စိတ်ဝင်စားတဲ့ကောင်မလေးနဲ့ပထမဆုံးချိန်းတွေ့တဲ့အချိန်မှာ ဆောင်ရန်ရှောင်ရန်များ
ကောင်မလေးတစ်ယောက်နဲ့ အပြင်မှာ တွေ့ဖို့ရှိတယ်ဆိုရင် အောက်ပါအချက်တွေ မမေ့ဖို့ တိုက်တွန်း
လိုက်ပါရစေ။
(၁) နောက်မကျပါစေနဲ့
ကောင်းပါလားလို့ မြင်သွားရင် သင့် Roll လည်း ကျသွားတာနဲ့ အတူတူပါဘဲ။
(၂) ဣနြေ္ဒမရ မဖြစ်စေနဲ့
နေရတစ်ခုကို ကြိုတင်စီစဉ်ထားပါ။ သူ ရောက်လာမှ ဘယ်နေရာသွားကြရင် ကောင်းမလဲဆိုတာမျိုး မမေးပါနဲ့။ မေးလည်း ပထမဆုံးတွေ့တာဖြစ်လို့ ကောင်မလေးက မဖြေပါဘူး။ ဒီလိုမှမဟုတ်ရင် တွေ့ဖို့အဆင်မပြေရင် ပြန်တော့မယ်
နော်လို့ ပြောခံရနိုင်ပါတယ်။
(၃) ကိုယ့်ရဲ့အဆင့်အတန်းကို မြင်အောင်ပြပါ
ကိုယ့်အဆင့်တန်းနဲ့ ညီမျှတဲ့ အ၀တ်အစားမျိုးကို ၀တ်သွားပါ။ ဒီထက်လည်း ပိုမ၀တ်ပါနဲ့။ ကိုယ်က သာမာန်လူတစ်ယောက်ဖြစ်တယ် ဒါကို သူဌေးတစ်ယောက်လို ၀တ်စားသွားရင်လည်း ရယ်စရာကောင်းသလို မိန်းကလေးကို မလျှော်
ကန်သောနည်းနဲ့ မြှူစွယ်ရာလည်း ရောက်စေပါတယ်။
(၄) သန့်ရှင်းသေသပ်မှုကို ဦးစားပေးပါ
လက်သဲခြေသဲ ဆံပင် စတာတွေကို ရိတ်သင့် ဖြတ်သင့်ရင် သန့ှ်ရှင်းသွားဖို့ မမေ့ပါနဲ့။ မိန်းကလေးတော်တော်များများကသန့်မှ သဘောကျတတ်ပါတယ်။
(၅) မမူးစေနဲ့
ပါနဲ့ တစ်ခွက်လောက်နှစ်ခွက်လောက်ပဲ ကောင်းပါတယ်။ မဟုတ်ရင် ကောင်မလေးက ပြန်ထမ်းနေရတတ်လို့ပါ။
(၆) စကားတွေမညည်းငွေ့ဖို့လိုတယ်
ဟန် ပြပါ။ အိုဗာကြီးလည်း မဖြစ်ပါစေနဲ့။ ရယ်စရာရှိရင်လည်း ရယ်ပါ။ အိုဗာမဖြစ်ပါစေနဲ့။
(၇) ပုတ်သင်ညိုဥမပေါ်စေနဲ့
အကင်းပါးတဲ့ ကောင်မလေးတွေက သင့်အတိတ်ကို နှိုက်ချွတ်ပြီးတော့ မေးတတ်ပါတယ်။ အဲဒီမှာ ညောင်မြစ်တူးရင် ပုတ်သင်ညိုဥတွေ ပေါ်တတ်ပါတယ်။ ဒါကို အကင်းပါးအောင် ရှောင်တတ်ပါစေ။
No comments