ဒေသငါးခု ရေလွှမ်းမိုးမှု အန္တရာယ်ကြုံ ရေဘေးကြောင့် လူနှစ်ဦးသေဆုံး
မုတ်သုံလေအား ကောင်းပြီး မိုးသည်းထန်စွာ ရွာ သွန်းမှုကြောင့် ဒေသငါးခုတွင် ရေလွှမ်းမိုးမှုအန္တရာယ်ကြုံတွေ့ နေကာ ရခိုင်ပြည်နယ်နှင့် ပဲခူး တိုင်းဒေသကြီး၌ ရေဘေးကြောင့် တစ်နေ့တည်း လူနှစ်ဦးသေဆုံးခဲ့ ကြောင်း သတင်းရရှိသည်။
ဇွန်လ ၁၁ ရက်က ရခိုင်ပြည် နယ် အမ်းမြို့နယ်တွင် မိုးသည်း ထန်စွာရွာသွန်းပြီး (၉)နှစ်အရွယ် ကလေးငယ်တစ်ဦးရေစီးနှင့်မျော ပါသေဆုံးခဲ့ကာ ပဲခူးတိုင်းဒေသ ကြီး ပေါင်းတည်မြို့နယ်၌ အ မျိုးသမီးတစ်ဦး သစ်ပင်ပိသေဆုံး ခဲ့သည်။ ဇွန်လ ၁၀ရက်က ကောလင်း၊ ၀န်းသိုနှင့် ပင်လည်ဘူးမြို့တို့တွင် ဖြစ်ပေါ်ခဲ့သည့် ရေဘေး၌လူသုံးဦးသေ ဆုံးခဲ့သောကြောင့် သုံးရက်အတွင်း လူငါးဦးသေဆုံးခဲ့သည်။
လတ်တလောရေဖုံးလွှမ်းမှု ရင်ဆိုင်နေရသော ဒေသများမှာ ပဲခူး၊ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်၊ ရခိုင်ပြည်နယ်တို့ဖြစ်သည်။ ရခိုင်ပြည်နယ် မြို့နယ်အများစုရှိမြေနိမ့်ဒေသများ၌ ရေဖုံးလွှမ်းနေပြီး သံတွဲနှင့် အမ်းမြို့နယ် တွင် အဆိုးရွားဆုံးရင်ဆိုင်နေရ ကြောင်းအမ်းမြို့နယ် ရခိုင်အမျိုးသားပါတီမှ ဦးခင်မောင်ဌေးကပြောသည်။
ရခိုင်ပြည်နယ် သံတွဲမြို့နယ်နှင့် ၁၄မိုင်ခန့်အကွာ ရွှေလှေကျေး ရွာနှင့် အနီးဝန်းကျင်ကျေးရွာ ၁၀ခုခန့် ရေကြီးနစ်မြုပ်နေပြီး အရေးပေါ် အကူအညီများ လိုအပ်နေ ကြောင်း သံတွဲမြို့မိမြို့ဖဦးထွန်း သန့်ကျော်ကပြောသည်။
သံတွဲမြို့နယ် ဒုတိယ မြို့ နယ် အုပ်ချုပ်ရေးမှူးက ‘‘တပ်မ တော်ကရော၊ မီးသတ်ရော၊ ဒေ သခံတွေပါ စုပြီး အရေးပေါ်ဖြစ် လာရင် အကောင်းဆုံး လုပ်နိုင် အောင်အသင့်အနေအထားပြင် ဆင်ထားပါတယ်။ ညနေပိုင်းမိုး ပြန်တိတ်တော့ သက်သာနေ တယ်။ ကယ်ဆယ်ရေးပစ္စည်းတွေ လည်း အသင့်ပြင်ထားပါတယ်’’ ဟု ပြောသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ရရှိသောစာရင်းများအရ သံတွဲမြို့နယ်တွင် ကျေးရွာ ၁၅ ရွာခန့် ရေလွှမ်းမိုးမှုရင်ဆိုင်နေရကြောင်း ယင်းဌာနညွှန်ကြားရေး မှူးတစ်ဦးကပြောသည်။
ဧရာဝတီတိုင်းဒေသကြီးရှိ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ ဟင်္သာတမြို့တို့တွင် မြို့ပေါ်ရပ်ကွက် မြေနိမ့် နေရာများနှင့် ကျေးရွာအချို့ ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေ ကြောင်း ဧရာဝတီတိုင်းဒေသကြီး လူကယ်ပြန် ဌာနမှ သတင်းရရှိ သည်။ ကြံခင်း၊ မြန်အောင်မြို့တို့ တွင် ကျေးရွာချင်းဆက်တံတားအချို့ရေစီးနှင့် မျောပါပျက်စီးခဲ့ သည်။
ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည် နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး မြေနိမ့်နေရာအချို့ရေနစ်မြုပ်နေ ပြီး မိုးဆက်လက် အားကောင်း မည်ဟု မိုးလေ၀သ ပညာရှင်နှင့် မိုး/ဇလကသတိပေးထားသည်။
မိုးလေ၀သ ပညာရှင်ဒေါက် တာထွန်းလွင်က မုတ်သုံလေအား ကောင်းလွန်းနေကာ လက်ရှိရေ လွှမ်းမိုးမှုရင်ဆိုင်နေရသည့် ရခိုင် ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီ တိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းဒေ သကြီးတို့တွင် ရေကြီးမှုအန္တရာယ် အထူး သတိပြုရန် လိုအပ်နေ ကြောင်းသတိပေးထားသည်။
No comments