ကျန်းမာရေးကိုဆိုးဝါးစေတဲ့ နေ့စဉ်အမူအကျင့်များ

 
လူကို ကျန်းမာရေးဆိုးဝါးစေတဲ့ အပြုအမူတွေထဲမှာ နေ့စဉ်ကိုယ်ပြုလုပ်နေတဲ့ အပြူအမူတွေကလည်း ရေရှည်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ တစ်ချို့တွေက နေ့စဉ်လိုလိုလုပ်နေကျဖြစ်လို့ အကျင့်ဖြစ်နေပြီ ပြင်မရဘူး-လို့ ဆိုတတ်ကြပါတယ်။ ဒါပေမယ့် ကျန်းမာရေးဆိုတာကလည်း သူ့ကိုဂရုစိုက်မှ သူက ဂရုပြန်စိုက်တာမျိုးဖြစ်ပါတယ်။ အခု ပရိသတ်ကြီးအတွက် မိမိရဲ့ကျန်းမာရေးကို ဆိုးဝါးစေတဲ့ နေ့စဉ်အမူအကျင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အလွန်အကျွံသောက်ခြင်း (ဆေးလိပ်အပါအ၀င်)

 

အရက်သေစာနဲ့ ဆေးလိပ် အလွန်အကျွံသောက်ခြင်းကလည်း လူသက်တမ်းစေ့မနေရစေတဲ့ အပြုအမူဆိုွးေ ဖြစ်ပါတယ်။ အချို့လူတွေကတော့ အရက်ကို ဆေးဖြစ်ဝါးဖြစ်ဆိုတဲ့ သဘောနဲ့ မှီဝဲတတ်ကြပါတယ်။ အမှန်လည်း လူကို အကျိုးပြုနိုငတာတွေ ရှိပါတယ်။ သို့သော် အလွန်အကျွံသောက်ခြင်းကတော့ လုံးဝ မကောင်းပါ။ စားဝင်အိပ်ပျော်ရုံလောက်ဆိုရင်တော့ မဆိုပါဘူး။

(၂) အလွန်အကျွံစားခြင်း

အစားအစာကို အလွန်အကျွံစားတဲ့အကျင့်ကို ရှောင်ပါ။ တစ်ခါတလေတောင် အစားအစာကို အလွန်အကျွံမစားပါနဲ့။ အလွန်အမင်း ၀ဖြိုးခြင်းကို ဖြစ်စေပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်းတို့ကို အနှောက်အယှက်ဖြစ်စေပြီး ရောဂါတွေကို ဖိတ်ခေါ်သလို ဖြစ်စေပါတယ်။

(၃) မနက် 10 နာရီထက်ကျော်လွန်၍အိပ်ခြင်း

 

အချို့ အလုပ်မရှိသူတွေ၊ လွတ်လပ်သူတွေ၊ အပူအပင်ကင်းမဲ့သူတွေဟာ ညခင်းပိုင်း မအိပ်ပဲ မနက်လင်းပိုင်းမှ အိပ်ယာဝင်လေ့ရှိကြပါတယ်။ မနက်ဆယ်နာရီကျော်ပြီးမှ အိပ်ယာက ထတယ်ဆိုရင် ရေရှည်ကျန်းမာရေး မကောင်းနိုင်ပါ။ ဆီးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အကြောတုံ့ဆိုင်းမှုရောဂါနဲ့ နာတာရှည်ရောဂါတစ်မျိုးမျိုးကို တို့ကို ဖြစ်စေနို်င်ပါတယ်။

(၄) အဆာခံခြင်း

အချို့သော ပုဂ္ဂိုလ်များက ထမင်းစားချိန် ပုံမှန်မရှိပါဘူး။ တစ်ခါတလေ မနက်စာနဲ့ နေ့လည်စာ ပေါင်းစားတဲ့သူရှိပါတယ်။ တစ်ခါတလေ အဲဒီလို အစားနှစ်ခုကိုတောင် ပေါင်းပြီး မစားနိုင်သေးဘဲ အလုပ်ရှုပ်လွန်းလို့ မွန်းလွဲ(၂)နာရီလောက်မှ အစာစားတာမျိုးတွေ တစ်နေကုန် အဆာခံထားတာမျိုးတွေဟာ မကောင်းပါဘူး။ အဆာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဖြစ်စေပြီး အသက်အန္တရာယ်တောင် ရှိနိုင်ပါတယ်။

(၅) ညဥ့်နက်မှ အိပ်ယာဝင်ခြင်း

 

ဒါကတော့ အခုခေတ်လူငယ်လူလတ်တိုင်း ကင်းနိုင်မည်မထင်ပါ။ တစ်ခါတလေ ညဥ့်တစ်နာရီအထိ အိပ်ယာမ၀င်သေးပဲ တစ်တောက်တောက်နဲ့ ဖုန်းကလိနေတတ်ပါတယ်။ တစ်ခါတလေကျတော့လည်း ဖုန်းဘေလ်ကလည်း မရှိတော့ စိတ်ပျက်လက်ပျက် စောင်ခေါင်းမြှီးခြုံပြီး အစောကြီး ၀င်ကွေးနေတာမျိုးလည်း ရှိနိုင်ပါတယ်။ နှစ်ခုစလုံး မကောင်းပါ။ ပုံမှန်အိပ်ချိန်၊ ပုံမှန်စားချိန်ရှိမှ လူ့သွေးသားလည်ပတ်မှုကလည်း ပုံမှန်ဖြစ်ပြီး ကျန်းမာရေးလည်ပတ်မှုကလည်း ပုံမှန်ဖြစ်မှာပါ။

(၆) အထိုင်များခြင်း

ရုံးဝန်ထမ်းကဲ့သို့သော် အထိုင်များတဲ့လူတွေအနေနဲ့လည်း မိနစ်သုံးဆယ်တစ်ခါလောက် လမ်းလျှောက်ခြင်း၊ အကြောဆန့်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းတွေကို မပျက်မကွက် လုပ်ဆောင်ပေးသင့်ပါတယ်။ မဟုတ်ရင် အာရုံကြောစနစ် ပုံမှန် မဟုတ်တော့ဘဲ ကြွက်သားတွေကို ထိန်းကျောင်းမောင်းနှင်တဲ့အခါ အခက်အခဲတွေ ဖြစ်တတ်ပါတယ်။ နောက်ဆုံး လေဖြတ်တတ်ပါတယ်။

No comments