Breaking News

အောင်မြင်သူတွေ ဘာကြောင့်ဝတ်စုံတစ်မျိုးထဲကိုပဲ စွဲစွဲမြဲမြဲဝတ်တာလဲ?

 
ဘာလို့  Facebook CEO Mark Zuckerbergဟာ ဖက်ရှင်နဲ့ပက်သက်ရင် အမြဲလိုလို တူညီတဲ့အင်္ကျီဘောင်းဘီကိုပဲ
ဝတ်တာလဲ သင်သတိထားမိပါသလား။ လူတော်တော်များများရဲ့ စိတ်ထဲမှာ သိချင်တဲ့ မေးခွန်းမျိုးဖြစ်ပြီး လွန်ခဲ့တဲ့၂နှစ်
လောက်က သတင်းထောက် တစ်ယောက်ကမေးဖူးပါတယ်။
Mark ပြန်ဖြေတာကတော့ “ကျွန်တော့်ဘဝမှာ ဒီCommunity (Facebook)ကို ဘယ်လိုတိုးတက်အောင်လုပ်ရမလဲ
ဆိုတာကလွဲလို့ကျန်တဲ့နေရာတွေမှာ ကျွန်တော်ဆုံးဖြတ်ချက်တွေ မချချင်ပါဘူး။ ကျွန်တော့်ဘဝကို အတတ်နိုင်ဆုံးရှင်း
လင်းအောင်ထားချင်ပြီး မလိုအပ်တဲ့နေရာတွေမှာ ကျွန်တော်ဆုံးဖြတ်ချက်တွေမချချင်ပါဘူး။ အဲ့ဒိထက်အရေးကြီးတဲ့အရာ
တွေ ကျွန်တော့်မှာရှိနေပါတယ်။” လို့ဖြေခဲ့ပါတယ်။
Markဟာ မလိုအပ်တဲ့နေရာမှာ Energy မသုံးခြင်းဖြစ်ပါတယ်။ Markတစ်ယောက်ထဲပါလားဆိုတော့မဟုတ်ပါဘူး။
Steve Jobsဟာလည်း ပုံစံတူတွေပဲ ဝတ်တဲ့နေရာမှာ တူညီပါတယ်။  Steve Jobsရဲ့ အမှတ်အသားဝတ်စုံကတော့
ဂျင်းဘောင်ဘီအပြာရောင်၊ Sneakerဖိနပ်၊ အနက်ရောင်အင်္ကျီပဲဖြစ်ပါတယ်။

No comments