ကလေးငယ်တွေ ဘာ့ကြောင့်ငိုရတယ်???

 Image result for ကလေး
ကလေးငယ်လေးတွေ ငိုယိုခြင်းဟာ ဆာလောင်လို့၊ နာလို့၊ ကြောက်ရွံ့လို့၊ အိပ်ချင်လို့ စသည်ဖြင့် သူတို့ရဲ့ ဆက်သွယ်လေရေး နည်းလမ်းအဖြစ် အသုံးပြုကြတာ ဖြစ်ပါတယ်။

ဒါကြောင့် မိဘတွေက သူတို့ဘာပြောဖို့ ကြိုးစားနေတယ်ဆိုတာကို သိရှိဖို့လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ စစချင်းမှာတော့ ကလေးငယ်တွေ ငိုယိုတာကို ဘာသာပြန်ဖို့ တော်တော်ခက်ခဲမှာ ဖြစ်ပါတယ်။

ခုဖော်ပြချက်တွေကတော့ ကလေးတွေ ငိုယိုလေ့ရှိတဲ့ အဓိကအကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။ ကလေးက ငိုနေပြီး ဘာလို့ငိုလဲဆိုတာ မသိသေးဘူးဆိုရင် ဒီအောက်ကအချက်တွေနဲ့ စစ်ဆေးကြည့်နိုင်ပါတယ်။
Image result for ကလေး
1.    ဆာလောင်ခြင်း
2. ကလေးသေးခံ ညစ်ပေနေခြင်း
3. အိပ်စက်လိုခြင်း
4. ပွေ့ဖက်ခံလိုခြင်း
5. လေထိုးလေအောင့်၊ အစာမကြေခြင်း
6. လေတက်လိုခြင်း
7. အရမ်းပူလွန်း၊အေးလွန်းခြင်း
8. အရာဝထ္တုသေးသေးလေးတွေကြောင့် နေထိုင်မကောင်းဖြင်း
9. သွားပေါက်ခါနီး သွားဖုံးယားခြင်း
10. အစာ မ၀ခြင်း

ဒီလိုမှ အငိုမတိတ်သေးဘူးဆိုရင်လည်း စိတ်မပူပါနဲ့။ ကလေးငယ်လေးတွေမှာ သူတို့ပြောပြတတ်တဲ့ ဆက်သွယ်ရေးလမ်းကြောင်းက ငိုယိုခြင်းပဲဖြစ်တာမို့ အရမ်းတော်ပါတယ်ဆိုတဲ့ မိဘတွေတောင် အဖြေရှာမရဖြစ်တတ်ကြပါတယ်။

ကလေးက ငိုယိုနေတယ်ဆိုရင်လည်း သူ့ကိုနှစ်သိမ့်ပေးပြီး အငိုတိတ်အောင် ချော့မော့ပေးနိုင်ပါတယ်။ ကလေးငယ်တွေဟာ တစ်ခါတစ်ရံမှာတော့ အကြောင်းပြချက်မရှိ ငိုတတ်ကြတာမို့ပါ။


No comments