ရည်းစားကောင်မလေးနဲ့ လမ်းခွဲသင့်တဲ့အခြေအနေများ


အမျိုးသားတွေအနေနဲ့ အိမ်ထောင်ရေးမှာပဲဖြစ်ဖြစ် သမီးရည်းစား ဆက်ဆံရေးမှာပဲဖြစ်ဖြစ် အောက်ပါ ခက်ခဲတဲ့အခြေအ
နေမျိုးတွေနဲ့ မကြာခဏဆိုသလို ကြုံတွေ့ခံစားနေရရင် မိန်းကလေးဖြစ်သူနဲ့ လက်တွဲ ဖြုတ်သင့်တယ်လို့ lovepanky.com ကို ကိုးကားပြီး အကြံပြုလိုက်ရပါတယ်။

(၁) တကယ်မချစ်ရင်

 

ဒီအခြေအနေမှာ သင့်ဘက်က တစ်ကယ်မချစ်ပါဘူးလို့ တစ်ဖက်သက် ခံစားရတာမျိုးထက် သူ့ဘက်က သင့်ကို တစ်ကယ်မချစ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ၀န်ခံတာပဲဖြစ်ဖြစ်ဖြစ်၊ တစ်နည်းနည်းနဲ့ လက်တွဲဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ သေချာစေတယ်ဆိုရင် လက်ရှိချစ်သူနဲ့ လမ်းခွဲသင့်ပါတယ်။ ဒီနေရာမှာ သင့်ဘက်က မချစ်ဘူးလို့ တစ်ဘက်သက်ဆုံးဖြတ်တာမျိုး မ
ဖြစ်သင့်ပါဘူး။ အကြောင်းကတော့ လက်မတွဲခင်ကတည်းက တစ်ကယ်ချစ်တယ် မချစ်ဘူးဆိုတာ သင့်မှာ ဆုံးဖြတ်ခွင့် ရှိနေလို့ပါ။

(၂) အသုံးချခံနေရရင်

အမျိုးသမီးတစ်ယောက်ဟာ အမျိုးသားတစ်ယောက်ကို မာယာနဲ့ သိမ်းသွင်းပြီး ငွေကြေးကို ရယူတာပဲဖြစ်ဖြစ်၊ အကျိုးစီးပွားကို ရယူတာပဲဖြစ်ဖြစ်၊ ပိုင်ဆိုင်ခွင့်ကို လုယူဖို့ ကြိုးစားတာပဲဖြစ်ဖြစ် အသုံးချဖို့ ချဉ်းကပ်လာတယ်ဆိုရင်၊ ဒါမှမဟုတ် ဒီလို ယုံကြည်နိုင်ဖို့ သက်သေရှိနေတယ်ဆိုရင်တော့ အဆိုပါ အမျိုးသမီးဟာ ရန်သူနဲ့တူတဲ့ အမျိုးသမီးဖြစ်ပါတယ်။ လက်တွဲ ဖြုတ်သင့်ပါတယ်။

(၃) အတ္တသိပ်ကြီးမားလွန်းနေရင်

လက်ရှိလက်တွဲနေတဲ့ အမျိုးသမီးဟာ သင့်အပေါ်မှာ အတ္တတွေနဲ့ ပြုမူဆက်ဆံတယ်၊ ထိန်းချုပ်ဖို့ ကြိုးစားတယ်၊ သူ့ဘက်ကတော့ စည်းနဲ့ကမ်းနဲ့ နေဖို့ပျက်ကွယ်တယ်ဆိုရင်လည်း သင်တို့နှစ်ယောက်ရဲ့ ချစ်ခရီးဟာ ရေရှည်အထိ တကျက်ကျက် ဖြစ်နေပါလိ့မ်မယ်။

(၄) မကြာခဏအကြီးအကျယ်ရန်ဖြစ်ရင်

 

လက်တွဲအဖော်အမျိုးသမီးဟာ နေ့စဉ်နဲ့အမျှ အကြောင်းအမျိုးမျိုးပြပြီး ပြဿနာရှာတယ်၊ ပတ်ဝန်းကျင်ကိုပင် လေးစားရ
ကောင်းမှန်း မသိ၊ အရှက်နဲ့သိက္ခာကို ငဲ့ကွက်ရကောင်းမှန်း နားမလည်၊ အယုနတ္တတွေ ပြောဆိုရွတ်ဆိုပြီး ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေတယ်ဆိုရင်လည်း သင် လက်တွဲဖြုတ်သင့်ပါတယ်။

(၅) ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်နေရင်

ဘာကိစ္စပဲဖြစ်ဖြစ် တိုင်ပင်လိုက်တဲ့အခါတိုင်း ကပြတ်ယပြတ်လုပ်မယ်၊ သူလုပ်ချင်တာမျိုးကျတော့ တိုင်တိုင်ပင်ပင် မရှိဘဲ၊ လုပ်ချင်ရာ လုပ်ထားမယ်၊ ဘယ်တော့နေနေ ခွန်းကြီးခွန်းငယ်ပြောပြီးမှ ဖြေရှင်းရတာမျိုး များနေရင် သင့် လက်တွဲဖော်ဟာ သင်နဲ့ ကီးမကိုက်သေးတဲ့ လက်တွဲဖော်ဆိုတာ သေချာပါတယ်။

(၆) ငွေရေးကြေးရေး စည်းကမ်းမရှိရင်

 

နောက်တစ်ခု အဆုံးဆုံးအခြေအနေကတော့ ငွေရေးကြေးရေးနဲ့ ပတ်သက်ရင် စည်းကမ်းမရှိတဲ့ အမျိုးသမီးမျိုးဆို လက်မတွဲသင့်ပါဘူး။ သူ့ဘာသာသူ ဘယ်လောက်ပဲ ချမ်းသာသည်ဖြစ်စေ သုံးတာနဲ့ ဖြုန်းတာကို ခွဲခြားမသိရင် သင့်ကို ကျွန်ကြီးငနွားဘ၀က လွတ်စေမှာ မဟုတ်ပါ။ ဒီထက် ပိုဆိုးတဲ့အခြေအနေကတော့ အမျိုးသမီးတန်မဲ့ လောင်းကစားလုပ်တယ်ဆိုရင်တော့ တစ်စက္ကန့်တောင်မှ လက်မတွဲသင့်ပါဘူး။

(၇) ဖောက်ပြန်ရင်

နောက်ဆုံးအချက်ကတော့ အဆိုးဆုံးအခြေအနေပါဘဲ။ တစ်ချို့ကကျတော့ သားသမီးသံယောဇဉ်ကို ရှေးရှုပြီး တစ်ကြိမ်မျှ ဖောက်ပြန်ရုံနဲ့ဆိုပြီး ခွင့်လွှတ်ကာ ဆက်ပြီး ပေါင်းသင်းတာမျိုး ရှိပါတယ်။ ဒါပေမယ့် လူမှုရေးအရ ဖောက်ပြန်မှုဟာ ရှက်စရာအကောင်းဆုံးနဲ့ သိက္ခာအကျဆုံး လုပ်ရက်ကြီးဖြစ်ပါတယ်။ ဒီတော့ သင့် သည်းခံမှုအတိုင်းအတာအရ နားလည်ခွင့်လွတ်ခြင်းကို ဘာမှ ပြောရန်မရှိသော်လည်း ဖောက်ပြန်သူ အမျိုးသမီးများဟာ အမျိုးသားကောင်းနဲ့ လုံးဝ မထိုက်တန်သူတွေ ဖြစ်ပါတယ်။ သားသမီးသံယောဇဉ်မရှိဘူးဆိုရင်တော့ ချက်ချင်း လက်တွဲဖြုတ်သင့်ပါတယ်။

No comments