မိန်းကလေးတွေသင့်ကို မပြောပဲသိစေချင်တဲ့အရာ(၁၀)ခု
(၁) သူတို့စိတ်တိုတဲ့အခါ သူတို့ကိုဂရုစိုက်ပေးစေချင်တယ်။
သင့်ချစ်သူမိန်းကလေးက သင့်ကိုစိတ်ဆိုးနေပြီဆိုရင် ဖြစ်ချင်ရာဖြစ်ဆိုပြီး ထားသွားတာမျိုးမလုပ်ပါနဲ့။ ဒီလိုအချိန်မျိုးမှာ သူမက သင့်ရဲ့ဂရုစိုက်မှုမျိုးကိုလိုချင်တာပါ။ သူမကိုနမ်းပြီး သူမကိုအရမ်းချစ်ကြောင်းပြောပြပါ။ သူမက သင့်ကိုလျစ်လျူရှု ရင်သင်က သူမကိုပိုဂရုစိုက်ပြပါ။
(၂) သူတို့သင့်ကိုလေးလေးနက်နက်ချစ်တယ်လို့ပြောရင် သင်ကလည်းလေးလေး
နက်နက်ပြန်ပြောပါ။
ပါ။ Luv u 2 တို့လို အတိုကောက်စာလုံးတွေဖြစ်နိုင်ရင် မသုံးပါနဲ့။ သင်ကတော့ အသေးအဖွဲလို့ထင်ပေမယ့် မိန်ကလေး
တွေရဲ့ စိတ်ထဲမှာတော့ ချစ်သူရဲ့ အာရုံစိုက်မှုကို အပြည့်အဝပြန်လိုချင်ကြပါတယ်။ သူမကိုဖုန်းဆက်ပြီး ပြန်မပြောနိုင်ရင်
နေပါစေ။ ဒေါပမယ့် Message ပြန်ပို့တဲ့အချိန်မှာတော့ လေးလေးစားစား အပြည့်အစုံရိုက်ပြီး ပြန်ပို့ပေးပါ။
(၃) သူတို့က အစိုးရိမ်လွန်တတ်တယ်။ ဒါသူတို့ရဲ့ သဘာဝပါ။ ဒါကိုနားလည်ပေးပါ။
မိန်းကလေးတွေက အစိုးရိမ်လွန်တတ်ပါတယ်။ တစ်ခါတစ်လေ သင့်စိတ်ထဲ ဘာမှမဟုတ်ပါဘူးလို့ ထင်နေတဲ့အသေးအမွှားလေးတွေကိုသူတို့က အကြီးကြီးတွေတွေးတတ်ပါတယ်။ ဥပမာ တစ်ခါတစ်ရံ သင်အခြားမိန်းကလေးတစ်ယောက်
နဲ့ခင်ခင်မင်မင်စကားပြောနေပေမယ့် သင့်ချစ်သူကောင်မလေးရဲ့ စိတ်ထဲမှာတော့ မနာလိုဖြစ်နေတတ်ပါတယ်။ သင့်ကို
အခြားမိန်းကလေးတွေနဲ့စကားမပြောနဲ့လို့ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် သင့်ချစ်သူမိန်းကလေး အစိုးရိမ်လွန်ရင်တော့
မဆူပါနဲ့။ ဒါက မိန်းကလေးတို့ရဲ့ သဘာဝပါ။
(၄) သင်က Text Messageပြန်မပို့ရင် သူတို့စိုးရိမ်တတ်ပါတယ်။
သင်ကတော့ တစ်ခါတစ်လေ အရေးမကြီးပါဘူးလို့ထင်ပေမယ့် မိန်းကလေးတွေက သင်Messageပြန်မပို့ရင် နေမထိထိုင်မထိဖြစ်တတ်ပါတယ်။ အတွေးထဲမှာ ဗြောင်းဆန်တတ်ပါတယ်။ သူက သင့်ကိုMessageပို့ရင် အတတ်နိုင်ဆုံး အမြန်
ဆုံးပြန်ပို့ပါ။ ကားမောင်းနေရင်တော့ တစ်မျိုးပေါ့။ အခြားအနေအထားမှာဆို မိန်းကလေးတွေကို မနှိပ်စက်ပါနဲ့။
(၅) သူတို့ကို မပြောပြရင် သင်မရိုးသားတာပါ။
ဥပမာ သင်နဲ့ကျောင်းတုန်းက ခင်ခဲ့တဲ့ ကောင်မလေးတစ်ယောက်က သင့်ကိုFacebookပေါ်မှာ addတယ်ဆိုပါစို့။ အဲ့ဒိကောင်မလေးက သင့်ရဲ့စတေးတပ်စ်တွေကို Likeပြီး သင်ကလည်း အဲ့ဒိကောင်မလေးရဲ့ စတေးတပ်စ်တွေကိုပြန်Like
ထားပြီး နောက်တော့ စကားပြောဖြစ်ကြတယ်။ နောက်တော့ ကော်ဖီသောက်ဖို့ချိန်းတယ်။ သင့်အနေနဲ့ သင့်ရဲ့ ချစ်သူ
ကောင်မလေးကို ဒိအကြောင်းမပြောပြတာအကြောင်းရှိပါတယ်။ သူသဘောမကျမှာသင်သိနေပါတယ်။ သင့်အနေနဲ့ပေါ်
တင် ဖောက်ပြန်တာမျိုးမဟုတ်သေးပေမယ့် ဒီလိုလုပ်နေခြင်းက သင့်ချစ်သူကောင်မလေးရဲ့ စိတ်ထဲမှာတော့ ဖောက်ပြန်
နေခြင်းပါပဲ။ ကျောင်းတုန်းက ကောင်မလေးကို ထိတောင်မထိရသေးဘူးပဲထားအုံး။ သင်ဖောက်ပြန်နေသလိုပါပဲ။ သင့်
ကောင်မလေးကို ရိုးသားစွာပြောပြပါ။ သူမလည်း သင့်ရဲ့အလေးထားမှုကို အသိအမှတ်ပြုပါလိမ့်မယ်။
(၆) သူငယ်ချင်း၊မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးရင် သူမဟာ သင့်ရည်းစားဆိုတာ
ထည့်ပြောပေးပါ။
ဥပမာ သူမရဲ့သူငယ်ချင်းတွေနဲ့ သင့်ကိုမိတ်ဆက်ပေးရာမှာ”ဒါငါ့ကောင်လေး၊ ငါ့ဘဲ”စသဖြင့် မသုံးပဲ “ဒါငါ့သူငယ်ချင်း”ပါလို့ မိတ်ဆက်ပေးရင် သင်ဘယ်လိုခံစားရမလဲ။ သူမလည်းပဲ သင်အဲ့ဒိလိုလုပ်တဲ့အခါ အလားတူခံစားရပါတယ်။ထို့
ကြောင့် သင့်ဆွေမျိုး၊သူငယ်ချင်း၊မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးတဲ့အခါ သူမဟာ သင့်ရဲ့ချစ်သူဖြစ်ကြောင်း ထည့်ပြောပြီး
မိတ်ဆက်ပေးပါ။
(၇) အခြားမိန်းကလေးတွေကို အငမ်းမရကြည့်တာမျိုးရှောင်ပါ။
တောင် မကြိုက်ရင်တော့ သင်လည်း မလုပ်ပါနဲ့။ သင့်ချစ်သူမိန်းကလေးနဲ့ အတူရှိနေရဲ့သားနဲ့ အခြားမိန်းကလေးတွေကို
လိုက်လံငေးမောနေခြင်းက သူမကိုစော်ကားနေသလိုပါပဲ။ ယောက်ျားတို့သဘာဝ လိုက်ကြည့်တတ်ရင်တောင် သူမရှေ့မှာ
တော့ မလုပ်ပါနဲ့။
(၈) သူတို့က Special Days တွေပိုရှိတတ်တယ်။
မိန်းကလေးတွေက ဒိတ်တွေ၊နေ့ရက်တွေနဲ့ပက်သက်ရင် မှတ်ထားလေ့ရှိကြပါတယ်။ စတွေ့တဲ့နေ့၊ အဖြေပေးတဲ့နေ့၊မွေးနေ့ စသဖြင့် သူတို့ဘဝရဲ့အရေးကြီးတဲ့နေ့တွေအများကြီးရှိတတ်ပါတယ်။ ဒီအချက်က ယောက်ျားလေးတွေနဲ့ကွာခြား
တတ်ပါတယ်။ ကိုယ့်ချစ်သူကောင်မလေးကို ချစ်ကြောင်းပြချင်ရင် သူမအတွက်အရေးကြီးတဲ့နေ့တွေကိုမှတ်သားထားပြီး
Surprise လုပ်တာမျိုးလုပ်ပေးပါ။ မိန်းကလေးတွေက အဲ့ဒါမျိုးကို အရမ်းသဘောကျလေ့ရှိပါတယ်။
(၉) သူတို့ဘဝတွင် သူတို့၏ မိန်းကလေးသူငယ်ချင်းများသည်အရေးပါသည်။
သူတို့ မိန်းကလေးသူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတဲ့အခါ တလေးတစားလုပ်ပါ။ ပေါ့ပျက်ပျက်မလုပ်ပါနဲ့။ သင်က သင့်ဘော်ဒါရောင်းရင်းများကိုခင်မင်သလို မိန်းကလေးများသည်လည်း သူတို့၏ သူငယ်ချင်းအရင်းခေါက်ခေါက်များကိုချစ်
တတ်ကြပါတယ်။ သူမနဲ့ သူမသူငယ်ချင်းတွေကြားထဲမှာ ဘေးကြပ်နံကြပ်ဖြစ်အောင်လည်းမလုပ်ပါနဲ့။ ဥပမာ သူမရဲ့
best friendမွေးနေ့ပွဲကို မသွားခိုင်းတာမျိုး မလုပ်ပါနဲ့။ လူကြီးလူကောင်းဆန်သင့်တဲ့နေရာတွေမှာ လူကြီးလူကောင်း
ဆန်ပါ။
(၁၀) သူတို့စကားပြောရတာကြိုက်တယ်။
မိန်းကလေးတွေက စကားပြောရတာကြိုက်ပါတယ်။ တစ်ခါတစ်လေ မိန်းကလေးသူငယ်ချင်း အချင်းချင်းတွေ့ရင် နာရီပေါင်းများစွာ စကားပြောတတ်ကြပါတယ်။ သင်က စကားပြောရတာ အရမ်းမကြိုက်ရင်တောင် သင့်ချစ်သူကောင်မလေး
နဲ့တော့ စကားများများပြောပေးပါ။ သင့်ကောင်မလေးကလည်း ယောက်ျားလေးတွေ စကားပြောရတာအရမ်းမကြိုက်မှန်း
သိပါတယ်။ ဒါပေမယ့်သင်က သူမအတွက် ဂရုစိုက်ပေးတဲ့အခါ သူပြောရွှင်ပါလိမ့်မယ်။
No comments