးကြီးမားမားလိမ်ထားတာ တစ်ခုခုသူမိသွားရင် ပြဿနာစနိုင်ပါတယ်။ တစ်ခါတစ်လေ သေးသေးလေးဆိုတဲ့အရာတွေကပဲ လူနှစ်ယောက်ကို
ခွဲပစ်နိုင်ပါတယ်။

(၃) မနာလိုခြင်း

သင်ကတော့ သင့်ကိုသူချစ်မချစ်သိချင်လို့ယောက်ျားလေးတွေရဲ့စိတ်ကို ခဏခဏဆွပြိး မနာလိုအောင်လုပ်ပြနေမယ်ဆို
ရင် ယောက်ျားလေးတွေက ရေရှည်မှာ စိတ်မရှည်တတ်ပါဘူး။ ခဏခဏ မနာလိုဖြစ်နေရတဲ့အလုပ်ကို ယောက်ျားလေး
တွေမုန်းပါတယ်။ ယောက်ျားလေးတွေဟာ အချစ်ရေးမှာ သူတို့ချစ်သူကို အပြည့်အဝယုံချင်ကြပါတယ်။ ဒါ့ကြောင့် ချစ်သူ
မနာလိုအော်လုပ်တာတွေကို ခဏခဏမလုပ်မိပါစေနဲ့။

(၄) ခြားနားမှု

ယောက်ျားလေးတွေဟာ ချစ်ကြိုက်သွားပြီဆိုရင် ချစ်သူနဲ့တစ်သားတည်းခံစားချင်ကြပါတယ်။ သင်ကတော့ သူ့ရဲ့ခံစား
ချက်နဲ့ ခြားနားတဲ့ပုံစံမျိုးပဲ ပြနေမယ်ဆိုရင် သူစိတ်ကုန်လာပါလိမ့်မယ်။ ဥပမာ သူအရမ်းဝမ်းနည်းနေတဲ့အချိန်မှာ သင်က
ဘာမှမဖြစ်သလိုနေတာမျိုးပေါ့။ ဒါ့ကြောင့် တစ်ခါတစ်လေ သင့်မာနတွေကိုလျော့ပြီး သူနဲ့အတူ အချို့အရာတွေကို မျှဝေ
ခံစားသင့်ပါတယ်။

(၅) ခဏခဏ ပွစိပွစိလုပ်ခြင်း

ပွစိပွစိလုပ်တတ်တာ မိန်းကလေးတွေရဲ့သဘာဝပါ။ ဒါကို ယောက်ျားလေးတွေကလည်း နားလည်ပါတယ်။ ဒါပေမယ့်
အလွန်အကျူးမလုပ်မိဖို့တော့လိုပါတယ်။ ယောက်ျားလေးတွေအတွက် ပွစိပွစိလုပ်တာကို နားထောင်ရခြင်းက ငရပါပဲ။
အကယ်၍ သူကသင်အဲ့ဒိလိုလုပ်တာကို ၁၀မိနစ်လောက် သည်းခံတတ်ရင်တောင် အဲ့ဒါသင့်ကိုအရမ်းချစ်လို့ပါ။ အရမ်း
ပွစိပွစိ မလုပ်မိပါစေနဲ့။ အကယ်၍ သင်ဖျောင်းဖြချင်တာရှိရင် သူစိတ်ငြိမ်တဲ့အချိန် နားဝင်အောင်ပြောပါ။ ခဏခဏပြော
စရာမလိုပါဘူး။
 

(၆) အဆိုးမြင်ခြင်း

အာရုံနောက်တဲ့ နေ့ဆိုတာ လူတွေမှာရှိတတ်ပါတယ်။ ဒါပေမယ့် နေ့တိုင်း အာရုံနောက်ပြီး အရာရာကို အဆိုးမြင်နေတဲ့
ချစ်သူဆိုရင် ဘယ်သူမှရေရှည်သည်းမခံနိုင်ပါဘူး။

(၇) အသိအမှတ်မပြုခြင်း

အချို့မိန်းကလေးတွေက ငယ်ငယ်ကတည်းက အလိုလိုက်တာခံခဲ့ရတော့ မိမိကို အလိုလိုက်ပေမယ့် ပြန်ပြီးအသိအမှတ်ပြု
ကျေးဇူးတင်တတ်တာမျိုးမရှိတတ်ပါဘူး။ တစ်ခါတစ်လေ ချစ်သူကောင်လေးက အစစအရာရာသည်းခံပြီးနေပေမယ့် “နင် ငါ့ရဲ့ အကျင့်စရိုက်ကိုသိရက်နဲ့ ငါ့အပေါ်ချစ်နို်င်တာ ငါတကယ်ကိုဝမ်းသာပြိး ကျေးဇူးလည်းတင်ပါတယ်”ဆိုပြီးမျက်လုံးချင်း
ဆိုင်ကြည့်ကာ ပြောဖို့ကို ဝန်လေးတတ်ကြပါတယ်။ အဲ့ဒိအသေးအမွှားလေးကပဲ ယောက်ျားတစ်ယောက်ကို မောင်းထုတ်
ပစ်နိုင်စွမ်းရှိပါတယ်။ လူတိုင်းဟာ မိမိလုပ်တာအတွက် အသိအမှတ်အပြုခံချင်ကြတာချည်းပါပဲ။ သင်တောင် အသိအမှတ်
ပြုခံချင်ရင် သူကလည်း လူသားပါပဲ။ သူ့ကို အသိအမှတ်ပြုဖို့ မမေ့ပါနဲ့။

(၈) အတ္တကြီးခြင်း

အချို့မိန်းကလေးတွေက ချစ်သူကို အစေခံတစ်ယောက်လို ခိုင်းစေတတ်ကြပါတယ်။ အရာရာ ကိုယ့်အတွက်ပဲ စဉ်းစားပြီး
ချစ်သူအတွက်ဆိုတာ ဘယ်တော့မှ မစဉ်းစားပါဘူး။ စဉ်းစားရင်တော့ ဒုတိယနေရာမှာပဲရှိပါတယ်။ ယောက်ျားတွေဟာ
အချစ်လွန်ရင်တော့ အကြာကြီးသည်းခံတတ်ကြပေမယ့် အချို့ယောက်ျားလေးတွေကတော့ ခဏလေးနဲ့ စွန့်ခွာသွားပါလိမ့်မယ်။

No comments