အွန်လိုင်းပေါ် ဆက်စီဓာတ်ပုံ ရောက်လာတဲ့အတွက် ကျောင်းအုပ်ဆရာမ အလုပ်ထွက်ရ


ဗြိတိန်မှာရှိတဲ့ မူလတန်းကျောင်းတစ်ကျောင်းက ကျောင်းအုပ်တစ်ယောက်ရဲ့ ဓာတ်ပုံတွေ ပြည့်တန်ဆာဝန်ဆောင်မှု ပေးတဲ့ အွန်လိုင်းပေါ် ရောက်ရှိလာပြီးနောက် ကျောင်းအုပ်ဖြစ်သူဟာ အလုပ်က ထွက်လိုက်ရပါတယ်။ မီရှဲကုပ်လန်းလို့ အမည်ရတဲ့ မူလတန်း ကျောင်းအုပ်ဆရာမရဲ့ ဆက်စီဓာတ်ပုံဟာ ပြည့်တန်ဆာလုပ်ငန်းတွေ အသုံးချတဲ့ adaultwork.com ဆီကို ရောက်သွားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ ကျောင်းအုပ်ဖြစ်သူ မီရှဲလ်ကတော့ ဒီဓာတ်ပုံဟာ သူတင်ခဲ့တာမဟုတ်ကြောင်း ငြင်းဆိုပါတယ်။

 ဒါပေမဲ့လည်း ကျောင်းသူတစ်ယောက်ဝတ်စုံနဲ့ ဆက်စီကျကျ ဓာတ်ပုံ ရိုက်ကူးထားပြီး ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်သူတစ်ယောက်လို စာရေးသားထားတဲ့ ဖြစ်ရပ် ပေါ်ပေါက်ခဲ့တဲ့အတွက် အလုပ်က နုတ်ထွက်ခဲ့ရတဲ့အထိ ဖြစ်ခဲ့တာပါ။အဆိုပါကျောင်းဟာ အစိုးရရဲ့ ရန်ပုံငွေနဲ့ အပြည့်အဝလည်ပတ်ရတဲ့ ကျောင်းဖြစ်တဲ့အတွက် ကျောင်းအုပ်နုတ်ထွက်ဖို့ ဖိအားပေးခံခဲ့ရတာဖြစ်ပါတယ်။ ကျောင်းအုပ်မီရှဲလ်ဟာ ဆက်စီဓာတ်ပုံကြောင့် အဆိုပါကျောင်းမှာ ဇွန်လ ၇ ရက်နေ့အထိသာ အလုပ်လုပ်ခဲ့ရပါတယ်။ 

No comments