သရုပ်ဆောင် ယွန်းယွန်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးနှစ်ခုဖြင့်အောင်
ယခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုထားသော သရုပ် ဆောင် ယွန်းယွန်းက ဂုဏ်ထူးနှစ် ဘာသာဖြင့် အောင်မြင်ကြောင်း သတင်းရရှိသည်။
‘‘ဖြေတုန်းကတော့ အကုန် လုံးမှန်းပြီး ဖြေခဲ့တယ်ဆိုပေမယ့် လေးဘာသာလောက်ပဲ ကောင်း ကောင်းဖြေနိုင်ခဲ့တော့ စိတ်ပူနေ တာ။ ဆရာတွေရဲ့ အမှတ်ပေး စည်းမျဉ်းကို သေချာမသိတဲ့အခါ ကျတော့ စိတ်မချနိုင်ဘဲ စိတ်ပူနေ တာ။ ထင်တဲ့အတိုင်း သမီးအရမ်း ဖြေနိုင်တဲ့ အင်္ဂလိပ်စာနဲ့ Physics ကလည်း မပါခဲ့ဘူး။ အဲဒီအတွက် ဘယ်နှမှတ်နဲ့ ပြုတ်သွားတာ လဲ သိချင်နေတယ်။ 2D ရလို့ ၀မ်းသာပေမယ့် ထင်သလောက် တော့ ဖြစ်မသွားဘူး’’ဟု ယွန်း ယွန်းက ပြောသည်။
ယွန်းယွန်း၏ အမည်ရင်းမှာ ယွန်းသဒ္ဓါအောင်ဖြစ်ပြီး တက္က သိုလ်ဝင်စာမေးပွဲကို အထက (၄)ဗိုလ်တထောင်ကျောင်းတွင် ခုံအ မှတ် ဆဗထ/၂၀၁၄ ဖြင့် ဖြေဆိုခဲ့ ရာ မြန်မာစာနှင့် ဇီဝဗေဒနှစ်ဘာ သာဂုဏ်ထူးရရှိခြင်း ဖြစ်သည်။
‘‘တက္ကသိုလ်ကို ဘယ်တက္က သိုလ်တက်မယ်ဆိုပြီး ရည်မှန်း ထားတာမရှိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နွေရာသီကတည်းက Privite Institute တစ်ခုမှာ Business Management တက် နေတာ။ အဲဒီပညာရေးကို ဆုံးခန်း တိုင်အောင် ကြိုးစားမယ်။ ပြည် တွင်းက ဘွဲ့တစ်ခုရအောင်လည်း အတတ်နိုင်ဆုံးလုပ်သွားမယ်။ ဒါ ပေမဲ့ ပြည်တွင်းတက္ကသိုလ်ကို တော့ အမှတ်စာရင်းထွက်မှပဲ ဆုံးဖြတ်ဖြစ်မှာ’’ဟု ၎င်းက ပြော သည်။
ယွန်းယွန်းသည် တက္ကသိုလ် ၀င်တန်းစာမေးပွဲဖြေဆိုရမည်ဖြစ် ၍ ပြီးခဲ့သည့်နှစ်အတွင်းက အနု ပညာအလုပ်အနည်းငယ်သာပြု လုပ်ပြီး အနုပညာဘက်တွင် ထူး ချွန်သကဲ့သို့ ပညာရေးဘက်ကိုလည်း ထူးချွန်လိုသည်ဟု ယွန်းယွန်းက ဆိုထားသည်။
No comments