Gay Clubထဲက ကြောက်မက်ဖွယ်ရာအကြမ်းဖက်မှု
လူတွေအများကြီးကို ကလပ်တစ်ခုထဲမှာ ပစ်သတ်တဲ့အမှုမျိုးထဲမှာ ဒီအမှုဟာ အမေရိကန်သမိုင်းရဲ့အကြီးဆုံး အမှုဖြစ်ခဲ့ပါတယ်။ လူပေါင်း ၅၀ခန့်အပစ်သတ်ခံခဲ့ရတဲ့အမှုဖြစ်ခဲ့ပါတယ်။ Omar Mateenလို့အမည်ရတဲ့ လူတစ်ယောက်ဟာ
ကလပ်အပြင်ဘက်မှာ စောင့်နေတဲ့ရဲအရာရှိကို သေနတ်နဲ့ပစ်သတ်ပြီး ကလပ်ထဲကိုဝင်သွားခဲ့တာဖြစ်ပါတယ်။
ကလပ်ထဲမှာလည်း တွေ့သမျှလူတိုင်းကိုပစ်သတ်ခဲ့ပါတယ်။ လူသတ်သမားရဲ့ဖခင်ဖြစ်သူ Mir Seddique က သူ့သားဟာလွန်ခဲ့တဲ့ ၂လလောက်က မိုင်ယာမီကမ်းခြေမှာ ယောက်ျား၂ယောက်နမ်းနေတာကိုတွေ့ပြီး ဒေါသထွက်နေကြောင်း
ဆိုခဲ့ပါတယ်။ ဒါဟာ ဘာသာရေးနဲ့ မပက်သက်ကြောင်းလည်း သူကထပ်မံပြောဆိုခဲ့ပါတယ်။
“ကျွန်တော်တို့လည်း ဒီအဖြစ်အပျက်အတွက် အထူးပဲတောင်းပန်ပါတယ်။ သူဘာလုပ်နေလဲ ကျွန်တော်တို့လည်း သတိ
မထားမိပါဘူး။ ကျွန်တော်တို့လည်း တစ်နိုင်ငံလုံးနည်းတူ အံ့သြခဲ့ရပါတယ်။”လို့ဖခင်ဖြစ်သူက ဆက်လက်ပြီးပြောကြားခဲ့
ပါတယ်။
လူသတ်သမားဖြစ်တဲ့ Mateenကတော့ ရဲတွေရဲ့အသေပစ်ခတ်ခြင်းကိုခံခဲ့ရပါတယ်။ Florida Department of Law Enforcement မှာ အလုပ်လုပ်နေတဲ့ Special Agent ဖြစ်တဲ့ Danny Banks ကတော့ ဒါဟာ အကြမ်းဖက်သမား
တွေနဲ့ ဆက်စပ်နေတယ်လို့ ယူဆခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ တကယ်ပဲ သာမန်အဖြစ်အပျက်လား အကြမ်းဖက်မှုလားဆိုတာ ဆက်လက်စုံစမ်းသွားမယ်လို့လည်းဆိုခဲ့ပါတယ်။
ဆီးရီးယားသတင်းအေဂျင်ဆီတစ်ခုဖြစ်တဲ့ Amaq Newsကတော့ ဒါဟာ ISတွေရဲ့လက်ချက်ဖြစ်တယ်လို့ အခိုင်အမာ
ပြောဆိုခဲ့ပါတယ်။ အိုဘားမားကလည်း ဒီအဖြစ်အပျက်ဟာ အကြမ်းဖက်မှု၊ အမုန်းပွားမှု ဖြစ်ပြီး FBI က စုံစမ်းနေတယ်
လို့ ပြည်သူတွေကိုပြောကြားခဲ့ပါတယ်။
အသက်၉၀ပြည့်မွေးနေ့ကျင်းပနေခဲ့တဲ့ အင်္ဂလန်ဘုရင်မကြီးကလည်း “မင်းသားဖီးလစ်နဲ့ ကျွန်မတို့၂ယောက်လုံး အော်လန်ဒိုအဖြစ်အပျက်ကြောင့် အံ့အားသင့်ခဲ့ရပါတယ်။ ကျွန်မတို့ရဲ့ ဆုတောင်းမှုများက ခံစားရသူများနည်းတူရှိနေမှာပါ”လို့
အိုဘားမားဆီကို စာပို့ခဲ့ပါတယ်။
ဒီအဖြစ်အပျက်မှာ လူ၂၀လောက်သေသွားခဲ့ပြီး လူ၄၃ယောက်လောက်ကတော့ ဆေးရုံမှာ အခြေအနေမသိရသေးပါဘူး။

No comments