Breaking News

HIVရှိနေတဲ့ကလေးတွေကို အားပေးခဲ့တဲ့ဒေးဗစ်ဘက်ခမ်း

 
နာမည်ကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းဟာ အာဖရိကမှာရှိတဲ့ Swatzilandနိုင်ငံကို Unicef နဲ့အတူ သွား
ရောက်လည်ပတ်ခဲ့ပါတယ်။ ဒေးဗစ်ဟာ မိုးခေါင်တဲ့အရပ်ဒေသတွေကို သွားရောက်လည်ပတ်ခဲ့တာလည်းဖြစ်ပါတယ်။
သူလတ်တလေလုပ်နေတဲ့ပရောဂျက်က ထိုအရပ်ဒေသကလူတွေရဲ့ အသက်ကိုကယ်တင်ဖို့ပဲ ဖြစ်ပါတယ်။
David Beckham visits Swaziland
အသက်၄၁နှစ်အရွယ် ဒေးဗစ်ဟာ Makhewu Communityက ကလေးတွေနဲ့ ရယ်မောကြပြီး ပျော်ရွှင်နေခဲ့ပါတယ်။ မိုးခေါင်ခြင်းဟာ အာဖရိကနိုင်ငံရဲ့ အရှေ့ဘက်နဲ့တောင်ဘက်အခြမ်းမှာ အရမ်းဆိုးရွားနေပါတယ်။ ဒီလိုအခြေအနေက
HIVကူးစက်ခံထားရတဲ့ ကလေးတွေအတွက် ပိုမိုဆိုးရွားစေပါတယ်။
David Beckham visits Swaziland
သူ့ရဲ့ခရီးစဉ်အကြောင်းပြောရင်းနဲ့ ဒေဗစ်က ဖခင်တစ်ယောက်ဖြစ်နေခြင်းကြောင့် အရင်ကလို ခဏခဏခရီးတွေသွားပြီး ကလေးတွေကို အားမပေးနိုင်တော့ကြောင်းကို ဝန်ခံခဲ့ပါတယ်။ ဒေဗစ်ဟာ ကလေးလေးယောက်ရှိပါတယ်။ Brooklyn, 17, Romeo, 13, Cruz 11 နဲ့ လေးနှစ်အရွယ်  Harper လေးတို့ဖြစ်ပါတယ်။
“ကလေးတော်တော်များများက ကျွန်တော့်သားသမီးတွေအရွယ်ပါပဲ။ ဒါပေမယ့် သူတို့မှာ မိဘတွေမရှိတော့ပါဘူး။သူတို့ ရဲ့မိဘတွေဟာ HIVကြောင့် သေဆုံးခဲ့ပြိး သူတို့ဟာလည်း HIVကူးစက်ခံထားရပါတယ်။ ကလေးလေးယောက်ရဲ့ဖခင်
အနေနဲ့ ဒီကလေးတွေရဲ့ အခက်အခဲကို ကောင်းကောင်းကြီး ကိုယ်ချင်းစာမိပါတယ်။ အခုလို မိုးခေါင်တော့ပိုဆိုးတာပေါ့”
လို့ David ကပြောခဲ့ပါတယ်။
NINTCHDBPICT000242795616
မနှစ်ကတုန်းက ဒေးဗစ်ဟာ ‘7’လို့ အမည်ရတဲ့ ဖောင်ဒေးရှင်းတခုကို unicefနဲ့ အတူပြုလုပ်ခဲ့ပါတယ်။ ကမ္ဘာတစ်လွှား မှာရှိတဲ့ဆင်းရဲချို့တဲ့နေတဲ့ ကလေးတွေကို ကူညီပေးဖို့ပါ။ သူအင်္ဂလန်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့မှာ ဝတ်ဆင် ခဲ့တဲ့ နံပါတ်၇ကို အစွဲပြုပြီး အမည်ပေးထားတာလည်းဖြစ်ပါတယ်။

 သူတည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းအကြောင်းပြောရင်း “လွန်ခဲ့တဲ့နှစ်က ကျွန်တော်ကိုယ်ပိုင်ဖောင်ဒေးရှင်းတစ်ခုကို Unicefနဲ့အတူ တည်ထောင်ခဲ့ပါတယ်။ ကျွန်တော်တစ်ကမ္ဘာလုံးက ကလေးတွေကို ကူညီပေးချင်လို့ပါ။ ကျွန်တော်တို့ ‘7’ ဖောင်ဒေးရှင်းကနေ ရတဲ့ပိုက်ဆံတွေနဲ့အခု Swatziland မှာကလေးတွေကို ကူညီနေတာကိုတွေ့တော့ ကျွန်တော်ဂုဏ်ယူမိပါတယ်။”လို့ဆိုခဲ့ပါတယ်။

No comments