Breaking News

အော်လန်ဒိုမြို့ဖျော်ဖြေပွဲတွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အဆိုတော်ခရစ္စတီးနားဂရင်မီ သေဆုံး

အမေရိကန်အဆို တော် ခရစ္စတီးနားဂရင်မီသည် ဇွန်လ ၁၀ ရက်တွင် ဖလော်ရီဒါ ပြည်နယ် အော်လန်ဒိုမြို့ ဖျော်ဖြေ ပွဲတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ၎င်း၏ ပြော ရေးဆိုခွင့်ရသူက ပြောကြား သည်။
အသက် (၂၂) နှစ်အရွယ် ခရစ္စတီးနားဂရင်မီသည် ၂၀၁၄ က The Voice သီချင်းဆိုပြိုင်ပွဲ ပွဲစဉ် (၆)တွင် တတိယဆုရရှိခဲ့သူ ဖြစ်သည်။ ခရစ္စတီးနားသည် အော်လန်ဒိုမြို့၌ ပြုလုပ်သော ဖျော်ဖြေပွဲပြီးနောက် ပရိသတ် အား အမှတ်တရ လက်မှတ်ရေး ထိုးပေးနေစဉ် အမျိုးသားတစ်ဦး က ၎င်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ ခြင်းဖြစ်သည်။
ခရစ္စတီးနားသည် သေနတ် ဒဏ်ရာများဖြင့် ဆေးရုံ၌ ကွယ် လွန်သွားသည်ဟု အော်လန်ဒို ရဲ တပ်ဖွဲ့က ပြောသည်။ခရစ္စတီးနား ၏ အစ်ကိုက ယင်းသေနတ်သမား ကို ၀င်ရောက်ဖမ်းဆီးစဉ်သေနတ် သမားသည် သေနတ်ဖြင့် ကိုယ့် ကိုယ်ကိုယ် အဆုံးစီရင်သွားသည် ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။ သံသယရှိသူအနေဖြင့် ဖျော်ဖြေ ပွဲကျင်းပရာနေရာသို့ သေနတ် များဖြင့် မည်သို့ဝင်ရောက်နိုင်ခဲ့ ကြောင်း ရဲတပ်ဖွဲ့က စတင်စုံစမ်း နေပြီဖြစ်သည်။ 

No comments